MPT က ဩဂုတ်လအတွက် ငွေသားဆု သိန်း (၁၀၀) ဆုရှင် (၁၀) ဦး ကို ထုတ်ပြန်ကြေညာ
MPT က “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်မှ ဩဂုတ်လ (ဒုတိယအကြိမ်) အတွက် စုစုပေါင်း သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ငွေသားဆု သိန်း (၁၀၀) ဆုရှင် (၁၀) ဦးကို ဝမ်းမြောက်စွာ ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါကံထူးရှင်များကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။
ဆက်လက်ပြီး စက်တင်ဘာလ (တတိယကြိမ်)တွင် MPT သုံးစွဲသူများအတွက် ကျပ်သိန်း (၁၀၀) ဆု ကံထူးရှင် (၁၀)ဦးနှင့်အတူ အထူးဆု ကျပ် သိန်း(၁,၀၀၀)ဆု (၁)ဆု ကံထူးနိုင်မည့် အခွင့်အရေးများ ကျန်ရှိနေပါသောကြောင့် သုံးစွဲသူများအနေဖြင့် မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် MPT၏ ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသဖြင့်) ဝယ်ယူခြင်းဖြင့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။
ထို့အပြင် MPT သည် “တူတူဆော့မယ် MPT တစ်ဆယ်တစ်ဆယ်” အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ ပါဝင်သူများအနေဖြင့် MPT ၏ တရားဝင် TikTok အကောင့် [MPT Myanmar @mptofficialpage] ကို follow လုပ်ပြီး MPT ၏ တရားဝင် TikTok အကောင့်တွင် ဖော်ပြထားထားသော “တူတူဆော့မယ် MPT တစ်ဆယ်တစ်ဆယ်” ဗီဒီယိုအားအသုံးပြု၍ TikTok duet ပြုလုပ်ပါဝင်ခြင်းဖြင့် ရွှေတစ်မတ်သားဆုကို ကံထူးနိုင်မည်ဖြစ်ပါသည်။ စည်းမျဉ်းစည်းကမ်းများနှင့်အသေးစိတ်အချက်အလက်ကို https://mpt.com.mm/mm/tiktok-mpt1010 ကတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPT သည် သုံးစွဲသူများအား စိတ်ကျေနပ်မှု နှင့် ပျော်ရွှင်မှုအပြည့်အဝပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT ၏ “(၁၀)နှစ်ပြည့်ဝယ်ငွေထုပ်ပိုက်မယ်” အစီအစဉ်နှင့် အထူးပရိုမိုးရှင်းများအကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/mpt-10th-year-promotion/ သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
.
.
.

Comments
Post a Comment