မြန်မာနိုင်ငံနေရာအနှံ့အပြားက ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း ၄၀၀ လှူဒါန်းခဲ့တဲ့ OPPO Myanmar AED

 OPPO Myanmar AED က ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ခိုင်နှင်းဝေ Foundation နဲ့ လက်တွဲကာ ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ လိုအပ်သည့်ပစ္စည်းများ လှူဒါန်းသွားမှာဖြစ်ပြီး ကလော နဲ့ အင်းလေး ဒေသတွေအတွက် ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ စောင်များကို ဆက်လက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။


ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ OPPO က လက်ရှိမြန်မာနိုင်ငံ နေရာအနှံ့အပြား ဖြစ်ပေါ်နေတဲ့ ရေဘေး ဖြစ်စဉ်အတွက် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ပြုလုပ်နိုင်ဖို့ ငွေကျပ် သိန်း ၄၀၀ တန်ဖိုးရှိ ပစ္စည်းများကို ကူညီလှူဒါန်းပေးခဲ့ပါတယ်။

OPPO Myanmar AED က ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ခိုင်နှင်းဝေ Foundation နဲ့ လက်တွဲကာ ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ လိုအပ်သည့်ပစ္စည်းများ လှူဒါန်းသွားမှာဖြစ်ပြီး ကလော နဲ့ အင်းလေး ဒေသတွေအတွက် လိုအပ်လျက်ရှိတဲ့ ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ စောင်များကို ဆက်လက် လှူဒါန်းသွားဦးမှာ ဖြစ်ပါတယ်။

OPPO Myanmar AED ဟာ အရင်တည်းက မြန်မာနိုင်ငံနေရာအနှံ့ ရေတွင်းလှူဒါန်းခြင်း လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေတာ ရေတွင်း ၁၃ တွင်းအထိ ရှိပြီးဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်တာအဖြစ် မြန်မာနိုင်ငံနေရာအနှံ့အပြားက လိုအပ်နေတဲ့နေရာအချို့အတွက် ပါဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ယခု လှူဒါန်းမှုဟာ OPPO Myanmar AED ရဲ့ အလှူဖြစ်သလို OPPO Myanmar ကို အစဉ်အမြဲ မပြတ် အားပေးချစ်ခင်နေကြသူများအားလုံးရဲ့ အလှူအဖြစ်လဲ သတ်မှတ်နိုင်တာ ဖြစ်ပါတယ်။ OPPO Myanmar AED အနေနဲ့ အခုလို ကြုံတွေ့လာရတဲ့ သဘာဝဘေးအန္တရာယ်အတွက်လဲ မြန်မာပြည်သူတွေအတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး ရေဘေးသင့်မြန်မာပြည်သူများအားလုံးအတွက် လိုအပ်တဲ့နေရာတွေမှာ ပါဝင်ကူညီဖို့ အမြဲမပြတ် အသင့်ရှိနေမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအားလုံးလဲ သဘာဝ ရေဘေးအန္တရာယ်ကို ကျော်ဖြတ်နိုင်ဖို့ ဆုတောင်းမေတ္တာများပို့သရင်း ‌OPPO Myanmar AED အနေနဲ့လဲ ရေဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ရေရှည်အဖြစ် တစ်ထောင့်တစ်နေရာက ပါဝင်ကူညီသွားမယ်လို့ ကတိကဝတ်ပြုပါတယ်။

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး