Samsung Myanmar မှ ‌ရေဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စားသောက်ကုန်နှင့် လိုအပ်သည့်ပစ္စည်းများအား ခိုင်နှင်းဝေ Foundation နှင့်လက်တွဲလှုူဒါန်း

 Samsung Myanmar ၏ Love & Care အစီအစဉ်မှ မြန်မာနိုင်ငံတဝန်း ရေဘေးသင့်ဒေသများအတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စားသောက်ကုန်နှင့် လိုအပ်သည့် ပစ္စည်းများအား ခိုင်နှင်းဝေ Foundation နှင့် လက်တွဲလှုူဒါန်းခဲ့သည်။

 

Samsung Myanmar အနေနှင့် တောင်ငူ၊ နေပြည်တော်၊ ပျဉ်းမနားနှင့် ရမည်းသင်း အစရှိသည့် လတ်တလော ရေဘေးဒဏ် ကြီးကြီးမားမားခံစားနေရသည့် ဒေသများသို့ ထိထိရောက်ရောက် ကူညီနိုင်ရန်အတွက် ယခုကဲ့သို့ ခိုင်နှင်းဝေ Foundation နှင့် လက်တွဲလှုူဒါန်းခဲ့ခြင်း ဖြစ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် လက်တွေ့ အသုံးဝင်မည့် အစားအသောက်၊ အဝတ်အထည်နှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများအား အဓိကထား လှုူဒါန်းသွား မည်ဖြစ်သည်။ ထို့အပြင် Samsung Myanmar အဖွဲ့သားများအနေနှင့် လာမည့် ရက်များအတွင်းတွင် ခိုင်နှင်းဝေ Foundation နှင့်အတူ ရေဘေးသင့်ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျလည်း လိုက်လံအားဖြည့်ကူညီသွားမည် ဖြစ်သည်။

 

“အခုလို သဘာဝဘေးအန္တရာယ်ဒဏ် ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့အတွက် ကျွန်မတို့ Samsung Myanmar ရဲ့ Love & Care အစီအစဉ် အနေနဲ့ အခုလို မခိုင်နှင်းဝေနဲ့ လက်တွဲလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung Myanmar အဖွဲ့သားတွေအနေနဲ့လည်း ရေဘေးသင့်ဒေသတွေမှာ ကိုယ်တိုင်ကိုယ်ကျ လိုက်လံအားဖြည့်ကူညီ ပေးသွားဖို့လည်း စီစဉ်ထားပါတယ်” ဟု Samsung Myanmar ၏ Head of Marketing ဖြစ်သူ မမြေးဦးခင်က ပြောကြားခဲ့သည်။

.

.

.




Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး