Samsung မှ Official Mobile Partner အဖြစ် ဝင်ရောက်အားဖြည့်ခဲ့တဲ့ တက္ကသိုလ်ကျောင်းပေါင်းစုံပြိုင်ပွဲကြီး MESL University League 2024

 တက္ကသိုလ်ကျောင်းပေါင်းစုံမှ Esports ဝါသနာရှင်တွေအတွက် MESL မှ ကြီးမှုးကျင်းပတဲ့ တက္ကသိုလ်ကျောင်းပေါင်းစုံပြိုင်ပွဲကြီး MESL University League 2024 ကို ဩဂုတ်လ ၃၁ ရက်နေ့နဲ့ စက်တင်ဘာလ ၁ ရက်နေ့တို့က သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Samsung Myanmar က Official Mobile Partner အနေနဲ့ ပူးပေါင်းပါဝင်အားဖြည့်ခဲ့တဲ့ MESL University League 2024 ပွဲကြီးကို နာမည်ကျော်အဆိုတော်များရဲ့ သီဆိုဖျော်ဖြေမှု၊ Fan Meeting၊ K-pop အကဖျော်ဖြေမှု၊ Prom Night အစီအစဥ် စသဖြင့် အစီအစဥ်ပေါင်းများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနိုင်ခဲ့ပါတယ်။  

အဓိက ပွဲအစီအစဥ်ဖြစ်တဲ့ မိုဘိုင်းဂိမ်းပြိုင်ဆိုင်ခြင်းအတွက် Samsung Myanmar မှ Official Mobile Partner အနေနဲ့ ပါဝင်အားဖြည့်ထားတာ ဖြစ်တဲ့အလျောက် ပြိုင်ပွဲဝင်များ အထစ်အငေါ့မရှိ ဂိမ်းဆော့ကစားနိုင်စေရန် နည်းပညာအဆင့်မြင့် Galaxy Z Fold6 နဲ့ Galaxy S24 Ultra မိုဘိုင်းဖုန်းများကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် Samsung Galaxy Gaming Academy (Campus Series) Booth မှာလည်း လာရောက်လည်ပတ်သူတွေ Galaxy AI နဲ့ မိုဘိုင်းဂိမ်းအတွေ့အကြုံတွေကို စမ်းသပ်နိုင်ရန်အတွက် Galaxy Z Fold6 နှင့် Z Flip6 တို့ကဲ့သို့ နောက်ဆုံးထွက် မိုဘိုင်းဖုန်းများကို စီစဥ်ပေးထားပြီး Booth သို့ လာရောက်လည်ပတ်သူများအတွက် အခြား ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဥ်များကိုလည်း ဖန်တီးပေးထားပါတယ်။  

မြန်ဆန်ချောမွေ့သည့် မိုဘိုင်းဂိမ်းဆော့ကစားခြင်းအတွေ့အကြုံကို ပေးအပ်နိုင်တဲ့ Galaxy Z Fold6၊ Z Flip6 ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Samsung Myanmar Showroom များတွင်ဖြစ်စေ၊ Samsung Myanmar Call Center ကိုဖြစ်စေ၊ Samsung Myanmar Social Media Platform များမှဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ 

.

.

.

.

Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်