UEFA နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ်ရာသီ ၃ ရာသီအတွက် ထပ်မံ သက်တမ်းတိုးဆောင်ရွက်လိုက်တဲ့ OPPO
ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ OPPO က UEFA ပြိုင်ပွဲစဉ်များဖြစ်ကြတဲ့ UEFA Champions League ၊ UEFA Super Cup ၊ UEFA Futsal Champions League ဗိုလ်လုပွဲစဉ်များနှင့် UEFA လူငယ်လိဂ် ဗိုလ်လုပွဲစဉ်များ အစရှိတဲ့ ပွဲစဉ်များစွာပါရှိတဲ့ ဥရောမဘောလုံးအဖွဲ့ချုပ် (UEFA) နဲ့ ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို နောက်ထပ် ရာသီ ၃ ရာသီစာအတွက် ထပ်မံသက်တမ်းတိုးချုပ်ဆိုလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာသီက ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ထားခြင်းအားဖြင့် OPPO အနေနဲ့ ပရိသတ်တွေကို ဘောလုံးပွဲစဉ်တွေနဲ့ ပိုမိုနီးကပ်စေဖို့ ၊ UEFA နဲ့အတူ ပူးပေါင်းကာ ထူးခြားတဲ့ ကြည့်ရှုမှု အတွေ့အကြုံတွေကို ပိုပြီးပေးဆောင်နိုင်ဖို့ စမတ်ဖုန်း ၊ headphone များနှင့် smartwatch တွေမှတဆင့် နောက်ဆုံးပေါ် နည်းပညာတွေကို ဆက်လက်အသုံးချသွားမှာ ဖြစ်ပါတယ်။
ပူးပေါင်းဆောင်ရွက်မှု သက်တမ်းတိုးခြင်းကို ဂုဏ်ပြုကျင်းပခဲ့တဲ့ OPPO နဲ့ UEFA
OPPO မှ UEFA နှင့် တရားဝင် စမတ်ဖုန်းထုတ်ကုန် မိတ်ဖက်အဖြစ် လက်တွဲသက်တမ်းတိုးခြင်းအား ကြေငြာချက်ထုတ်ပြန်ခဲ့ရာတွင် Overseas MKT ၏ ဥက္ကဌ Billy Zhang၊ OPPO မှ အရောင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ UEFA မှ Marketing Director Guy-Laurent Epstein တို့ တက်ရောက်ခဲ့ပါတယ်။ ဒါတင်သာမက ဘောလုံးအကျော်အမော် Iker Casillas Fernández ကလဲ ဒီအခမ်းအနားမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ပရိသတ်များနှင့်တွေ့ဆုံကာ နောက်ဆုံးပေါ် OPPO ထုတ်ကုန်များနှင့် AI နည်းပညာများကို သရုပ်ပြကာ လက်တွေ့အသုံးပြုပြခဲ့ပါတယ်။
OPPO ၏ အရောင်းနှင့် ဝန်ဆောင်မှု၊ Overseas MKT ၏ ဥက္ကဌ ဖြစ်သူ Billy Zhang က “ ကျွန်တော်တို့ UEFA နဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပူးပေါင်းဆောင်ရွက်မှုက မျိုးဆက်အားလုံးရဲ့ ပရိသတ်တွေကို ချိတ်ဆက် လှုံ့ဆော်မှုပေးပြီး ကျွန်တော်တို့ မျှဝေထားတဲ့ တန်ဖိုးတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။ OPPO ရဲ့ ပုံရိပ်ဖော်နိုင်စွမ်းနည်းပညာ နှင့် AI နည်းပညာတွေကို တီထွင်ဆန်းသစ်မှုတွေမှ တစ်ဆင့် ပြိုင်ပွဲ နဲ့ ပိုပြီး နီးစပ်တဲ့ ပရိသတ်တွေကို ချိတ်ဆက်ပေးမှာဖြစ်သလို လာမဲ့ သုံးနှစ်အတွင်း ကျွန်တော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက်ခိုင်မာစေဖို့ ၊ လူငယ်ကစားသမားများအနေနဲ့လဲ ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာ့ဘောလုံး အသိုင်းအဝိုင်းက တစ်ဆင့် ဘောလုံးလောကရဲ့ မှော်ဆန်မှုတွေကို တွေ့ကြုံခံစားနိုင်စေဖို့ ကျွန်တော်တို့အနေနဲ့ အရင်းအမြစ်တွေကို ပိုပြီး မြှုပ်နှံထားဖို့ရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
UEFA ရဲ့ marketing director ဖြစ်သူ Guy-Laurent Epstein ကလဲ “ ပြီးခဲ့တဲ့နှစ်ရာသီအတွင်းမှာ OPPO စမတ်ဖုန်းတွေနဲ့ နည်းပညာတွေဟာ သူတို့ရဲ့အဆင့်မြင့်ပုံရိပ်ဖော်နိုင်စွမ်း နဲ့ AI စွမ်းရည်တွေနဲ့အတူ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေအတွက် UEFA Champions League အတွေ့အကြုံကို မြှင့်တင်ပေးခဲ့ ပါတယ်။ ဒါကြောင့်မို့ ဒီ့ထက်မကသော ပရိသတ်တွေကလဲ ဘောလုံးအပေါ် စိတ်အားထက်သန်လာမှုကို ပိုမို ခံစားနိုင်ပြီး UEFA Champions League ရဲ့ လှုံ့ဆော်မှုကို ခံစားရနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အခုထက်ပိုပြီး တည်ဆောက်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ” လို့ ထပ်လောင်း ပြောကြားခဲ့ ပါတယ်။
မိုဘိုင်းပုံရိပ်ဖော်ခြင်း နှင့် AI နည်းပညာများဖြင့် UEFA Champions League ကို ပိုမို အားကောင်းစေခြင်း
ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ကျွမ်းကျင်ခဲ့တဲ့ မိုဘိုင်းပုံရိပ်ဖော်နည်းပညာနဲ့အတူ OPPO ဟာ ဘောလုံး ပရိသတ်များအတွက် Matchday Phone ကို ဖန်တီးခဲ့ပါတယ်။ ထူးခြားသပ်ရပ်နေတဲ့ Telephoto နဲ့ ညဘက် အလှဓာတ်ပုံနည်းပညာတို့ကို ပေါင်းစပ်ထားခြင်းအားဖြင့် OPPO ရဲ့ စမတ်ဖုန်းတွေဟာ အားကစားကွင်းအတွင်း ပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များကို ဖမ်းယူနိုင်ပြီး ညနေပိုင်းပွဲစဉ်တွေအတွင်း မှာလဲ အရောင်အသွေးစုံလင်ပြီး အသေးစိတ် အချက်အလက်တွေကအစ တိကျကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို မှတ်တမ်းတင်ရယူနိုင်မှာဖြစ်ပါတယ်။
ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ စိတ်လှုပ်ရှားမှုကို ပရိသတ်တွေနဲ့အနီးဆုံးအထိ ယူဆောင်လာနိုင်ရန်အတွက် မိတ်ဖက်ဆိုင်ရာအဖြစ် သက်တမ်းတိုးဆောင်ရွက်တဲ့ ဂုဏ်ပြုပွဲမှာ နောက်ဆုံးပေါ် OPPO AI Studio အင်္ဂါရပ်ကို သရုပ်ပြဖို့အတွက် ဘောလုံးအကျော်အမော် Iker Casillas Fernández ကိုလဲ OPPO မှ ဖိတ်ကြားခဲ့ပါတယ်။ လာမဲ့ ရာသီ ၃ ရာသီမှာလဲ OPPO က AI နည်းပညာ နဲ့ AI Studio ၊ AI Eraser ကဲ့သို့ မျိုးဆက်သစ် AI အင်္ဂါရပ်များမှာ ဆန်းသစ်တီထွင်မှုများပြုလုပ်ရင်း ဘောလုံးအားကစားကို ထိတွေ့နိုင်မဲ့ အခွင့်အရေးအဖြစ် ပရိသတ် တွေနဲ့ အပြန်အလှန်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားမည်မှာ ဖြစ်ပါတယ်။
OPPO က ဆက်လက်လုပ်ဆောင်သွားမဲ့ အားကစား ပရဟိတလုပ်ငန်းများ
လာမဲ့ ဘောလုံးရာသီများမှာ OPPO က စပိန်၊ မက္ကဆီကို၊ အီဂျစ်နှင့် တရုတ်နိုင်ငံတို့အပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူငယ်ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များစွာကို စတင်ဆောင်ရွက်ခြင်းဖြင့် ဘောလုံးလောကအတွက် သက်သေထူထားတဲ့ ကတိကဝတ်ကို ကမ္ဘာတစ်ဝှမ်း သက်တမ်းတိုးသွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်လာမဲ့ အစီအစဉ်များမှတစ်ဆင့် OPPO နဲ့ UEFA တို့ဟာ လူငယ်ဘောလုံးသမားများ နဲ့ ရပ်ရွာဘောလုံးအသင်းတွေရဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ အိပ်မက်ခရီးလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် အကူအညီအဖြစ်ရပ်တည်ပေးနိုင်မဲ့ အရင်းအမြစ်များ နဲ့ ပံ့ပိုးမှုများကိုလဲ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်တာ ပူးပေါင်းဆောင်ရွက်မှုအတွင်းမှာဆိုရင် OPPO က အစွမ်းထက်သော ပုံရိပ်ဖော် နည်းပညာကို အသုံးပြုပြီး UEFA Champions League မှ မရေမတွက်နိုင်တဲ့ အခိုက်အတန့်ကောင်းများစွာကို မှတ်တမ်းတင်နိုင်ကာ ဂုဏ်ပြုပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အခု အသစ်အနေနဲ့ ထပ်မံပူးပေါင်းဆောင်ရွက်မှု အောက်မှာ OPPO က ပရိသတ်တွေအနေနဲ့ ဘောလုံးပွဲတွေကို ပိုမိုခံစားတွေ့ကြုံလာနိုင်မဲ့ အခွင့်အလမ်းတွေ ရရှိလာပြီး OPPO ရဲ့ နည်းပညာတွေက UEFA ပြိုင်ပွဲတွေရဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို ပိုပြီး တိုးမြင့်လာအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို OPPO က UEFA နဲ့ အတူ လာမဲ့ ရာသီ ၃ ရာသီ မှာ အနီးကပ်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
OPPO က UEFA Champions League နဲ့ မိတ်ဖက်အဖြစ် လက်တွဲဆောင်ရွက်ပြီး ကမ္ဘာတစ်လွှားက ပရိသတ်များစွာကို ရင်ခုန်မှုတွေနဲ့ပြည့်နှက်နေတဲ့ ကမ္ဘာ့ထိပ်တန်းဘောလုံးပြိုင်ပွဲကြီးနဲ့ အနီးဆုံးအထိ ခေါ်ဆောင်လာခဲ့ပြီးဖြစ်ပါတယ်။
OPPO အကြောင်း
OPPO သည် ကမ္ဘာ့ထိပ်တန်း Smart Device အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏ ပထမဆုံး မိုဘိုင်းလ်ဖုန်း ဖြစ်သည့် “Smiley Face” ကို ၂၀၀၈ ခုနှစ်တွင် စတင်ရောင်းချချိန်မှ စ၍ OPPO သည် လှပကြော့ရှင်းသည့် ဒီဇိုင်းများနှင့် ဆန်းသစ်သည့် နည်းပညာများ၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ပေးစွမ်းနိုင်ရန် အမြဲကြိုးစားလျက်ရှိသည်။ ယနေ့တွင် OPPO သည် Find series နှင့် Reno series များကို ဦးဆောင်တီထွင် ထုတ်လုပ်နေသည်သာမက အခြားသော Smart Devices များစွာကိုလည်း ဖန်တီးထုတ်လုပ်ပေးလျက် ရှိသည်။ Smart Devices များ အပြင် OPPO သည် ၎င်း၏ အသုံးပြုသူများအတွက် ColorOS လည်ပတ်မှုစနစ်နှင့် အင်တာနက် ဝန်ဆောင်မှုများကို တပ်ဆင်ပေးလျက်ရှိသည်။ OPPO သည် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ကျော်တွင် ဝန်ထမ်း ၄၀,၀၀၀ ကျော်ဖြင့် လည်ပတ်နေပြီး ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဘဝများ ဖန်တီးပေးနိုင်ရန် အားထုတ် ကြိုးပမ်းလျက်ရှိသည်။
Comments
Post a Comment