TikTok က မြန်မာအသုံးပြုသူအသိုက်အဝန်းအတွက် ပိုမိုလုံခြုံသော အတွေ့အကြုံကို ရရှိရန် တည်ဆောက်ပေးလျက်ရှိ
တီထွင်ဖန်တီးနိုင်မှု ထွန်းကားသည့် ပလက်ဖောင်းတစ်ခုအနေဖြင့် TikTok သည် ဘေးကင်းလုံခြုံပြီး ပံ့ပိုးကူညီမှု ရရှိကာ အပြုသဘောဆောင်သော နေရာတစ်ခုအဖြစ် မြန်မာနိုင်ငံရှိ သုံးစွဲသူတိုင်း ခံစားရရှိစေရေးအတွက် လေးနက်စွာ ကတိက၀တ်ပြုထားပါသည်။ ထို့ကြောင့် မြန်မာအသိုင်းအ၀ိုင်းမှ အသုံးပြုနိုင်သည့် မရှိမဖြစ် လိုအပ်သော ဘေးကင်းရေးဆိုင်ရာ Feature အချို့ကို ဖော်ပြပေးသွားမည်ဖြစ်ပြီး သုံးစွဲသူများကို တာဝန်သိစွာ အသုံးပြုတတ်အောင် အားပေးရင်း ကိုယ်စိတ်ကျန်းမာရေးကို အကာအကွယ်ပေးသည့် Tools များပါ၀င်မည်ဖြစ်သည်။ ၁။ မိသားစုချိတ်ဆက်ခြင်း (Family Pairing) Family Pairing Feature သည် မိဘများ၏ အကောင့်များကို ၎င်းတို့၏ ဆယ်ကျော်သက်များ၏ TikTok အကောင့်များနှင့် ချိတ်ဆက်ခြင်းဖြင့် အကျိုးရှိသော ထိန်းချုပ်မှုများကို လုပ်ဆောင်နိုင်ရန် ကူညီပေးပါသည်။ ၎င်း Feature ဖြင့် မိဘများသည် နေ့စဥ်ဖုန်းသုံးချိန်ကို စီမံခန့်ခွဲခြင်း၊ မသင့်လျော်နိုင်သော အကြောင်းအရာများကို စစ်ထုတ်ခြင်းနှင့် တိုက်ရိုက်စာပေးပို့ခြင်းဆိုင်ရာဆက်တင်များ စသည်တို့ကို ချိန်ညှိနိုင်ပါသည်။ အထူးသဖြင့် အသက်ငယ်သော အသုံးပြုသူများအတွက် ဘေးကင်းလုံခြုံသော TikTok အတွေ့အကြုံရရှိအော...