အာဆီယံဒေသတွင်းရှိ MSMEs လုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုနှင့် ပါဝင်မှု အားကောင်းလာစေရန် ပံ့ပိုးမြှင့်တင်ပေးခြင်း

 ယနေ့ခေတ် စီးပွားရေးအခင်းအကျင်းတွင် ဒစ်ဂျစ်တယ်နည်းပညာကို အောင်အောင်မြင်မြင် အသုံးချနိုင်ခြင်းသည် အာဆီယံရှိ စီးပွားရေးလုပ်ငန်း အရွယ်အစားအမျိုးမျိုးအတွက် အရေးကြီးလာပါသည်။

MSMEs (အသေးစား၊အငယ်စားနှင့်အလတ်စားလုပ်ငန်းများ) သည် ကမ္ဘာ့စီးပွားရေး၏ ကျောရိုးဖြစ်ပြီး အာဆီယံ၏ စီးပွားရေးအခင်းအကျင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကာ စီးပွားရေးကဏ္ဍ၏ ၉၀ရာခိုင်နှုန်းကျော်၊ လုပ်သားအင်အား၏ ၆၇ရာခိုင်နှုန်းကို အလုပ်ပေးလျက်ရှိကာ နိုင်ငံ၏ GDP (ပြည်တွင်းစုစုပေါင်းထုတ်ကုန်)၏ ၄၀ရာခိုင်နှုန်းကျော်အထိ ပါဝင်ကူညီဆောင်ရွက်လျက်ရှိပါသည်။ ဒစ်ဂျစ်တယ်ပလပ်ဖောင်းများနှင့် ခေတ်မီဆန်းသစ်သော ကိရိယာများကို သုံးစွဲနိုင်ခြင်းဖြင့် MSME များသည် သုံးစွဲသူများနှင့် ထိတွေ့ ဆက်ဆံမှုကို မြှင့်တင်ရန်၊ ၎င်းတို့၏ Storytelling ကို အားကောင်းလာစေရန်နှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းရလဒ်များကို ရရှိရန် အထောက်အပံ့ကောင်းတစ်ခု ဖြစ်နိုင်ပြီး ၎င်းတို့၏ ဒစ်ဂျစ်တယ်အစပျိုးမှုများအတွက် မဟာဗျူဟာမြောက် ချဉ်းကပ်မှု၏ အရေးပါမှုကို အလေးပေး ဖော်ပြနေပါသည်။

အရှေ့တောင် အာရှတစ်ဝန်းရှိ လုပ်ငန်းပေါင်း ၁၅ သန်းကျော်သည် TikTok ပေါ်တွင် ရှိနေပြီး အများစုမှာ ပြည်တွင်းဖြစ် လုပ်ငန်းများဖြစ်ကြပါသည်။ ယခုနှစ် လာအိုတွင် ကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး 2024 တွင် 'Agriculture to Digital' ဟူသော ဆောင်ပုဒ်ဖြင့် ဒေသတွင်းမှ MSME ကုန်သည်များသည် TikTok Shop မှ တစ်ဆင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း အတွေ့အကြုံများကို မျှဝေခဲ့ကြပါသည်။

လွန်ခဲ့သည့်နှစ်မှစတင်ကာ TikTok သည် ကျွမ်းကျင်မှုဆိုင်ရာ အစီအစဉ်များ၊ ပညာရေးဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ပြည်တွင်းထုတ်ကုန်များကို မြှင့်တင်သည့် ကမ်ပိန်းများမှ တစ်ဆင့် MSME များ၏ ဒစ်ဂျစ်တယ်စီးပွားရေးကို ပံ့ပိုးပေးလျှက် ရှိပါသည်။


အင်ဒိုနီးရှားနိုင်ငံတွင် Tokopedia နှင့် ShopTokopedia တို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် 'Beli Lokal' (Buy Local) ဟု ခေါ်သော အဓိက ပူးတွဲလုပ်ဆောင်မှုတစ်ရပ်ကို စတင်ခဲ့ပါသည်။ ထို့အပြင် TikTok သည် အင်ဒိုနီးရှား၏ ခရီးသွားလာရေးနှင့် ခေတ်မီဆန်းသစ်သည့် စီးပွားရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းကာ TikTok Jalin Nusantara အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ၎င်းတွင် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းလည်း ပါ၀င်ပြီး မြို့ကြီးနှင့်ရွာ ၁၉ ခုတွင် အင်တာနက်ချိတ်ဆက်မှုကို တိုးချဲ့ခဲ့ပါသည်။


TikTok သည် MSME များကို စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရန်အတွက် မလေးရှားရှိ အစိုးရအဖွဲ့အစည်းအများအပြားနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ TikTok Shop တွင် ရရှိနိုင်သော မတူကွဲပြားသော မလေးရှားအမှတ်တံဆိပ်များနှင့် ထုတ်ကုန်များကို ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်သည့် #JOMLokal ကိုလည်း စတင်ခဲ့ပါသည်။


ထို့အပြင် ဖိလစ်ပိုင်နိုင်ငံတွင် MSMEs များနှင့် ပြည်တွင်းဖြစ်ကုန်အမှတ်တံဆိပ်များနှင့် လုပ်ငန်းများကို အက်ပ်အတွင်းတွင် ထည့်သွင်းရန် ရည်ရွယ်ထားသည့် Buy Local Shop Local Campaign သည် ပြည်တွင်းရောင်းချသူ တစ်ထောင်ကျော်နှင့် ဒေသထွက်ကုန် သုံးသိန်း သုံးသောင်း ကျော်ကို အရောင်းမြှင့်တင်ပေးထားပါသည်။ MSME များ ၎င်းတို့၏ လုပ်ငန်းကြီးထွားရန်နှင့် ချဲ့ထွင်ရန်အတွက် TikTok Shop ကို အသုံးပြုနိုင်ရန် ကုန်သွယ်မှုနှင့်စက်မှုဌာန (DTI) နှင့်အတူ ပြည့်စုံသော Masterclass များကိုလည်း ဖွင့်လှစ်ထားပါသည်။



ထိုင်းနိုင်ငံတွင် TikTok သည် One Tambon One Product အစီအစဉ်တွင် ကုန်သည် ၁,၅၀၀ ကျော် ပါဝင်နိုင်ရန် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးဌာန (CDC) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ MSME ပေါင်း ခုနစ်ထောင်ကိုလည်း ဒစ်ဂျစ်တယ်သင်တန်းများပေးကာ TikTok Shop ပလပ်ဖောင်းကို အသုံးပြုရာတွင် ကူညီပေးရန်အတွက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဌာန (DBD) နှင့်လည်း လုပ်ဆောင်လျက်ရှိပါသည်။

One Commune One Product အစီအစဉ်မှ တစ်ဆင့် ပြည်နယ်ပေါင်း ၃၀ မှ ကျေးလက်တောင်သူ သုံးထောင်ကျော်ကို စွမ်းရည်မြှင့်တင်ရန်နှင့် လေ့ကျင့်ပေးရန်အတွက် TikTok မှ ဗီယက်နမ်နိုင်ငံရှိ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ၎င်းတို့၏ ဒေသဆိုင်ရာ အထူးထွက်ကုန်များကို နိုင်ငံအနှံ့ရှိ ပရိသတ်များကို ပြသနိုင်ခဲ့ပါသည်။


ထို့အပြင် TikTok သည် ပညာသင်ကြားခွင့်ကို ချဲ့ထွင်ကာ ဒစ်ဂျစ်တယ်ခေတ်အတွက် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုများကို လူငယ်များ တတ်မြောက်နိုင်အောင် ဖြည့်ဆည်းပေးလျက်ရှိသည်။ အာဆီယံဖောင်ဒေးရှင်းနှင့်လည်း လက်တွဲဆောင်ရွက်လျက်ရှိပြီး လူငယ်စွန့်ဦးတီထွင်မှုမြှင့်တင်ရန်နှင့် ဒေသတွင်းတိုးတက်မှုကို တွန်းအားပေးသည့် ပံ့ပိုးကူညီသောအသိုက်အဝန်းများ တည်ဆောက်ပေးနေပါသည်။

တီထွင်ဖန်တီးနိုင်စွမ်းကို အတုယူရန်နှင့် ပျော်ရွှင်မှုကို ဆောင်ကြဉ်းရန်ဆိုသည့် TikTok ၏ ရည်ရွယ်ချက်သည် လွန်ခဲ့သည့် ၇ နှစ်က အရှေ့တောင်အာရှတွင် ပလပ်ဖောင်းကို စတင်မိတ်ဆက်အသုံးပြုချိန်မှစကာ ယနေ့အချိန်ထိ မပြောင်းလဲသေးပါ။ TikTok သည် အနာဂတ်တွင်လည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားကောင်းစေရန်၊ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု ပညာသင်ကြားခွင့်ကို ချဲ့ထွင်ရန်နှင့် စွန့်ဦးတီထွင်ဖန်တီးမှုဆိုင်ရာ လုံခြုံသောအသိုက်အဝန်းကို ဖန်တီးရန် ဆက်လက် အာရုံစူးစိုက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

.

,

.

.

 

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ