Samsung Myanmar မှ မြင်သာမြို့ဦး ဘုန်းတော်ကြီးပညာသင်ကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများအား လှုူဒါန်း

 Samsung Myanmar Love & Care အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Samsung တီဗီ၊ စမတ်ဖုန်းနှင့် Tablet များအပြင် ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာ၊ မုန့်နှင့်အအေးတို့အား မြင်သာမြို့ဦး ဘုန်းတော်ကြီး ပညာသင်ကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သွားရောက်လှုူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းမှုအခမ်းအနားအား Samsung Myanmar အဖွဲ့သားများနှင့်အတူ နိုင်ငံကျော် အနုပညာရှင် မေတိုးခိုင်လည်း တက်ရောက်ခဲ့ပြီး ဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရင်းနှီးပျော်ရွှင်စွာ အမှတ်တရများကို ဖန်တီးခဲ့ကြသည်။ ထို့နောက်တွင်မှ Samsung Myanmar အဖွဲ့သားများမှ ကျောင်းသား၊ ကျောင်းသူများအတွက် နေ့လည်စာများကို လှူဒါန်းကျွေးမွေးခဲ့ကြသည်။

Samsung Myanmar သည် Love & Care အစီအစဉ်မှတဆင့် လှုမှုအသိုင်းအဝိုင်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ရင် ပံ့ပိုးကူညီမှုများအား စဉ်ဆက်မပြတ် လုပ်ဆောင်လာသည်မှာ ၈ နှစ်တိုင်တိုင် ရှိပြီဖြစ်သည်။ ယခုနှစ်တွင်မူ Samsung ထုတ်ကုန်များဖြင့် သင်ကြားရေးအထောက်အကူပြုစေနိုင်မည့် နေရာများသို့ ရွေးချယ်လှူဒါန်းကြခြင်းဖြစ်ပြီး စုစုပေါင်း ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ Samsung ထုတ်ကုန်များကို လှုဒါန်းပေးသွားမည်ဖြစ်ပါသည်။

.

.

.

Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး