Samsung Myanmar မှ မြန်မာပြည် ချစ်ခြင်းမေတ္တာ လူငယ်ဖွံ့ဖြိုးရေး‌ ပရဟိတဂေဟာ (Myanmar Agape Orphanage) အတွက် ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများအား လှုူဒါန်း

 Samsung Myanmar သည် နှစ်စဉ်ကျင်းပပြုလုပ်နေကြ လူမှုအကျိုးပြုအစီအစဉ်တစ်ရပ်ဖြစ်သော Love & Care အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာရှိ မြန်မာပြည် ချစ်ခြင်းမေတ္တာလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ (Myanmar Agape Orphanage) သို့ ကျပ်သိန်း ၄၀၀ တန်ဖိုးရှိ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Samsung တီဗီ၊ စမတ်ဖုန်းနှင့် Tablet များအား နိုဝင်ဘာ ၁၂ ရက်တွင် သွားရောက်လှုူဒါန်းခဲ့သည်။

 

အဆိုပါ လှူဒါန်းမှုအခမ်းအနားအား Samsung Myanmar အဖွဲ့သားများနှင့်အတူ နိုင်ငံကျော် အနုပညာရှင် ပန်းရောင်ခြယ်တို့ တက်ရောက်ခဲ့ကြပြီး လှူဒါန်းမှုများပြုလုပ်မှုအပြီးတွင် ပန်းရောင်ခြယ်မှ ဂေဟာရှိကလေးငယ်များနှင့်အတူ တေးသီချင်းသီဆိုမှုများ၊ ဂိမ်းဆော့ကစားမှုများကို ရင်းနှီးပျော်ရွှင်စွာ လုပ်ဆောင်ခဲ့ကြသည့်။ ထို့နောက်တွင်မှ Samsung Myanmar အဖွဲ့သားများသည် ကလေးငယ်များကို နေ့လည်စာများလည်း လှူဒါန်းကျွေးမွေးခဲ့ကြသည်။

 

Samsung Myanmar သည် Love & Care အစီအစဉ်မှတဆင့် လှုမှုအသိုင်းအဝိုင်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ရင် ပံ့ပိုးကူညီမှုများအား စဉ်ဆက်မပြတ် လုပ်ဆောင်လာသည်မှာ ၈ နှစ်တိုင်တိုင် ရှိပြီဖြစ်သည်။ ယနေ့လှူဒါန်းမှုအပြင် အခြားသော ပရဟိတဂေဟာများ၊ လူမှုအကျိုးပြုစင်တာများသို့လည်း လှူဒါန်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ယခုနှစ်အတွက် စုစုပေါင်း ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ Samsung ထုတ်ကုန်များကို လှုဒါန်းပေးသွားမည်ဖြစ်ပါသည်။

Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး