BTS အဖွဲ့၀င် Jin ၏ အယ်လ်ဘမ်အသစ်ကို ဂုဏ်ပြုရန်အတွက် TikTok မှ #HappyProject ကို မိတ်ဆက်

 နို၀င်ဘာလ ၁၅ရက်နေ့က ကမ္ဘာတစ်ဝှမ်းတွင် ဖြန့်ချိခဲ့သည့် ၂၁ရာစု၏ ပေါ့ပ်အိုင်ကွန်ဖြစ်သည့် BTS အဖွဲ့၀င် Jin ၏ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် Happy ကို ဂုဏ်ပြုရန်အတွက် TikTok သည် Jin နှင့်အတူ ပူးပေါင်းပြီး multimedia ကမ်ပိန်းအသစ်ဖြစ်သည့် #HappyProject ကို မိတ်ဆက်ခဲ့ပါသည်။ သီချင်းများရှာဖွေတွေ့ရှိမှုအတွက် ထိပ်တန်းပလက်ဖောင်းတစ်ခုဖြစ်သည့် TikTok ၏ immersive hub အသစ်သည် ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများနှင့် ပရိသတ်များ အပြန်အလှန်တွေ့ဆုံဆက်ဆံနိုင်ပြီး TikTok အက်ပ်အတွင်း၌သာရရှိနိုင်သည့် အထူးသီးသန့်အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုခွင့်ပေးထားသည်။


#HappyProject ကမ်ပိန်းတွင် Jin ၏ အသစ်ထွက်ရှိမည့်အယ်လ်ဘမ်ကို ဂုဏ်ပြုရင်း ကြည့်ရှုခံစားနိုင်မည့် အထူးသီးသန့်အတွေ့အကြုံအသစ်များစွာပါဝင်သည်။


  • TikTok တွင် 'Jin' သို့မဟုတ် 'BTS' ကို ရှာဖွေခြင်းဖြင့်တွေ့ရှိနိုင်သည့် Happy ထွက်ရှိမှုကို ဂုဏ်ပြုရန် စိတ်လှုပ်ရှားဖွယ်ရာ အက်ပ်အတွင်းအတွေ့အကြုံအသစ်
  • ပရိသတ်များအား အချိန်အကန့်အသတ်ရှိသော အထူးသီးသန့် ပရိုဖိုင် frame ကို လော့ခ်ဖွင့်ပေးမည့် မစ်ရှင်များ
  • Running Wild ကို အသုံးပြု၍ J-hope နှင့်အတူ အက challenge ပြုလုပ်နိုင်မည့် ဗီဒီယို အပါအဝင် အထူးသီးသန့်ဗီဒီယိုများ
  • BTS ကို follow လုပ်ပြီး နိုဝင်ဘာ ၁၉ ရက် မြန်မာစံတော်ချိန် ညနေ ၆နာရီခွဲ တွင် ကြည့်ရှုနိုင်မည့် Jin နှင့် သီးသန့်အင်တာဗျူး တိုက်ရိုက်ထုတ်လွှင့်မှု
  • သီးသန့်ဗီဒီယိုများတွင် 'Happy' ဟု ကွန်းမန့်ပေးသည့် ပရိသတ်များအတွက် အံ့အားသင့်စရာ surprise များ စသည့် အတွေ့အကြုံများစွာကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။

"အားလုံးကို TikTok ကတစ်ဆင့် ထပ်ပြီးနှုတ်ဆက်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ကျွန်တော့်အယ်လ်ဘမ် 'Happy' က လူတွေကို တတ်နိုင်သလောက် ပျော်ရွှင်မှုတွေ ယူဆောင်လာပေးဖို့ ရည်ရွယ်ပြီး ဖန်တီးထားတာဖြစ်လို့ ဒီအခွေကို နားထောင်သူတိုင်း ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ်။ ပျော်ရွှင်မှုဆိုတာ ကျွန်တော့်အတွက် ဘာအဓိပ္ပာယ်ရှိလဲဆိုတဲ့ ရိုးသားတဲ့ တွေးခေါ်မှုတွေထင်ဟပ်နေတဲ့ အယ်လ်ဘမ်တစ်ခုဖြစ်ပါတယ်"ဟု Jin က ပြောသည်။


လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော်က ပွဲဦးထွက်ချိန်ကတည်းက BTS (@bts_official_bighit) သည် ၂၁ရာစု ပေါ့ပ်အိုင်ကွန်များအဖြစ် ရပ်တည်နေခဲ့ပြီး မရေမတွက်နိုင်သော ကမ္ဘာ့စံချိန်များကို ချိုးဖျက်ကာ TikTok တွင် စတုတ္ထမြောက် အကြီးဆုံးအနုပညာရှင်အကောင့်ဖြစ်လာခဲ့သည်။ အဖွဲ့သည် follower ၆၆.၉ သန်းကျော်ရရှိထားပြီး ၎င်းတို့၏တရားဝင် fandom ARMY ထံမှ Like ပေါင်း ၁.၄ ဘီလီယံ ရရှိထားသည်။


K-Pop အနုပညာရှင်များသည် ၂၀၂၃ ခုနှစ်တွင် ကြည့်ရှုမှုအများဆုံးကမ္ဘာ့အနုပညာရှင်များ၏ ၅၀% အထိပါဝင်ပြီး K-Popသည် TikTok တွင် တိုးတက်မှုအမြန်ဆုံး genre တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ #kpop hashtag တွင် ပို့စ်ပေါင်း ၆၂.၄ သန်းကို ဖန်တီးထားရှိပြီး ဗီဒီယိုကြည့်ရှုမှုပေါင်း ၆၆၂ဘီလီယံ ရှိသည်။


#jin နှင့် ဆက်စပ်သည့် hashtag များကို ပို့စ်ပေါင်း ၁၃.၂ သန်းတွင် အသုံးပြုထားပြီး ဗီဒီယိုကြည့်ရှုမှုပေါင်း ၉၅ဘီလီယံ ရရှိထားပြီဖြစ်ပါသည်။

.

.

.

Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး