သုံးစွဲမှု အတွေ့အကြုံအသစ်ကို ပေးစွမ်းမဲ့ ColorOS 15 နဲ့အတူ OPPO Flagship Series တစ်ခုကို စမ်းသပ်လေ့လာခွင့်ရရှိခဲ့ကြတဲ့ OPPO Find X8 Series Private Event

 ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ OPPO က နိုင်ငံတကာမှာ ရောင်းချခဲ့ပြီးဖြစ်တဲ့ Flagship Series ထုတ်ကုန်အသစ် OPPO Find X8 Series ဟာ ကမ္ဘာတစ်ဝန်းမှာ ရေပန်းစားနေသလို မြန်မာနိုင်ငံမှာလဲ နည်းပညာချစ်သူများအကြား နာမည်ကြီးနေတာကြောင့် နည်းပညာပိုင်းဆိုင်ရာက Tech Media ၊ Tech Reviewer များ လက်တွေ့စမ်းသပ်အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ၁၂.၁၂.၂၀၂၄ ရက်နေ့က OPPO Find X8 Series Private Event ဆိုတဲ့ ခေါင်းစဉ်နဲ့ အထူးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲမှာ OPPO Find X8 Series နဲ့ ပတ်သက်တဲ့အကြောင်းအရာများနဲ့အတူ OPPO ရဲ့ ထပ်မံ အဆင့်မြှင့်တင်လိုက်တဲ့ အကောင်းဆုံးသော နည်းပညာများအကြောင်း အသေးစိတ်ရှင်းပြပြောကြားခဲ့ပါတယ်။

OPPO Find X8 Series Private Event မှာ Tech Media များနဲ့ Tech Reviewer တွေအနေနဲ့လဲ OPPO Find X8 Series တွေကို လက်တွေ့စမ်းသပ်ခဲ့ကြပါတယ်။ ဒါတင်သာမက OPPO Find X8 Series နဲ့ ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာတွေအပြင် OPPO Find X8 Series ကနေ စတင်ပါဝင်လာတဲ့ ColorOS 15 နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသေးစိတ် ဝေမျှခဲ့ပါတယ်။ အချောမွေ့ဆုံး သုံးစွဲမှုအတွေ့အကြုံတွေနဲ့အတူ အသစ်အဆန်းကို ကြိုက်နှစ်သက်တဲ့ သုံးစွဲသူတွေအတွက် အထူး ပြုပြင် ပြောင်းလဲကာ အဆင့်မြှင့်တင်လိုက်တဲ့ ColorOS 15 နဲ့အတူ အထူးကောင်းမွန်တဲ့ Camera ဟာဆိုရင် OPPO Find X8 Series မှာ လူကြိုက်အများဆုံးဖြစ် နဲ့ ရေပန်းအစားဆုံး လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ နောင်နှစ်တွေမှာ OPPO Find X8 Series လိုမျိုး Flagship Series ထုတ်ကုန်တွေနဲ့အတူ ထူးခြားပြောင်မြောက်လှတဲ့ OPPO ရဲ့ ထိပ်တန်းနည်းပညာပါဝင်တဲ့ ထုတ်ကုန်တွေအနေနဲ့လဲ မြန်မာနိုင်ငံဈေးကွက်နဲ့ မိတ်ဆက်ထိတွေ့ခွင့်ရရှိစေနိုင်ဖို့အတွက် သုံးစွဲသူတွေအနေနဲ့ ဆက်လက်စောင့်မျှော် ကြည့်ရှုနိုင်ပါတယ်။


OPPO Myanmar နှင့်ပတ်သက်တဲ့အကြောင်းအရာများကို အသေးစိတ် သိရှိလိုပါက OPPO Myanmar Official Facebook Page - https://bit.ly/3BwNQdJ ၊ Website - http://bit.ly/4dx4nfA ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram - https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

.

.

.


Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်