MPT က နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအား ကံထူးလက်ဆောင်များ ရရှိနိုင်မည့် “Lucky Pack” ပရိုမိုးရှင်းအစီအစဉ်ကို စတင်မိတ်ဆက်

 မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် တန်ဖိုးထားရသော သုံးစွဲသူများ၏ လိုအပ်ချက်နှင့်အညီ မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်သည့် ‌ဒေတာပက်ကေ့ချ်အသစ် “Lucky Pack” ပရိုမိုးရှင်း အစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါ “Lucky Pack” ပရိုမိုးရှင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက် မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်အထိ ဝယ်ယူရရှိအသုံးပြုနိုင်မည် ဖြစ်ပါသည်။

သုံးစွဲသူများသည် “Lucky Pack” ပရိုမိုးရှင်းတွင် အခြားသော ခံစားခွင့်များနှင့်အတူ ဒေတာပမာဏ 500 MB ပါဝင်သော Lucky Pack-1 ကို (၁,၉၈၀) ကျပ် နှင့် ဒေတာပမာဏ 250 MB ပါဝင်သော Lucky Pack-2 ကို (၉၉၀) ကျပ်ဖြင့် မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါသည်။ “Lucky Pack” ပရိုမိုးရှင်းဖြင့် သုံးစွဲသူများသည် ရရှိသည့် ဒေတာများကို အသုံးပြုကာ မိမိတို့၏ ချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ် ရှိစေနိုင်မည့် အပြင် MPT4U အက်ပလီကေးရှင်းနှင့် USSD တို့မှ တစ်ဆင့် မိမိတို့ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို ချစ်ခင်ရသူများအား လက်ဆောင်အဖြစ်လည်း ပေးအပ်နိုင်မည် ဖြစ်ပါသည်။

MPT သုံးစွဲသူတိုင်း “Lucky Pack” ပရိုမိုးရှင်းအစီအစဉ်ကို မိမိကြိုက်နှစ်သက်ရာနည်းလမ်းမှတစ်ဆင့် ဝယ်ယူသုံးစွဲနိုင်မည် ဖြစ်ပြီး အဆိုပါပရိုမိုးရှင်းအစီအစဉ်တွင်ပါဝင်ခြင်းဖြင့် “ကံထူးလက်ဆောင်များ” ဖြစ်သည့် ဒေတာ၊ ဖုန်းပြောမိနစ်နှင့် ပြန်အမ်းငွေများကို ချက်ချင်းကံထူးရရှိနိုင်မည် ဖြစ်ပါသည်။ “Lucky Pack” ပရိုမိုးရှင်းအစီအစဉ်၏ အသေးစိတ်အချက်အလက်များကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။



MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “အခုလို အသုံးစရိတ် စိစစ်သုံးစွဲနေကြတဲ့အချိန်မှာ ကျွန်တော်တို့ သုံးစွဲသူတွေရဲ့ကွဲပြားတဲ့လိုအပ်ချက်နဲ့ကိုက်ညီဖို့ ဆောင်ရွက်တဲ့ ပရိုမိုးရှင်းဒေတာပက်ကေ့ချ်အသစ် “Lucky Pack” ကို စတင်မိတ်ဆက်လိုက်ရတဲ့အတွက် ဝမ်းသာ ပီတိ ဖြစ်ရ ပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဒီပက်ကေ့ချ်ကနေ “Hti Pauk” ကစားခွင့် အခွင့်အရေးအပါအဝင် အထူး ကံထူးလက်ဆောင်တွေကို ရရှိခံစားကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီကတစ်ဆင့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်မှာလည်း ငွေသားဆုလက်ဆောင် ဆုကြီးတွေအတွက် ကံထူးခွင့်လက်မှတ်တွေကိုလည်း ရရှိနိုင်မှာ ဖြစ်တာမို့ အခုလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ပရိုမိုးရှင်းအစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်ကြဖို့ သုံးစွဲသူတွေကို ဖိတ်ခေါ်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် သုံးစွဲသူများသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်အတွင်း မိမိကြိုက်နှစ်သက်သည့် နည်းလမ်းဖြင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များ (စာတို၊ အသံ၊ ဒေတာ သို့မဟုတ် ထပ်ဆောင်းဝန်ဆောင်မှုများ) ဝယ်ယူခြင်းဖြင့် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ နှင့် တယ်လီကွန်း ဆုများ ပါဝင်သည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်တွင်လည်း ပါဝင်နိုင်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့်လည်း သုံးစွဲသူများသို့ ခေတ်မီ နည်းပညာများနှင့် ဆန်းသစ်သော ဝန်ဆောင်မှုများ၊ ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိပါသည်။ 

MPT ၏ “Lucky Pack” အစီအစဉ်၊ အခြားသော အထူးပရိုမိုးရှင်း အစီအစဉ်များ၊ MPT ၏ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ 

Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး