MPT က ဒုတိယအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ ကံစမ်းမဲများပါဝင်သည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်

 မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် နှစ်သစ်ကာလအတွင်း MPT ၏ ဝန်ဆောင်မှုများကို ကာလရှည်ကြာစွာ အစဉ်တစိုက်သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။

MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့သည့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်မှ သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ကံထူးသူများကို ပထမအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ နှင့် အခြားဆုများ ချီးမြှင့်ခဲ့ပြီး အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် သုံးစွဲသူများအား များစွာ စိတ်ကျေနပ်မှုကို ပေးအပ်နိုင်ခဲ့သည့်အတွက် MPT သည် ထပ်မံပြီး ဒုတိယအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ နှင့် တယ်လီကွန်းဆုများပါဝင်သည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။

“ကံထူးပျော်ရွှင်ဆုများစုံလင်” ကံစမ်းမဲအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်ပြီး အစီအစဉ်တွင်_

  • အထူးဆု ကျပ် သိန်း (၁,၀၀၀) ဆုရှင် (၁) ဦး
  • လစဉ်ကျပ် သိန်း (၁၀၀) ဆုရှင် (၁၀) ဦး
  • လစဉ်တယ်လီကွန်းဆုများဖြစ်သည့် 100 GB ဒေတာနှင့် ဖုန်းပြောမိနစ် (၁၀၀) မိနစ် ဆုရှင် (၄၀) ဦး 

တို့ ပါဝင်ပါသည်။





အဆိုပါအစီအစဉ်တွင် MPT သုံးစွဲသူများအားလုံး ပါဝင်နိုင်ပြီး သုံးစွဲသူများအနေဖြင့် မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသည်ဖြင့်) ဝယ်ယူပြီး ကံစမ်းမဲလက်မှတ်များ ရရှိမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များများဝယ်လေ ကံထူးလက်မှတ်များ များများရရှိလေဖြစ်ပြီး ကံထူးဆုများ ကံထူးနိုင်ရန် အခွင့်အရေး ပိုမိုရရှိလေ ဖြစ်ပါသည်။

ထို့အပြင် သုံးစွဲသူများအနေဖြင့် လစဉ်လတိုင်းတွင် ပြုလုပ်လျက်ရှိသော Special Flash အစီအစဉ်ကို *5555# သို့ အခမဲ့ခေါ်ဆိုစာရင်းသွင်းပြီး ပါဝင်ခြင်းအားဖြင့်လည်း “ကံထူးပျော်ရွှင်ဆုများစုံလင်” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ စာရင်းသွင်းပြီးနောက် လစဉ် လတိုင်း၏ (၅) ရက်၊ (၁၅) ရက် နှင့် (၂၅) ရက်တွင်

  • 5555% အထိ ငွေသားပြန်အမ်းငွေ
  •  ငွေသားဆုလက်ဆောင် ကံစမ်းခွင့်လက်မှတ် (၅) စောင်
  • MPT Club points ၂၀၀ အထိရရှိကံထူးနိုင်မည် ဖြစ်ပါသည်။

အသေးစိတ် အချက်အလက်များကို MPT ၏ တရားဝင်ဝက်ဘ်ဆိုက် https://mpt.com.mm/mm/mpt-special-flash-promotion-day-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ကံထူးရှင်များစာရင်းကို လစဉ်လတိုင်း၏ ပထမပတ်တွင် MPT ၏ တရားဝင်ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “ကျွန်တော်တို့ရဲ့ ပထမအကြိမ် ကံစမ်းမဲ အစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ သုံးစွဲသူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ MPT ရဲ့ ဝန်ဆောင်မှုတွေကို ကာလရှည်ကြာစွာ အစဉ်တစိုက် သုံးစွဲသူတွေအတွက် နှစ်သစ်ကာလအတွင်း ဒုတိယအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) နဲ့အတူ တယ်လီကွန်းဆုတွေ ပေးအပ်သွားမယ့် ကျွန်တော်တို့ရဲ့ “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်ပေးနိုင်ခဲ့တဲ့ အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ MPT ရဲ့ ဝန်ဆောင်မှုတွေကို အစဉ်တစိုက်အသုံးပြုနေတဲ့ သုံးစွဲသူတွေကို ကျွန်တော်တို့ရဲ့ အစီအစဉ်မှာ ပါဝင်ဖို့ အားလုံးကို တိုက်တွန်းလိုက်ရပြီး ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT ၏ “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်၏ ကျန်ရှိနေသေးသော ကံထူးရှင်များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်းတွင် ကျင်းပခဲ့ပြီး ကံထူးရှင်များဖြစ်သည့် မကွေးတိုင်းဒေသကြီးမှ အထူးဆု ကျပ် သိန်း(၁,၀၀၀)ဆုရှင် (၁) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ သိန်း (၁၀၀) ဆုရှင် (၃) ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ ရွှေ [၂ ကျပ်ခွဲသား] ဆုရှင် (၁) ဦး သို့ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အနေဖြင့် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နှင့်အညီ သုံးစွဲသူများသို့ ခေတ်မီ နည်းပညာများနှင့် ဆန်းသစ်သော ဝန်ဆောင်မှုများ၊ ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိပါသည်။ 

MPT ၏ “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်၊ အခြားသော အထူးပရိုမိုးရှင်း အစီအစဉ်များနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။


.

.

.

.





Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး