မြန်မာနိုင်ငံရှိ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအား ပိုမိုကူညီထောက်ပံ့နိုင်ရန်အတွက် Rakuten Viber နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) တို့ ပူးပေါင်းဆောင်ရွက်သွားမည်

 ဤပူးပေါင်းဆောင်ရွက်မှုအရ Rakuten Viber သည် MYANWEN ကွန်ယက်အတွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား စီးပွားရေးတိုးချဲ့မှုပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေရန် ကူညီပေးသွားမည်ဖြစ်


Rakuten Viber သည် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ငန်းပိုင်းဆိုင်ရာ ပိုမိုတိုးချဲ့နိုင်ရန် ကူညီထောက်ပံ့သွားမည် ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးပွဲအခမ်းအနားအား MYANWEN ၏ ဥက္ကဌနှင့် အဖွဲ့ဝင်များအပြင် MYANWEN ကွန်ယက်အတွင်းရှိ ကဏ္ဍအသီးသီးမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၅၀ ကျော်တက်ရောက် ခဲ့ကြပြီး Rakuten Viber ၏ Business Development Manager ကိုရဲထွန်းနိုင်နှင့် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အေးအေးမာတို့မှ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

“Rakuten Viber အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးစွန့်ဦးတီထွင်သူတွေနဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ အတွက် ဆန်းသစ်တဲ့ ဆက်သွယ်ချိတ်ဆက်မှု ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးအပ်သွားဖို့ ရည်သန်လုပ်ဆောင်နေပြီး လုပ်ငန်းရှင်တွေ အနေနဲ့ ဒီလုပ်ဆောင်ချက်တွေကို အသုံးပြုပြီးတော့ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ကိုက်ညီမှုရှိတဲ့ လူမှုအသိုင်းအဝန်းတွေနဲ့ ပိုမို ချိတ်ဆက်သွားနိုင်ဖို့နဲ့ ဝယ်ယူအားပေးသူ ပမာဏ ပိုမို များပြားလာစေဖို့ ထိထိ ရောက်ရောက် လုပ်ဆောင်သွားနိုင်မှာပါ။ အခုလို MYANWEN နဲ့ မဟာဗျူဟာကျကျ လက်တွဲလုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုအထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကို ဆက်လက် ဖန်တီး ယူဆောင် လာပေးနိုင်တော့မှာ ဖြစ်ပါတယ်။” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ Mr. David Tse က ပြောကြားခဲ့သည်။

MYANWEN သည် မြန်မာ့အမျိုးသမီး စွန့်ဦးတီထွင်သူများအား ကူညီထောက်ပံ့ပေးသွားရန်နှင့် ခိုင်မာသော စီးပွားရေး အသိုင်းအဝန်းတစ်ခု တည်ဆောက်သွားနိုင်ရန် ရည်သန်လုပ်ဆောင်နေသည့် နည်းတူ Rakuten Viber သည်လည်း ၎င်း၏ Viber ပလက်ဖောင်းပေါ်တွင် အကျိုးရှိသော ချိတ်ဆက်မှုများအား ဖန်တီးသွားနိုင်ရန် အစဉ်တစ်စိုက် ဆောင်ရွက်လျက် ရှိသည်။ ယခု Rakuten Viber နှင့် MYANWEN တို့ ပူးပေါင်းဆောင်ရွက်မှုအရ မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းပိုင်းဆိုင်ရာ ပိုမိုချဲ့ထွင်နိုင်စေရန် ဒစ်ဂျစ်တယ်နည်းပညာပိုင်း ဆိုင်ရာ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်သည်။

"မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) အနေနဲ့ အမျိုးသမီး စွန့်ဦးတီထွင်သူတွေနဲ့ လုပ်ငန်းရှင်တွေအတွက် စီးပွားရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီထောက်ပံ့ပေးဖို့ တစ်စိုက်မတ်မတ် ရည်မှန်းချက်ထား လုပ်ဆောင်နေတာပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ Rakuten Viber လို ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေးပလက်ဖောင်းတစ်ခုနဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခွင့် ရရှိခဲ့တဲ့အတွက် ကူညီထောက်ပံ့မှု တွေ အများကြီးရရှိသွားမှာ အသေအချာပါပဲ။ ကျွန်မတို့ အတူတကွ ပူးပေါင်းပြီး MYANWEN ကွန်ယက်အတွင်းက စီးပွားရေး လုပ်ငန်းတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ပိုမိုချဲ့ထွင်သွားနိုင်ဖို့၊ နိုင်ငံခြားဈေးကွက်တွေနဲ့ ပိုမိုချိတ်ဆက်နိုင်ဖို့နဲ့ ပိုပြီး ခိုင်မာအားကောင်းတဲ့ စွန့်ဦးတီထွင်ဂေဟစနစ် တစ်ခုကို မြန်မာနိုင်ငံတစ်ဝန်းမှာ တည်ဆောက်သွားနိုင်ဖို့ ရည်မှန်းချက် ထား လုပ်ဆောင်သွားမှာပါ။” ဟု MYANWEN ၏ ဥက္ကဌ ဖြစ်သူ ဒေါက်တာ စုလှဟန်က ပြောကြားခဲ့သည်။

Rakuten Viber သည် မကြာသေးမီကလည်း အသေးစားစီးပွားရေးလုပ်ငန်းရှင်များအတွက် အထောက်အကူများစွာ ဖြစ်စေမည့် Business Accounts လုပ်ဆောင်ချက် အသစ်အား မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ Viber ၏ အချက်အချာ အကျဆုံး ဈေးကွက်များတွင် မိတ်ဆက်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ Viber အသုံးပြုသူများ အခမဲ့ အသုံးပြုသွား နိုင်မည့် အဆိုပါ လုပ်ဆောင်ချက် အသစ်နှင့်အတူ မြန်မာနိုင်ငံရှိ အသေးစား စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့်

  • Viber တွင် Business Accounts များ အခမဲ့ ဖွင့်လှစ်သွားနိုင်ခြင်း
  • လုပ်ငန်းပရိုဖိုင်၊ QR ကုဒ်နှင့် Link များ ဖန်တီးထားနိုင်ခြင်း
  • ရရှိနိုင်မည့် ထုတ်ကုန် (သို့) ဝန်ဆောင်မှု အခု ၅၀ ၏ အချက်အလက်များအား ပြသထားနိုင်ခြင်း
  • ဈေးကွက်မြှင့်တင်ရေးလုပ်ဆောင်ချက်များနှင့် အဆင့်မြှင့်တင်ထားသော Chat လုပ်ဆောင်ချက်များအား အသုံး ပြုနိုင်မည့် အပြင် လုပ်ငန်းပိုင်း ဆိုင်ရာ Business Analytics နှင့် Insights များအား သိရှိနိုင်ခြင်း

စသည့် လုပ်ဆောင်ချက်များအား အသုံးပြုသွားနိုင်မည် ဖြစ်သည်။ အဆိုပါ Business Accounts လုပ်ဆောင်ချက်အသစ် နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက https://lp.viber.com/smblp တွင် ဝင်ရောက်ကြည့်ရှုသွားနိုင်မည် ဖြစ်သည်။


.

.

.

.


Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်