TrueMoney သည် မြန်မာနိုင်ငံတွင် လူတိုင်းလက်လှမ်းမီသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို မြှင့်တင်ရန်အတွက် ဦးဆောင်သွားမည့်သူများအား ခန့်အပ်

 အရှေ့တောင်အာရှတွင် ထိပ်တန်းဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော TrueMoney သည် Khuon Frandara (Dara) အား ကမ္ဘောဒီးယားနှင့် မြန်မာစျေးကွက်အုပ်စု၏ အမှုဆောင်အရာရှိချုပ်အဖြစ်နှင့် ဦးထွန်းထွန်းလင်းအား မြန်မာနိုင်ငံဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။ ဤ ခေါင်းဆောင်မှု ခန့်အပ်ခြင်းသည် TrueMoney ၏ ရည်မှန်းချက်ဖြစ်သော ဒစ်ဂျစ်တယ် ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ဒေသတွင်းရှိ လူတိုင်းလက်လှမ်းမီသော ဘဏ္ဍာရေးဝန်ဆောင်မှုများ မြှင့်တင်နိုင်ရေးကို ခိုင်မာစေပါသည်။

ကမ္ဘောဒီးယားနှင့် မြန်မာစျေးကွက်အုပ်စု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သော Khuon Frandara (Dara) သည် ကမ္ဘောဒီးယားနိုင်ငံမှ လုပ်ငန်းအမှုဆောင်တစ်ဦးဖြစ်ပြီး ငွေကြေးလုပ်ငန်းတွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသူဖြစ်ပါသည်။ ထို့အပြင် သူမသည် ခိုင်မာသော ဆက်ဆံရေးများ တည်ဆောက်နိုင်မှု၊ စွမ်းဆောင်ရည် ကောင်းမွန်သော အဖွဲ့များကို ဦးဆောင်ပေးနိုင်မှုနှင့် စျေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီပြီး ဆန်းသစ်သောဝန်ဆောင်မှုများကို ပေးအပ်နိုင်မှုတို့ကြောင့် လူသိများသည့်အပြင် သူမ၏ ကျွမ်းကျင်မှုများသည် ဘဏ္ဍာရေး နည်းဗျူဟာ၊ လုပ်ငန်းပိုင်း ထူးချွန်မှုနှင့် အသုံးပြုသူဗဟိုပြု တီထွင်ဆန်းသစ်မှုများကို ပိုမိုကောင်းမွန်စေပါသည်။

ကမ္ဘောဒီးယားနှင့် မြန်မာစျေးကွက်အုပ်စုအတွက် အမှုဆောင်အရာရှိချုပ်အဖြစ် တိုးချဲ့တာဝန်ယူရာတွင် Khuon Frandara (Dara) သည် စျေးကွက်နှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုနှင့် TrueMoney ၏ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အပါအဝင် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကို အလွယ်တကူမရရှိနိုင်သော ပြည်သူလူထုများကို ငွေကြေးဝန်ဆောင်မှုများဖြင့် ပံ့ပိုးနိုင်ရန် အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

“ကျွန်မအနေနဲ့ အခုလို ကမ္ဘောဒီးယား၊ မြန်မာ စျေးကွက်အုပ်စုအတွက် အမှုဆောင်အရာရှိချုပ်အဖြစ် တိုးချဲ့တာဝန်ယူရပြီး ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ TrueMoney ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဦးဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု Khuon Frandara (Dara) က ပြောကြားခဲ့သည်။ “ကျွန်မတို့ရဲ့ အရည်အချင်းရှိတဲ့ အဖွဲ့သားတွေရဲ့ အားသာချက်တွေကို အသုံးချပြီး ဆန်းသစ်တီထွင်‌မှုတွေကို ဆက်လက်ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ပိုမိုကောင်းမွန်တဲ့ ဘဏ္ဍာရေးအနာဂတ်တွေ တည်ဆောက်နိုင်ဖို့ လူမှုအသိုက်အဝန်းတွေကို စွမ်းအားမြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်း‌ပြောကြားခဲ့သည်။

အသစ်ခန့်အပ်ထားသော မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းလင်းသည် နည်းပညာ၊ ဘဏ္ဍာရေးနှင့် ကော်ပိုရိတ်စီမံခန့်ခွဲမှုတို့တွင် နိုင်ငံတကာအတွေ့အကြုံ နှစ် ၂၀ ကျော် ရှိသူဖြစ်ပါသည်။ သူသည် ကယ်လီဖိုးနီးယားနှင့် မြန်မာနိုင်ငံရှိ ထင်ရှားသော အဖွဲ့အစည်းများတွင် အကြီးတန်း ခေါင်းဆောင်မှု ရာထူးများကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး Fintech (ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ)၊ ဒစ်ဂျစ်တယ် ငွေပေးချေမှုနှင့် ဘဏ်လုပ်ငန်းများတွင် အဓိကလုပ်ကိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုတွင် ဦးထွန်းထွန်းလင်းသည် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီစေရန်နှင့် ငွေကြေးဝန်ဆောင်မှုများကို အလွယ်တကူ မရရှိနိုင်သော လူမှုအသိုက်အဝန်းများအတွက် ဝန်ဆောင်မှုများ ပိုမိုပေးအပ်နိုင်စေရန် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါသည်။

ဦးထွန်းထွန်းလင်းက “TrueMoney Myanmar အနေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဘဏ်ဝန်ဆောင်မှုများကို အလွယ်တကူမရရှိနိုင်တဲ့ ပြည်သူလူထုတွေအတွက် လူတိုင်းလက်လှမ်းမီပြီး လွယ်ကူသက်သာတဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေနဲ့ ပံ့ပိုးပေးဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပံ့ပိုးမှုတွေကို ပိုပြီး အားကောင်းလာစေဖို့နဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အသုံးပြုသူတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးဖို့အတွက် Fintech နဲ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုမှာ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို အသုံးချနိုင်ဖို့မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ဦးဆောင်ဦးရွက်ပြုမည့် ခေါင်းဆောင်အသစ်များ ခန့်အပ်မှုနှင့် ပတ်သက်၍ TrueMoney ၏ ဥက္ကဌဖြစ်သူ Tanyapong Thamavaranukup က “Khuon Frandara (Dara) နဲ့ ဦးထွန်းထွန်းလင်းတို့ရဲ့ ဦးဆောင်မှုအသစ်ကို ကြိုဆိုခွင့်ရတဲ့အတွက် ပီတိဖြစ်မိပါတယ်။ Frandara ရဲ့ ဘဏ္ဍာရေးဗျူဟာနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ သက်သေထူပြထားတဲ့ ကျွမ်းကျင်မှုနဲ့အတူ ဦးထွန်းထွန်းလင်းရဲ့ Fintech နဲ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းဆိုင်ရာ အတွေ့အကြုံတွေဟာ ဆန်းသစ်တဲ့‌ ဝန်ဆောင်မှုတွေပေးနိုင်စွမ်းကို ပိုပြီး အားကောင်းစေပြီးတော့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိစေမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ TrueMoney ရဲ့ တိုးတက်မှု၊ တီထွင်ဖန်တီးနိုင်မှုများနှင့်အတူ နောက်ထပ်တစ်ဆင့်မှာ ဦးဆောင်ဖို့နဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာ အားလုံးလက်လှမ်းမီတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို မြှင့်တင်ပေးဖို့အတွက် အံ့ဝင်ခွင်ကျဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဤခေါင်းဆောင်မှု ခန့်အပ်ခြင်းများနှင့်အတူ TrueMoney သည် လုံခြုံစိတ်ချရပြီး လူတိုင်းလက်လှမ်းမီသော သုံးစွဲသူဗဟိုပြု ဘဏ္ဍာရေးဝန်ဆောင်မှုများမှတစ်ဆင့် လူတစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးမည့် ၎င်း၏ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။


TrueMoney Myanmar အကြောင်း

TrueMoney Myanmar Co., Ltd ကို အရှေ့တောင်အာရှရှိ ဒေသတွင်း ငွေကြေးဆိုင်ရာနည်းပညာနယ်ပယ်တွင် ဦးဆောင်လျက်ရှိသော Ascend Money အုပ်စု၏ အစိတ်အပိုင်းအဖြစ် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ TrueMoney သည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကိုယ်စားလှယ်ပေါင်း ၃၀,၀၀၀ ကျော်နှင့်အတူ ပြည်တွင်း၊ ပြည်ပ ငွေလွှဲ၊ ငွေထုတ်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်းများကဲ့သို့သော မရှိမဖြစ် ငွေကြေးဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိသည်။ ထိုကဲ့သို့သော ဝန်ဆောင်မှုများဖြင့် TrueMoney သည် ပြည်သူတစ်ဦးချင်းဆီအတွက် အထောက်အကူပြုစေနိုင်မည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပြီး ၎င်းတို့၏ လိုအပ်ချက်များကို ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင် အပါအဝင် အရှေ့တောင်အာရှတစ်လွှားရှိ အဓိကဈေးကွက်များတွင် လည်ပတ်လျက်ရှိသော TrueMoney သည် ထင်ရှားသော ငွေကြေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်ပြီး လက်လှမ်းမီနိုင်သော ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများ ပံ့ပိုးပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ထိုင်းနိုင်ငံရှိ CP Group ၏ ငွေကြေးဆိုင်ရာနည်းပညာ လက်အောက်ခံကုမ္ပဏီဖြစ်သော Ascend Money ၏ တစ်စိတ်တစ်ပိုင်းအဖြစ် TrueMoney သည် လူတိုင်းလက်လှမ်းမီသော ငွေကြေးဝန်ဆောင်မှုကို မြှင့်တင်ရန်နှင့် ဒေသတွင်းရှိ လူမှုအသိုက်အဝန်းများအား ယုံကြည်စိတ်ချရပြီး ဆန်းသစ်သော ငွေကြေးဝန်ဆောင်မှုများအား ဆက်လက်ပံ့ပိုးသွားမည်ဖြစ်သည်။






.

.

.

Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး