Viber Communities များအတွင်း အဖွဲ့ဝင်များ ဆက်သွယ်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာစေရန် Comment လုပ်ဆောင်ချက်အား Rakuten Viber မှ စတင်မိတ်ဆက်

 ကမ္ဘာ့ထိပ်တန်း စာတိုပေးပို့မှု အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Viber ၏ အသုံးပြုသူများအနေနှင့် အသစ်မိတ်ဆက်လိုက်သည့် Comment လုပ်ဆောင်ချက် နှင့်အတူ Communities များအတွင်း ပိုမိုအဆင်ပြေလွယ်ကူစွာ ဆက်သွယ်ချိတ်ဆက်သွားနိုင်မည်


ပိုမိုကောင်းမွန်သော အသုံးပြုမှုအတွေ့အကြုံများအား စဉ်ဆက်မပြတ် ‌ပေးအပ်သွားရန်ဟူသော ရည်ရွယ်ချက်နှင့်အညီ Rakuten Viber သည် ၎င်း၏ Communities များအတွင်း အဖွဲ့ဝင်များ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ချိတ်ဆက်မှု ပိုမိုအဆင်ပြေကောင်းမွန်လာစေရန် Comment ပေးနိုင်သည့် လုပ်ဆောင်ချက်အား စတင်မိတ်ဆက်ခဲ့သည်။ သို့ဖြစ်၍ Viber ၏ များပြားလှသော သက်ဆိုင်ရာ Community အဖွဲ့ဝင်များ အနေနှင့် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးပြောဆိုမှုများအား ပိုမိုရှင်းလင်းစွာနှင့် ပိုမိုစနစ်တကျရှိစွာ လုပ်ဆောင် သွားနိုင်တော့မည် ဖြစ်သည်။

 

အသုံးပြုသူများအနေနှင့် ယခု Comment လုပ်ဆောင်ချက် အသစ်နှင့်အတူ ဆွေးနွေးပြောဆိုမှု Post တစ်ခုချင်းစီတိုင်းတွင် ပြန်လည်ဖြေကြားမှု (Replies) များအား ပိုမိုရိုးရှင်းလွယ်ကူစွာ ရေးသားဖတ်ရှုသွားနိုင်တော့မည် ဖြစ်သည်။ Community အဖွဲ့ဝင်များအနေနှင့် မိမိကြိုက်နှစ်သက်ရာ စာတိုပေးပို့မှုတစ်ခုချင်းစီတိုင်းတွင် Comment များ ရေးသားထားနိုင်မည် ဖြစ်ပြီး ထိုသို့ရေးသားထားမှုများသည်လည်း အခြားစာတိုပေးပို့မှုများနှင့် ရောနှောခြင်း ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် Community တိုင်းတွင် အဖွဲ့ဝင်များအား စာရေးသားခွင့်ပြုသည့် အချက်အပါအဝင် Admin Controls (Admin ၏ ထိန်းချုပ်လုပ်ဆောင်နိုင်မှုများ) များလည်း ပါရှိမည် ဖြစ်သည်။ သို့ဖြစ်၍ Community တစ်ခုစီတိုင်း၏ Superadmins နှင့် Admins များသည် ၎င်းတို့၏ Community Info Tab မှတဆင့် စာတိုပေးပို့မှုအကုန်လုံးတွင် Comment ရေးသားနိုင်စေရန် သွားရောက်လုပ်ဆောင်နိုင်မည်ဖြစ်သလို အချို့‌သော အရေးကြီးသည် စာတိုပေးပို့မှုများတွင် Comment မရေးသားနိုင် စေရန်လည်း စိတ်ကြိုက် ရွေးချယ်ထား နိုင်မည် ဖြစ်သည်။

 

Comment လုပ်ဆောင်ချက်အသစ်အား အသုံးပြု၍ အကြောင်းအရာများစွာအား စဥ်ဆက်မပြတ် ပြောဆိုနေကြသည့် Viber Communities များအတွင်းတွင် ဆွေးနွေးမှုများအား ပုံစံအသစ်ဖြင့် ပိုမိုရှင်းလင်းစွာ ပြုလုပ်သွားနိုင်မည် ဖြစ်သည်။ မိမိတို့ ဝါသနာများမှ စ၍ ထုတ်ကုန်သစ်မိတ်ဆက်မှုများအထိ Community အဖွဲ့ဝင်များအနေနှင့် မိမိတို့ စိတ်ဝင်တစား ဆွေးနွေးလိုသည့် အကြောင်းအရာ တစ်ခုချင်းစီတိုင်းတွင် Comment များ ရေးသားမျှဝေသွားနိုင်တော့မည် ဖြစ်သည်။ Community အဖွဲ့ဝင်များအနေနှင့် ၎င်းတို့၏ ဖုန်းနံပါတ်များအား အခြားသူများနှင့် မျှဝေစရာမလိုပဲ Comment များအား ရေးသားသွားနိုင်မည် ဖြစ်သည့်အပြင် Community အတွင်း ယခင်စကားပြောဆို ထားသည့် အကြောင်းအရာများ၊ မျှဝေထားသော မီဒီယာများနှင့် ဖိုင်များအားလုံးကို တွေ့ရှိနိုင်မည်ဖြစ်သည်။

 

Rakuten Viber သည် မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝန်းများ အကြား အလွယ်ကူဆုံး ဆက်သွယ်ချိတ်ဆက်သွား နိုင်စေရန် စဉ်ဆက်မပြတ် ရည်သန်လုပ်ဆောင်လျက်ရှိသည်။ ယခု အသစ်မိတ်ဆက်ခဲ့သည့် Comment လုပ်ဆောင်ချက် သည်လည်း စိတ်ဝင်စားသည့်အကြောင်းအရာချင်း တူညီသူများ ဖွဲ့စည်းထားသည့် Communities များအတွင်း တစ်ဦးနှင့် တစ်ဦး လွယ်ကူမြန်ဆန်မှုနှင့် ရိုးရှင်းလွယ်ကူမှု အရှိဆုံး ဆက်သွယ်ဆွေးနွေးသွားနိုင်စေရန် ပိုမိုအားဖြည့်ကူညီသွားနိုင်မည် ဖြစ်သည်။

"အပျော်တမ်းအပြေးကလပ်တစ်ခုမှာ Member ဝင်ထားတာပဲ ဖြစ်ဖြစ်၊ အားပေးတဲ့ ပရိသတ်တွေ စုဖွဲ့ထားတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျောင်းနဲ့ အလုပ်က လူတွေ စုပြီးဖွဲ့စည်းထားတာပဲ ဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ အခုအချိန်မှာ လူချင်းတွေ့ ပြီးပဲ ဖြစ်စေ၊ အွန်လိုင်းကနေပဲဖြစ်စေ လွယ်ကူလျင်မြန်စွာ ဆက်သွယ်ချိတ်ဆက်နိုင်နေပါပြီ။ ဒီလို စိတ်ဝင်စားမှုတူညီတဲ့ အဖွဲ့ဝင်တွေအနေနဲ့ ဆွေးနွေးပြောဆိုမှုတွေကို လုံခြုံစိတ်ချရမှုအပြည့်နဲ့ မျှဝေလိုတယ်ဆိုတာကိုလည်း ကျွန်တော်တို့ အပြည့်အဝ နားလည်ထားတာနဲ့အညီ အခုလို ကျွန်တော်တို့ရဲ့ Communities တွေအတွက် ထိရောက်တဲ့ အဆင့် မြှင့်တင်မှုတွေကို လုပ်ဆောင်ပေးခဲ့တာပါ။ သင့်အနေနဲ့ Viber App ကနေတဆင့် Communities တွေကို အလွယ်တကူ ဝင်ရောက်ပြီး စိတ်ဝင်စားမှုချင်း (သို့) ဝါသနာချင်း တူညီတဲ့ အသုံးပြုသူတွေနဲ့ အဆင်ပြေလွယ်ကူမှုအရှိဆုံး ဆက်သွယ် ချိတ်ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။” ဟု Rakuten Viber ၏ Senior Director for APAC ဖြစ်သူ David Tse က ပြောကြားခဲ့သည်။

 

Rakuten Viber ၏ မြန်မာနိုင်ငံအတွက် မိတ်ဆက်ခဲ့သည့် ယခု လုပ်ဆောင်ချက်အသစ်သည် မည်သည့် Communities အဖွဲ့ဝင်တိုင်း အတွက်မဆို ပိုမိုအဆင်ပြေလွယ်ကူမှု ရှိသွားစေမည်ဖြစ်ကာ စကားပြောဆိုမှုတိုင်းအား ပိုမိုရှင်းလင်းစေရန် နှင့် အဖွဲ့ဝင်များအကြား ပိုမိုစိတ်ဝင်စားမှု ရရှိစေရန် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

 

ပုံစံအသစ်ဖြင့် Communities အား ဤနေရာ မှတဆင့် အလွယ်တကူ ရယူအသုံးပြုသွားနိုင်မည် ဖြစ်သည်။

 

Rakuten Viber အကြောင်း

Rakuten Viber သည် ကမ္ဘာပေါ်တွင် ယုံကြည်စိတ်ချရမှုအရှိဆုံးနှင့် Download ပြုလုပ်အသုံးပြုမှုအများဆုံး အက်ပ်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။ Viber သည် ၎င်းတို့၏ အသုံးပြုသူများအတွက် လုံခြုံစိတ်ချရမှုအပြည့်ဖြင့် မိသားစုများ၊ သူငယ်ချင်းများနှင့် တန်ဖိုးဖြတ်မရသော အချိန်အခိုက်အတန့်များအား ဆက်သွယ်ဖန်တီးနိုင်ရန်၊ စီးပွားရေးလုပ်ငန်းများအား ပိုမို ကျယ်ပြန့်စွာ ချိတ်ဆက်နိုင်စေရန်၊ ဝါသနာနှင့် စိတ်ဝင်စားမှုများအား ရယူနိုင်စေရန် တစ်နေရာတည်းတွင် ဖန်တီးပေးအပ် လျက် ရှိသည်။ ဘက်စုံသုံး Super App တစ်ခုဖြစ်သည်နှင့်အညီ Viber သည် အသုံးပြုသူတိုင်းအတွက် နေ့စဉ်လူနေမှုဘဝအား ပိုမိုလွယ်ကူစွာ ဖြတ်သန်းသွားနိုင်စေမည့် ဝန်ဆောင်မှုများစွာကို ပေးအပ်လျက်ရှိသည်။ 

 

Rakuten Viber သည် e-commerce, fintech, ဒစ်ဂျစ်တယ်နှင့် ဆက်သွယ်ချိတ်ဆက်ရေး ဝန်ဆောင်မှုများအား ပေးအပ်နေ‌သော ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် Rakuten Group, Inc., ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ 




.

.

.



Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်