AI အဖော်မွန်ကောင်းဖြစ်လာမယ့် အဆင့်မြင့် Galaxy AI လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာတဲ့ Galaxy S25 Series စမတ်ဖုန်းအသစ်တွေကို Galaxy Unpacked ပွဲကြီးနဲ့အတူမိတ်ဆက်
San Jose မြို့မှာ ကျင်းပနေတဲ့ Galaxy Unpacked ပွဲကြီးကို နာမည်ကျော် အနုပညာရှင်များ၊ Tech Bloggers များနဲ့ Samsung Myanmar တို့အတူ Galaxy Unpacked Watch Party ပွဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာတိုက်ရိုက်ကြည့်ရှုခဲ့
Samsung Electronics Co., Ltd ကနေ ဆန်းကြယ်မှုအသစ်၊ လုပ်ဆောင်နိုင်စွမ်းအသစ်တွေနဲ့ ပိုမိုအဆင့်မြင့်တဲ့ Galaxy AI လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာတဲ့ Galaxy S25 Series ကို Galaxy Unpacked ပွဲကြီးကနေ မိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၃ ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် မနက် ၁၂ နာရီခွဲအချိန်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေး (San Jose) မြို့မှာ ကျင်းပပြုလုပ်သွားတဲ့ Galaxy Unpacked ပွဲကြီးကို မြန်မာနိုင်ငံမှာတော့ Galaxy Unpacked Watch Party ပွဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ တိုက်ရိုက်ကြည့်ရှုခဲ့ကြတာပဲ ဖြစ်ပါတယ်။
အဆိုပါ Galaxy Unpacked Watch Party ပွဲကို Team Galaxy အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ပန်းရောင်ခြယ်၊ ပိုးမမှီသာနဲ့ မေတိုးခိုင် အပါအဝင် နာမည်ကျော် အနုပညာရှင်များ၊ Tech Bloggers များနဲ့ Samsung Myanmar မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါတယ်။ Galaxy Unpacked ပွဲကြီးမှာမိ တ်ဆက်ပေးခဲ့တဲ့ Galaxy S25 Series စမတ်ဖုန်းအသစ်တွေနဲ့ လုပ်ဆောင်နိုင်စွမ်းအသစ်တွေပါဝင်လာတဲ့ Galaxy AI တို့အကြောင်းကို ရင်ခုန်စွာတိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး စိတ်လှုပ်ရှားစရာအစီအစဉ်များနဲ့အတူ ကျင်းပပြုလုပ်ခဲ့ပါတယ်။
“Samsung ရဲ့ အစဉ်အလာကြီးမားတဲ့သော မှတ်တိုင်တစ်ခုဖြစ်တဲ့ Galaxy Unpacked ပွဲကြီးကတစ်ဆင့် နောက်ထပ် စိတ်လှုပ်ရှားစရာနည်းပညာနဲ့ စမတ်ဖုန်းအသစ်တွေ မိတ်ဆက်ပေးခဲ့တာကို ခုလို အားလုံးအတူတူကြည့်ရှုခွင့်ရခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy S25 Series စမတ်ဖုန်းအသစ်တွေမှာ ပါဝင်လာတဲ့ Galaxy AI က နေ့စဥ် ဘဝရဲ့ လုပ်ငန်းဆောင်တာတွေမှာ အလွယ်ကူဆုံးဖြစ်အောင် အဖော်မွန်ကောင်းတစ်ယောက်အနေနဲ့ ကူညီပေးမယ့် “A true AI Companion” အဖြစ် ရှိပေးနိုင်တော့မှာဖြစ်တဲ့အတွက် Samsung ချစ်သူတွေအနေနဲ့လည်း နှစ်သက်သဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ Samsung Myanmar ရဲ့ Managing Director ဖြစ်သူ Mr. Martin Kim က ပြောကြားခဲ့ပါတယ်။
အသစ်ထွက်ရှိလာတဲ့ Galaxy S25 Series ကို စိတ်ဝင်စားသူများအနေနဲ့ ဒီလင့်ခ် (smsng.co/Galaxy-S25-Series-Interest) ကနေ ကြိုတင်စာရင်းပေးသွင်းထားနိုင်မှာဖြစ်ပြီး Galaxy S25 series နဲ့ပတ်သတ်ပြီး ပိုမို သိရှိလိုတယ်ဆိုရင်တော့ Samsung Myanmar Facebook Page မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
.
.
.
.
Comments
Post a Comment