ပိုမိုအဆင့်မြင့်တဲ့ Galaxy AI နည်းပညာအသစ်တွေ ယူဆောင်လာမယ့် Galaxy Unpacked 2025 ပွဲကြီးကျင်းပရန် ရက်ပိုင်းသာလို

 မကြာခင်ရက်ပိုင်းအတွင်း ပြုလုပ်သွားတော့မယ့် Galaxy Unpacked 2025 ကိုကြိုဆိုရင်း ပိုမိုအဆင့်မြင့်တဲ့ AI နည်းပညာသစ်တွေ ရောက်ရှိလာတော့မှာကို ဆန်းသစ်တဲ့ Hologram နည်းပညာနဲ့ ရင်သပ်ရှုမောဖွယ်ဖော်ကြူးလိုက်တဲ့ Samsung

 

 ထူးခြားဆန်းသစ်တဲ့ နည်းပညာအသစ်တွေကို ယူဆောင်လာပေးနေကျဖြစ်တဲ့ Samsung ရဲ့ Galaxy Unpacked ပွဲကြီးကို ယခုနှစ်မှာတော့ ဇန်နဝါရီလ ၂၃ ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် မနက် ၁၂ နာရီခွဲအချိန်မှာ ကျင်းပပြုလုပ်သွားတော့မှာပဲဖြစ်ပါတယ်။ Galaxy Unpacked 2025 ပွဲကြီးမှာ ပိုမိုအဆင့်မြင့်လာပြီး နေ့စဉ်ဘဝအတွက် အဖော်မွန်ကောင်းဖြစ်လာမယ့် AI နည်းပညာတွေ မိတ်ဆက်သွားတော့မယ့်အကြောင်း အသိပေးတဲ့အနေနဲ့ Samsung က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရဲ့ ညကောင်းကင်မှာ Hologram နည်းပညာကို အသုံးပြုပြီး ရင်သတ်ရှုမောဖွယ်ဖော်ကြူးပြသခဲ့ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့က လန်ဒန်မြို့ရဲ့ ညကောင်းကင်မှာ မြင်တွေ့ခဲ့ရတဲ့ Galaxy Unpacked 2025 ပွဲကြီးနဲ့ Galaxy AI နည်းပညာတွေကို ကြေငြာမိတ်ဆက်ပေးမှုကြောင့် ကမ္ဘာတစ်ဝှမ်းက Galaxy Unpacked ပွဲကြီးကို စောင့်မျှော်နေကြသူတွေရဲ့ စိတ်လှုပ်ရှားမှာကို ပိုမို တိုးမြင့်လာစေခဲ့ပါတယ်။ Galaxy AI နဲ့ Galaxy Unpacked ပွဲကြီးအတွက် ပုံဖော်မှုတွေနဲ့အတူ မိုဘိုင်းဖုန်းအသုံးပြုသူတွေ အမှတ်တရ ရိုက်ကူးလေ့ရှိတဲ့ အမျိုးမျိုးသောရုပ်ပုံလွှာတွေ၊ အဏ္ဏဝါသက်ရှိတွေနဲ့ ထူးခြားဆန်းပြားတဲ့အပင်တွေ၊ လှပတဲ့မီးပုံးတွေနဲ့ အားကစားပြိုင်ပွဲ အစရှိတာတွေကို ဆန်းသစ်တဲ့ ပုံဖော်မှုတွေနဲ့ မြင်တွေ့ခဲ့ကြရတာပဲဖြစ်ပါတယ်။ အမြင်ဆန်းသစ်သလို ရင်သတ်ရှုမောဖွယ် တင်ဆက်မှုတွေပြသပေးနိင်ခဲ့တဲ့ Hologram နည်းပညာနဲ့ မိတ်ဆက်မှုက မကြာခင်ရောက်ရှိလာတော့မယ့် ဆန်းသစ်တဲ့ AI နည်းပညာနဲ့ တီထွင်ဖန်တီးမှုအသစ်တွေကို အကောင်းဆုံးမီးမောင်းထိုးပြနိုင်ပေးနိုင်ခဲ့ပါတယ်။

Galaxy Unpacked 2025 ပွဲကြီးကိုတော့ Samsung Myanmar Facebook Page နဲ့ Samsung Myanmar YouTube channel တို့မှာ အချိန်နဲ့တပြေးညီ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမှာဖြစ်ပြီး ဒီ လင့်ခ် https://samsungmyanmar.typeform.com/pd-hr-pr  မှာ ကြိုတင်စာရင်းပေးသွင်းထားရင်တော့ Galaxy Buds2 ဆုလက်ဆောင် (၂၀) ဆု နဲ့ Galaxy Flagship ဖုန်းအသစ် ဝယ်ယူရင် (၁) သိန်းကျပ်အထိ သက်သာခွင့် ပေးသွားမယ့် E-voucher ဆုလက်ဆောင်တွေ ကံထူးနိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

.

.

.

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်