Galaxy Unpacked January 2025: အရှိန်အဟုန်အသစ်နဲ့ အတူ တဖန်ပြန်လည်ရောက်ရှိလာတဲ့ Samsung ရဲ့ Galaxy Unpacked ပွဲကြီးကနေ AI နည်းပညာအသစ်တွေကို ခံစားဖို့ အဆင်သင့်ဖြစ်ပြီလား?

 တမူထူးခြားတဲ့ ဆန်းသစ်တီထွင်မှုတွေကို အမြဲဖန်တီးပေးလျက်ရှိတဲ့ Samsung ဟာ မကြာမီအချိန်မှာ ကျင်းပပြုလုပ်တော့မယ့် Galaxy Unpacked January 2025 ပွဲကြီးကနေ ပိုမိုအဆင့်မြင့်လာတဲ့ Galaxy AI ရဲ့ လုပ်ဆောင်ချက်တွေ နဲ့ နည်းပညာအသစ်တွေကို ယူဆောင်လာတော့မှာ ဖြစ်ပါတယ်။ San Jose မြို့မှာကျင်းပ ပြုလုပ်သွားမယ့် Galaxy Unpacked ပွဲကြီးမှာ Samsung Galaxy S Series အသစ်နဲ့အတူ စိတ်လှုပ်ရှားစရာကောင်းတဲ့ နည်းပညာတွေသာမက နေ့စဥ်ဘဝကို ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးသွားမယ့် AI နည်းပညာတွေကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်တော့မှာပါ။

 




Galaxy AI ရဲ့ တိုးတက်မှုအသစ်တွေကို ခံစားနိုင်မယ့် အဆိုပါ Galaxy Unpacked ပွဲကြီးကို Samsung Myanmar Facebook Page နဲ့ Samsung Myanmar YouTube channel တို့မှာ အချိန်နဲ့တပြေးညီ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် မနက် ၁၂ နာရီခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ 

 

Galaxy Unpacked LIVE ကို ကြည့်ရှုဖို့အတွက်ကိုတော့ ဒီ လင့်ခ် (https://samsungmyanmar.typeform.com/pd-hr-pr)မှာ စာရင်းပေးသွင်းပြီး ကြည့်ရှုနိုင်မှာဖြစ်ပြီး စာရင်းပေးသွင်းထားသူများအနေနဲ့ Galaxy Buds2 ဆုလက်ဆောင် (၂၀) ဆု နဲ့ Galaxy Unpacked မှာမိတ်ဆက်ပေးသွားမယ့် Flagship ဖုန်းအသစ် ဝယ်ယူရင် (၁) သိန်းကျပ်အထိ သက်သာခွင့် ပေးသွားမယ့် E-voucher ဆုလက်ဆောင်တွေ ကံထူးနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါသေးတယ်။

 

Galaxy Unpacked 2025 နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေကိုလည်း news.samsung.com/global နဲ့ Samsung Myanmar Facebook Page တို့မှာ အချိန်နဲ့တပြေးညီ စောင့်ကြည့်လို့ရဦးမှာဖြစ်ပါတယ်။

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်