အူရီဒူးမြန်မာက မြန်မာနိုင်ငံတွင် အကြီးဆုံးဂိမ်းပြိုင်ပွဲကြီးဖြစ်သည့် Gameverse Champion League ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမည်

  အူရီဒူးမြန်မာသည် နိုင်ငံတစ်ဝန်းမှ အကောင်းဆုံးဂိမ်းကစားသမားများ ပါဝင်ယှဉ်ပြိုင်သွားမည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Gameverse Champion League ပြိုင်ပွဲကြီးကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာလိုက်ပါသည်။ အဆိုပါ ပြိုင်ပွဲကြီးကို လာမည့် ဇန်န၀ါရီလ (၁၁) ရက်နေ့ (စနေနေ့) မနက် ၉ နာရီမှ ည ၇ နာရီ ၄၅ မိနစ်အထိ နှင့် ဇန်န၀ါရီလ (၁၂) ရက်နေ့ (တနင်္ဂနွေနေ့) တွင် မနက် ၁၀ နာရီမှ ည ၈ နာရီ ၁၅ မိနစ်အထိ Times City နှင့် Junction Square Outdoor Area တို့တွင် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုအားပေးနိုင်မည်ဖြစ်ပါသည်။ ယခုပြိုင်ပွဲကြီးတွင် အကြိတ်အနယ် ယှဉ်ပြိုင်သွားမည့် ပွဲစဉ်များ၊ ပျော်ရွှင်စရာ အစီအစဉ်များအပြင် ပါဝင်ယှဉ်ပြိုင်သူများနှင့် ပရိသတ်များအတွက် တိုက်ရိုက်ဖျော်ဖြေ တင်ဆက်မှုများကိုလည်း စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

Gameverse Champion League တွင် Mobile Legends (MLBB) နှင့် အခြား Casual ဂိမ်းများအပါအဝင် အခြားထင်ရှားသော ဂိမ်းများလည်း ပါဝင်သွားမည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် Gameverse Champion League ပြိုင်ပွဲကြီးအတွက် ဆုကြေးငွေ သိန်း (၃၂၀) ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ရန်ကုန်၊ ပုသိမ်၊ တောင်ကြီး နှင့် မန္တလေးတိုင်းတို့မှ ချန်ပီယံများ၊ Gameverse Mission 2024 မှ အနိုင်ရရှိခဲ့သည့် အသင်းများဖြစ်သော Falcon Esports နှင့် AI Esports တို့နှင့်အတူ Gameverse Battle Land မှ အနိုင်ရရှိခဲ့သူများ စသည်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပါသည်။ Semi-final ပွဲစဉ်များကို ဇန်န၀ါရီလ (၁၁) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး Grand Final ပွဲစဉ်များကို ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကာ အနိုင်ရရှိသော ချန်ပီယံအသင်းကို တစ်ခါတည်း ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။

ရင်သပ်ရှုမောဖွယ်ရာ ပြိုင်ဆိုင်မှုများအပြင် အူရီဒူးမြန်မာသည် စိတ်လှုပ်ရှားစရာ ပွဲနေရာနှစ်ခုဖြင့် ပရိတ်သတ်များအတွက် အောက်မေ့ဖွယ် ပွဲအတွေ့အကြုံကိုလည်း ပေးစွမ်းသွားမည်ဖြစ်ပါသည်။ အကြိတ်အနယ် ယှဉ်ပြိုင်သွားမည့် ပွဲစဉ်များ၏ Main Stage ကို Times City Outdoor Area တွင် ကျင်းပသွားမည်ဖြစ်ပြီး Junction Square Outdoor Area တွင် ပရိသတ်များအနေဖြင့် အရည်အသွေးမြင့် LED ဖန်သားပြင်ကြီးများထက်တွင် ဂိမ်းကစားသူများ၏ လှုပ်ရှားမှုများကို ကြည့်ရှုခံစားနိုင်မည့် Watch Party Experience ကို ရရှိမည်ဖြစ်ပါသည်။ လာရောက်ကြည့်ရှုသူများသည် Cosplay ပြိုင်ပွဲများ၊ Photo Booth၊ အပန်းဖြေနိုင်သော Chill Zone နှင့် နာမည်ကျော် Streamer Monica နှင့် အတူကစားနိုင်မည့် Mobile Legends Fan Match ပြိုင်ပွဲများ အပါအဝင် အခြားသော အစီအစဉ်များစွာတွင်လည်း ပါဝင်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ဇန်န၀ါရီလ (၁၁) ရက်နေ့ (စနေနေ့) နေ့လယ် ၃ နာရီခွဲ အချိန်တွင် နာမည်ကျော် အဆိုတော် Shine မှ ဖျော်ဖြေမှုများပြုလုပ်သွားမည်ဖြစ်ပြီး ဇန်န၀ါရီလ (၁၂) ရက်နေ့ (တနင်္ဂနွေနေ့) နေ့လယ် ၃ နာရီ အချိန်တွင် Team 143 မှ ဖျော်ဖြေသွားမည်ဖြစ်ပါသည်။

အူရီဒူးမြန်မာမှ ဂိမ်းအသိုက်အဝန်းအတွက် အမှတ်ရဖွယ်အခမ်းအနားတစ်ခုအဖြစ် Times City နှင့် Junction Square တွင် ပြုလုပ်သွားမည့် အဆိုပါ Gameverse Champion League ပွဲကြီးတွင် ပါဝင်ဆင်နွှဲရန်အတွက် ပရိသတ်များကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါသည်။ Gameverse Champion League နှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက www.facebook.com/OoredooMyanmar နှင့် https://www.facebook.com/GameversebyOoredoo တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

.

.

.

.


 







 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်