MPT က သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH) ဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသဖြင့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable Network) ကို အပြီးတိုင် ပိတ်သိမ်းသွားမည်

  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အော်တိုတယ်လီဖုန်း ဝန်ဆောင်မှုများအား မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) ဖြင့်၂၀၁၆ ခုနှစ်မှစတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိပါသည်။

ယခုအခါတွင်‌ အောက်ဖော်ပြပါဇယားရှိ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း နှင့် တောင်ပိုင်း) တို့တွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသဖြင့် အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ‌ အော်တိုတယ်လီဖုန်းဝန်ဆောင်မှုများအား လက်ရှိ အသုံးပြုနေသည့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable Network) အစား မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) ဖြင့်သာ ဆက်လက် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၉) ရက်မှစ၍ ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable Network) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် ယခင်အော်တိုတယ်လီဖုန်းနံပါတ်များကို အပြီးတိုင် ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။ သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် ဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူ ချောမွေ့စွာ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် အချို့နေရာများတွင် (တပ်ဆင်မည့်လိပ်စာသည် FTTH ကွန်ရက် အတွင်းမှ အလွန်ဝေးကွာသောနေရာတွင် တည်ရှိနေခြင်း) နည်းပညာအခက်အခဲကြောင့် လိုင်းတပ်ဆင်ပေးရန် အဆင်မပြေနိုင်သည့် အခြေအနေများလည်း ရှိနိုင်ပါသည်။

အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ MPT အိတ်ချိန်းရုံးများအပါအဝင် နံပါတ်အဟောင်းမှ အသစ်သို့ပြောင်းလဲသည့် အော်တိုတယ်လီဖုန်းနံပါတ်များနှင့် သက်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။








သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များကို ရယူလိုပါက အထက်ပါဇယားတွင် ဖော်ပြထားသည့် နီးစပ်ရာ MPT ရုံးများရှိ သက်ဆိုင်ရာအိတ်ချိန်းများတွင် လျှောက်ထားနိုင်ပါသည်။ လိုအပ်သည့်အကူအညီများနှင့် အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက MPT Call Center ၁၀၆ ကို ဆက်သွယ်နိုင်ပါသည်။


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်