MPT က ဒုတိယအကြိမ် စုစုပေါင်းငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ ကံစမ်းမဲများပါဝင်သည့် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်မှ ပထမဆုံးသော ငွေသားဆုကံထူးရှင်များကို ကြေညာ

 မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွက် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်၏ ပထမဆုံးသော (ဒီဇင်ဘာလ) ကံထူးရှင်များ ထွက်ပေါ်လာပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ ယနေ့တွင် ကံထူးရှင်များကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီး စုစုပေါင်း ငွေသားကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ငွေသားဆု ကျပ်သိန်း (၁၀၀) သိန်းဆုရှင် (၁၀)ဦး နှင့် တယ်လီကွန်းဆု (၄၀) တို့ကို အသီးသီး ရွေးချယ်ခဲ့ပါသည်။










ကံထူးရှင်များစာရင်းကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ ငွေသားဆုလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက် MPT က ကံထူးရှင်များကို တိုက်ရိုက်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ တယ်လီကွန်းဆုများအတွက်လည်း ဆုရရှိသူများကို MPT က တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်ပါသည်။

MPT သည် ဒုတိယအကြိမ် စုစုပေါင်းငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ ကံစမ်းမဲများပါဝင်သည့် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်ကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျန်ရှိနေသေးသည့်ဆုများမှာ အထူးဆု ကျပ်သိန်း (၁,၀၀၀)ဆု (၁) ဆု၊ လစဉ်တိုင်းအတွက် ငွေသားကျပ်သိန်း (၁၀၀) ဆု (၁၀)ဆု နှင့် လစဉ် တယ်လီကွန်းဆုတို့ ဖြစ်ပါသည်။ MPT သုံးစွဲသူများအားလုံးအနေဖြင့် ကံစမ်းမဲလက်မှတ်များ ရရှိနိုင်ရန် မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသည်ဖြင့်) ဝယ်ယူကာ အဆိုပါအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

အထက်ပါ အစီအစဉ်အပြင် MPTသည် “Lucky Pack” ပရိုမိုးရှင်းအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိပြီး သုံးစွဲသူများအနေဖြင့် အဆိုပါအစီအစဉ်တွင်ပါဝင်ခြင်းဖြင့် “ကံထူးလက်ဆောင်များ” ဖြစ်သည့် ဒေတာ၊ ဖုန်းပြောမိနစ်နှင့် ပြန်အမ်းငွေများကို ကံထူးရရှိနိုင်မည့်အပြင် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်မှ ငွေသားဆု လက်ဆောင်များကို ကံထူးနိုင်မည့် ကံထူးခွင့်လက်မှတ်များကိုလည်း ရရှိနိုင်မည် ဖြစ်ပါသည်။ အဆိုပါ Lucky Pack ပရိုမိုးရှင်း ဒီဂျစ်တယ်အစီအစဉ်ဖြစ်သော “နှစ်ကူးဖုန်းဘေလ်လက်ဆောင်ယူ Lucky Pack နှင့်အတူ” အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် MPT ဖုန်းဘေလ်များကို ကံထူးနိုင်မည်ဖြစ်ပါသည်။ “Lucky Pack” ပရိုမိုးရှင်း အစီအစဉ်၏အသေးစိတ်အချက်အလက်များကို https://mpt.com.mm/mm/mpt-lucky-pack/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT ၏ “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/lucky-happy-with-variety-of-prizes/ သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။


.

.

.

.





Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ