ဈေးနှုန်းတူ စမတ်ဖုန်းတွေထက် သာလွန်ကောင်းမွန်တဲ့ IP68/IP69 နဲ့အတူ အကြမ်းခံနိုင်ဆုံး AI ဖုန်းဖြစ်လာမဲ့ OPPO A5 Pro ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်ဝယ်ယူနိုင်ပြီ

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က ဝယ်ယူသူတိုင်းကို ဂုဏ်ယူဝံ့ကြွားမှု အပြည့်အဝနဲ့ ယုံကြည်မှုအပြည့်အဝရရှိလောက်အောင် ပြီးပြည့်စုံတဲ့ အကြမ်းခံမှုနဲ့ IP68/69 နဲ့အတူ ရေစိမ်ခံနိုင်တဲ့ ခပ်ကြမ်းကြမ်း OPPO A5 Pro ကို မေလ ၁ ရက်နေ့က စတင်ကာ မြန်မာနိုင်ငံဈေးကွက်အတွင်း ၈၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ယခုမိတ်ဆက်လာတဲ့ OPPO A Series မှာဆိုရင် အဆင့်အတန်းမြင့် IP69/68/66 ရေနှင့် ဖုန်ဒဏ်ခံနိုင်ရည်နှင့် Military-Grade Shock Resistance လက်မှတ်တို့နှင့်အတူ OPPO A Series အတွက် အလွန်တာရှည်ခံမှုနှင့် ယုံကြည်စိတ်ချရမှုကို ယူဆောင်လာပါတယ်။ ဒါတင်သာမက OPPO A Series ရဲ့ Pro ထုတ်ကုန်လို့ ပြောရလောက်အောင် ကောင်းမွန်ပြီး အကြမ်းခံနိုင်မှုအဆင့် ထိပ်တန်း လုပ်ဆောင်ချက်နဲ့အတူ AI လုပ်ဆောင်ချက်တွေ ပါရှိလာတဲ့ OPPO A5 Pro ဟာ သုံးစွဲသူတွေကို Pro အဖြစ် ခံစားနိုင်စေအောင် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ ကွန်ရက်ဆက်သွယ်မှုတွေအတွက် AI LinkBoost နှင့် BeaconLink၊ Flagship အဆင့်ရှိ AI လုပ်ဆောင်ချက်များ၊ ကြီးမားတဲ့ 5,800 mAh ဘက်ထရီတို့နှင့်အတူ သုံးစွဲသူတွေရဲ့ တစ်နေ့တာဘဝမှာ ကြာရှည်ခ...