ငလျင်ကြောင့် အခက်အခဲကြုံတွေ့ခံစားနေရသည့် ဒေသရှိ ပြည်သူများအတွက် MPT က အခမဲ့ဒေတာ၊ ကြိုက်နှစ်သက်ရာ ပြည်တွင်းဖုန်းခေါ်ဆိုမှုများ နှင့် MPT အချင်းချင်း စာတို (SMS) တို့‌ကို ဒုတိယအကြိမ်ပေးအပ်

 MPT က ငလျင်ကြောင့် အခက်အခဲနှင့် ကြုံတွေ့နေရသည့် ကာလအတွင်း မြန်မာပြည်သူပြည်သားများနှင့်အတူတကွ ရပ်တည်နေမှုကိုပြသခြင်းအဖြစ် ဒုတိယအကြိမ်မြောက် လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့် ငလျင်ဘေးဒဏ်ကြုံတွေ့နေရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများနှင့် အဆက်အသွယ် မပြတ်ရှိစေရန် MPT က အခမဲ့ ဒေတာ (1GB) ၊ ကြိုက်နှစ်သက်ရာ ပြည်တွင်းဖုန်းများသို့ ခေါ်ဆိုခွင့် မိနစ် (၁၀၀)၊ MPT အချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် (၇၀၀) နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၇၀၀ ကို ပေးအပ်သွား မည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုများကို (၇)ရက်အတွင်း (ဧပြီလ ၅ ရက် မှ ၁၁ ရက်) အသုံးပြုနိုင်မည် ဖြစ်ပါသည်။


မတ်လ (၂၈) ရက်က မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လှုပ်ခတ်ခဲ့သည့် မဂ္ဂနီကျု ၇.၇ အဆင့် အင်အားပြင်း ငလျင်ကြောင့် လူမှုအသိုက်အဝန်းများစွာ ထိခိုက် ပျက်စီးဆုံးရှုံးမှုနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု အခက်အခဲအချို့ကို ဖြစ်ပေါ်စေခဲ့ပါသည်။ MPT က ငလျင်ကြောင့် အခက်အခဲများ ကြုံတွေ့ခံစား နေရသည့် ဒေသခံ ပြည်သူများနှင့်ထပ်တူ များစွာစိတ်မကောင်းဖြစ်ရပြီး ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်ခဲ့ရသည့် သုံးစွဲသူများ၏ တယ်လီဖုန်းခေါ်ဆိုခြင်း ဝန်ဆောင်မှုအခက်အခဲကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာ စေရန် ဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ MPT သည် ငလျင်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသများရှိ ဝန်ထမ်းများအား ထောက်ပံ့ပေးရန် သိန်း(၃၀၀)ကျပ်ကို လှူဒါန်းဆောင်ရွက်နေပါသည်။ MPT ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ငလျင်ဘေးကြုံတွေ့ခံစားနေရသည့် ဒေသများသို့ လှူဒါန်းမှုများ ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူမှုအသိုက်အဝန်းများ ပြန်လည်ထူထောင်ရေးတွင် ပံ့ပိုးကူညီရန် ကတိပြုပါသည်။ ယခုအချိန်အထိ ဝန်ထမ်းများထည့်ဝင်လှူဒါန်းသည့် ငွေပမာဏ သိန်း(၂၀၀) နီးပါးကို လက်ခံရရှိပြီးဖြစ်ပါသည်။ MPTအနေဖြင့် ငလျင်ဘေး ကြုံတွေ့ခံစားနေရတဲ့ ဒေသခံများအတွက် လှူဒါန်းမည့်အစီစဉ်မှာ ပူးပေါင်းပါဝင်ကုသိုလ်ယူကြသူ ဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ 

အတူလက်တွဲအမြဲရှိမည် MPT



Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ