TikTok Shop က အာဆီယံဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အတွက် SOAR Together Program စတင်ဖော်ဆောင်
TikTok က SOAR Together Program (Supporting Our Artisans and Retailers) ကို အရှေ့တောင်အာရှဒေသအတွင်း စတင်ဖော်ဆောင်လိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများအတွင်း လုပ်ကိုင်နေသော စိတ်ပါဝင်စားသည့် MSMEs လုပ်ငန်းရှင်များအနေဖြင့် ဤနေရာတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ထိ နောက်ဆုံးထား ဝင်ရောက်လျှောက်ထားနိုင်ပါသည်။
TikTok Shop သည် အာဆီယံဖောင်ဒေးရှင်းနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN-BAC) တို့နှင့် ပူးပေါင်းပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ကို အားဖြည့်ပံ့ပိုးနိုင်ရန် ရည်ရွယ်သည့် SOAR Together Program (Supporting Our Artisans and Retailers) ကို အရှေ့တောင်အာရှဒေသအတွင်း စတင်ဖော်ဆောင်လိုက်ပါသည်။ ထိုအစီအစဉ်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ကို TikTok Shop ပလက်ဖောင်းမှ တစ်ဆင့် e-commerce၊ Live ရောင်းချမှု၊ ဒစ်ဂျစ်တယ်မားကက်တင်းနှင့် စီးပွားရေးချဲ့ထွင်မှုဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပံ့ပိုးကူညီရန် ရည်ရွယ်ထားပါသည်။
“အာဆီယံဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အခွင့်အလမ်းနည်းပါးတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ထိရောက်တဲ့ အခန်းကဏ္ဍ ထားရှိနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ASEAN Foundation နဲ့ ASEAN-BAC တို့နဲ့ ပူးပေါင်းပြီး MSMEs တွေကို TikTok Shop ပလက်ဖောင်းကနေ တစ်ဆင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကျွမ်းကျင်မှုတွေ ပံ့ပိုးပေးနိုင်မှာဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိသည်။ ယခုအစီအစဉ်ဟာ Inclusivity နှင့် Sustainability ကို အခြေခံပြီး မလေးရှားနိုင်ငံရဲ့ ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုကာလအတွင်း စတင်တင်ဆက်လိုက်တာဖြစ်ပါတယ်” ဟု TikTok ၏ Director of Southeast Asia Public Policy ဖြစ်သူ ဒါရိုက်တာ Ms. Chanida Klyphun က ပြောကြားခဲ့ပါသည်။
အမျိုးသမီးများ၊ လူငယ်များနှင့် လူနည်းစုအဖွဲ့များ ဦးဆောင်သည့် MSMEs များ အပါအ၀င် အခွင့်အလမ်းနည်းပါးသည့် ဒေသများမှ MSMEs များကို ပံ့ပိုးကူညီခြင်း
TikTok Shop၊ အာဆီယံဖောင်ဒေးရှင်းနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN-BAC) တို့သည် MSMEs များအတွက် ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးနှင့် စီးပွားရေးဆိုင်ရာ ပေါင်းစပ်ပါဝင်မှုကို တိုးတက်လာစေရန် ရည်ရွယ်ပြီး သက်ဆိုင်ရာကျွမ်းကျင်မှုများကို အသုံးချကာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် ကိုယ်ပိုင်စျေးကွက်အတွင်းသာမက ဒေသတွင်း၌ပါ တိုးတက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများပြုလုပ်နိုင်စေရန် အံဝင်ခွင်ကျသော ပံ့ပိုးကူညီမှုနှင့် အရင်းအမြစ်များ ပံ့ပိုးပေးမည်ဖြစ်ပါသည်။
အလုပ်အကိုင်ဖန်တီးမှု၊ ဝင်ငွေပံ့ပိုးမှုနှင့် ဒေသအခြေပြုစီးပွားရေးတည်မြဲမှုတို့တွင် MSMEs များသည် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါသည်။ အာဆီယံဒေသအတွင်းတွင် MSMEs သန်း၇၀ခန့်ရှိပြီး စုစုပေါင်းလုပ်ငန်းများ၏ ၉၇.၂ ရာခိုင်နှုန်းမှ ၉၉.၉ ရာခိုင်နှုန်းကြား ရှိကြပါသည်။ ထိုသို့ အရေးပါမှုရှိသော်လည်း ၎င်းတို့၏ တိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် အရေးကြီးသော ဘဏ္ဍာရေးဆိုင်ရာ အကန့်အသတ်များ၊ လုပ်ငန်းကျွမ်းကျင်မှု မလုံလောက်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်မှု နည်းပါးခြင်းစသည့် စိန်ခေါ်မှု အခက်အခဲများလည်း ရှိနေပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများအတွင်း လုပ်ကိုင်နေသော စိတ်ပါဝင်စားသည့် MSMEs များ အားလုံးကို ယခုအစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်ရန် ဖိတ်ခေါ်လိုက်ပါသည်။ စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် ဤနေရာတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ထိ နောက်ဆုံးထား ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူများအနေဖြင့် TikTok Shop ၏ ကျွမ်းကျင်သူများမှ အတွေ့အကြုံအခြေပြု အထူးသဖြင့် လိုအပ်သလို ညှိနှိုင်းပြင်ဆင်ထားသော ဒစ်ဂျစ်တယ်စီးပွားရေးကျွမ်းကျင်မှုများကို သင်ယူနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် TikTok Shop ပလက်ဖောင်းကို အခြေခံ၍ တိုက်ရိုက်ရောင်းချခြင်း (Live Selling) ကို အဓိကထားသော လက်တွေ့သင်ကြားမှုများနှင့် တက်ကြွသော အာဆီယံဒေသရှိ MSMEs များ၊ မူဝါဒရေးဆွဲသူများနှင့် သက်ဆိုင်ရာ အကျိုးတူပိုင်ရှင်များနှင့် ချိတ်ဆက်တွေ့ဆုံနိုင်သည့် အခွင့်အလမ်းများကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ASEAN SOAR Together အစီအစဉ်၏ အသေးစိတ်အချက်အလက်များကို ဤနေရာတွင် လေ့လာနိုင်ပါသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများကို လမ်းစဉ်အသစ်များဖြင့် ပံ့ပိုးခြင်း
TikTok Shop သည် အသုံးပြုသူများအတွက် ထူးခြားသည့် ထုတ်ကုန်များနှင့် ရောင်းချသူများကို ရှာဖွေတွေ့ရှိခြင်းမှ စတင်ကာ ဝယ်သူနှင့် ရောင်းသူ နှစ်ဖက်လုံးအတွက် ဝမ်းမြောက်ဖွယ် အတွေ့အကြုံများ ဖြစ်လာစေနိုင်သော အရေးပါသည့် ငွေလဲလှယ်မှုများကို App ပြင်ပသို့ ထွက်စရာမလိုဘဲ ပြောင်းလဲပေးနိုင်သည့်နေရာတစ်ခုဖြစ်ပါသည်။ ဤအစီအစဉ်မှ တစ်ဆင့် TikTok သည် အသေးစားလုပ်ငန်းများနှင့် Creator များအတွက် သီးသန့်ထောက်ပံ့မှုများနှင့် အရင်းအမြစ်များကို ဖြန့်ဝေကူညီပေးရန်ကတိကဝတ်ပြုထားပြီး ကြီးထွားတိုးတက်မှုနှင့် အပြည့်အဝ ပါဝင်မှုရှိသည့် လူမှုအသိုင်းအဝိုင်းတည်ဆောက်မှုကိုလည်း အားဖြည့်ကူညီသွားမည်ဖြစ်ပါသည်။ ASEAN SOAR Together အစီအစဉ်သည် အရှေ့တောင်အာရှဒေသတွင်းရှိ အသေးစားလုပ်ငန်းများနှင့် Creator များ၏ တစ်ဦးချင်း လိုအပ်ချက်များကို ဖြေရှင်းရန် TikTok ၏ မျှော်မှန်းချက်များထဲမှ အရေးပါသောခြေလှမ်းတစ်ခုဖြစ်ပါသည်။
ASEAN SOAR Together အစီအစဉ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ချမှတ်ထားသော ASEAN Strategic Action Plan for SME Development နှင့်အညီဖြစ်ပြီး ပြည်တွင်းအခြေပြုလုပ်ငန်းများကို ကမ္ဘာ့အဆင့်အတန်းရှိသော ဖန်တီးဆန်းသစ်နိုင်သည့် စီးပွားရေးလုပ်ငန်းများအဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် ASEAN Economic Community Blueprint 2025 တွင်လည်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို ASEAN စီးပွားရေးနှင့် လူမှုရေး ပြောင်းလဲမှုများအတွက် အဓိကမောင်းနှင်အားအဖြစ် မှတ်ယူထားပါသည်။
“ASEAN Foundation အနေနဲ့ အာဆီယံဒေသတစ်ခုလုံးအတွင်းရှိ အသိုင်းအ၀ိုင်းတွေကို အရေးပါတဲ့ နည်းလမ်းတွေနဲ့ ကူညီပံ့ပိုးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ TikTok Shop နဲ့ ASEAN Business Advisory Council (ASEAN-BAC) တို့ရဲ့ ချိတ်ဆက်ပူးပေါင်းမှုဟာ ထိုကဲ့သို့ နည်းလမ်းတစ်ခုဖြစ်ပြီး MSMEs တွေကို အထူးသဖြင့် အမျိုးသမီးတွေ၊ လူငယ်တွေနဲ့အခွင့်အလမ်းနည်းပါးတဲ့အဖွဲ့အစည်းတွေက ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတွေနဲ့ ဈေးကွက်ဝင်ခွင့်များ ရရှိစေနိုင်ဖို့ ကူညီပေးခြင်းဖြင့် ၎င်းတို့ရဲ့ တိုးတက်မှုကို ပံ့ပိုးပေးမယ့်အပြင် ပိုမိုချိတ်ဆက်ထားတဲ့ အာဆီယံကို ဖန်တီးရာမှာပါဝင်ပတ်သက်နေပါတယ်။ ဒါဟာ စီးပွားရေးအတွက်သာမက အပြည့်အဝ ပါဝင်ခွင့်ရမှု၊ စွမ်းဆောင်မှုနဲ့ ယနေ့ခေတ် ဒစ်ဂျစ်တယ်စီးပွားရေးမှာ လူတိုင်း အခွင့်အလမ်း ရရှိနိုင်ရေးအတွက်ဖြစ်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေက ခံနိုင်ရည်အားကောင်းတဲ့ လူမှုအခြေပြု အာဆီယံအသိုင်းအဝိုင်းကို တည်ဆောက်ရာမှာ တစ်ဦးတစ်ယောက်ကိုမှ ချန်မထားကြောင်းသက်သေပြနေပါတယ်” ဟု အာဆီယံဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ Dr. Piti Srisangnam က ပြောကြားခဲ့ပါသည်။
“TikTok Shop၊ ASEAN Foundation နဲ့ ASEAN Business Advisory Council (ASEAN-BAC) တို့အကြား ပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်းရှိ MSMEs တွေကို စွမ်းအင်ဖြည့်တင်းပေးနိုင်ရေးအတွက် အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်တယ်။ အာဆီယံရဲ့ ထိပ်ပိုင်း ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းအဖြစ် MSMEs တွေက ကျွန်တော်တို့ စီးပွားရေးစနစ်ရဲ့ အုတ်မြစ်ဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာတွေ အသုံးပြုရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများကိုလဲ သိရှိထားပါတယ်။ ဤအစီအစဉ်မှာ ဒစ်ဂျစ်တယ်၊ e-commerce နဲ့ Live Selling ဆိုင်ရာ ကျွမ်းကျင်မှုများအပြင် ဒေသတွင်း ဈေးကွက်ဝင်ခွင့်များကိုလဲ ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး စီးပွားရေးအပေါ် သက်ရောက်မှုအများဆုံး ဖြစ်ပေါ်လာစေနိုင်မှာဖြစ်ပါတယ်။ ဒါအပြင်အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ အခွင့်အလမ်းနည်းပါးတဲ့ အဖွဲ့အစည်းတွေ စီမံဆောင်ရွက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးခြင်းဖြင့် ဒစ်ဂျစ်တယ်ပြောင်းလဲမှုဟာ တန်းတူတိုးတက်မှုနှင့် တာဝန်ယူမှုရှိတဲ့ တိုးတက်မှုအတွက် စွမ်းအားတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ ASEAN SOAR Together အစီအစဉ်ဟာ ပုဂ္ဂလိကနဲ့ အများပြည်သူ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအနေဖြင့် မူဝါဒအလားအလာများကို လက်တွေ့ စီးပွားရေးအကျိုးအမြတ်တွေအဖြစ် ပြောင်းလဲပေးနိုင်ကြောင်း နမူနာပြနေသလို ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်စီးပွားရေးကြား အာဆီယံရဲ့ယှဉ်ပြိုင်မှုစွမ်းရည်ကို ခိုင်မာလာစေနိုင်ပါတယ်” ဟု အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN-BAC) ဥက္ကဋ္ဌ Tan Sri Nazir Razak က ပြောကြားခဲ့ပါသည်။
အာဆီယံဖောင်ဒေးရှင်းအကြောင်း
အာဆီယံကို တည်ထောင်ပြီး ဆယ်စုနှစ်သုံးစုအကြာတွင် အာဆီယံခေါင်းဆောင်များက မျှဝေသုံးစွဲမှု၊ အာဆီယံ အကြောင်းသိရှိမှုနှင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်မှုများ လုံလောက်မှု မရှိကြောင်း သတိပြု တွေ့ရှိခဲ့သည်။ ထို့ကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသော အာဆီယံ၏ နှစ်၃၀မြောက် နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးတွင် အာဆီယံဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သည်။ အာဆီယံဖောင်ဒေးရှင်းသည် အာဆီယံပြည်သူများအတွက် အာဆီယံပြည်သူများမှ ထွက်ပေါ်လာသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
စည်းလုံးညီညွတ်ပြီး သာယာဝပြောသော အာဆီယံအသိုက်အဝန်းကို တည်ဆောက်ရန်ဟူသည့် ရည်မှန်းချက်တစ်ခုကို အခြေခံ၍ တည်ထောင်ထားခြင်းဖြစ်သည်။ အာဆီယံ၏ တာဝန်ရှိသည့် အဖွဲ့တစ်ခုအဖြစ် အာဆီယံဖောင်ဒေးရှင်းသည် အာဆီယံပြည်သူများအကြား အသိပညာမြှင့်တင်မှု၊ မျှဝေမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ပေးရေး၌ အဓိကအခန်းကဏ္ဍမှ ထမ်းဆောင်နေပါသည်။ အာဆီယံဖောင်ဒေးရှင်းအကြောင်းကို www.aseanfoundation.org တွင် အသေးစိတ်ကို ကြည့်ရှုနိုင်ပါသည်။
ASEAN-BAC အကြောင်း
၂၀၀၁ ခုနှစ် နိုဝင်ဘာလတွင် ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘဂါဝမ်မြို့တွင် ကျင်းပသော ၇ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက စတင်တည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် တရား၀င် စတင်ခဲ့သည်။ ASEAN Business Advisory Council (ASEAN-BAC) သည် အာဆီယံ၏ စီးပွားရေးပေါင်းစည်းရေးကို ထောက်ပံ့နိုင်ရေးအတွက် အကြံပြုချက်များနှင့် တုံ့ပြန်ချက်များပေးသည့် ပုဂ္ဂလိက ကဏ္ဍအဖွဲ့အစည်းဖြစ်ပြီး အာဆီယံခေါင်းဆောင်များအနေဖြင့် ဦးတည်သင့်သည့် အရေးပါသော နယ်ပယ်များကိုလည်း လမ်းညွှန်ပြသပေးသည်။ ASEAN-BAC သည် အာဆီယံကဏ္ဍအလိုက် အဖွဲ့အသီးသီးနှင့် အပြန်အလှန် ဆက်ဆံရေးတွင် တည်ထောင်ထားသော စီးပွားရေးကောင်စီများနှင့် အဖွဲ့အစည်းများအချင်းချင်းညှိနှိုင်းရာတွင် ဦးဆောင်မည်ဖြစ်သည်။
ASEAN-BAC Malaysia အကြောင်း
ASEAN-BAC Malaysia သည် ဒေသတွင်း ASEAN-BAC ၏ အရေးပါသော အဖွဲ့ဝင်တစ်ခုဖြစ်ပြီး တင်ပြဆွေးနွေးပွဲများအားလုံးတွင် ပုံမှန်ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၃ ခုနှစ်မှစတင်ပြီး ASEAN-BAC Malaysia သည် အာဆီယံခေါင်းဆောင်များ၊ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံကဏ္ဍအလိုက်အဖွဲ့များနှင့် ဆွေးနွေးပွဲများတွင် မူဝါဒအကြံပြုချက်များကို တင်ပြခဲ့သည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံအသိုင်းအဝိုင်းဖွဲ့စည်းအကြောင်းကို မလေးရှားက တရားဝင် ကြေညာသောအချိန်တွင် ASEAN-BAC Malaysia က ဦးဆောင်ခဲ့သည်။ ASEAN-BAC Malaysia ကို ဥက္ကဋ္ဌ Tan Sri Nazir Razak နှင့်အတူ ကောင်စီ၀င်များဖြစ်သော Tan Sri Tony Fernandes နှင့် Mr. Lim Chern Yuan တို့က ကိုယ်စားပြုသည်။
၂၀၂၅ ခုနှစ်တွင် မလေးရှားသည် အာဆီယံဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ယူသည့်အတွက် ASEAN-BAC Malaysia သည် မလေးရှား၏ ဥက္ကဋ္ဌတာဝန်နှင့် ဦးစားပေး စီးပွားရေး ရလဒ်များ (Priority Economic Deliverables - PEDs) ကို ပံ့ပိုးရင်း ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများ၏ မူဝါဒဆိုင်ရာ ဦးဆောင်မှုများနှင့် အစီအစဉ်များတွင် ဂုဏ်ယူစွာဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဤရည်မှန်းချက်အပေါ်အခြေခံ၍ ASEAN-BAC Malaysia သည် မူဝါဒ ၁၂ ခုနှင့် အစီအစဉ်ပေါင်း ၆၀ ကျော်ကို ၂၀၂၅ တစ်နှစ်လုံးတွင် အကောင်အထည်ဖော်သွားရန် စီစဉ်ထားသည်။ ဤအစီအစဉ်များသည် ASEAN စီးပွားရေးပေါင်းစည်းမှုအပေါ် အထောက်အကူဖြစ်စေရန်နှင့် နိုင်ငံခြားကုန်သွယ်မှုများ တိုးတက်လာစေရန် ရည်ရွယ်ထားသည်။
TikTok အကြောင်း
TikTok သည် မိုဘိုင်းဖုန်းအသုံးပြု Short-form ဗီဒီယိုများအတွက် ထိပ်တန်းပလက်ဖောင်းတစ်ခုဖြစ်သည်။ ဖန်တီးမှုများကို အားပေးမြှင့်တင်ပေးပြီး ပျော်ရွှင်မှုကို ယူဆောင်ပေးခြင်းသည် TikTok ၏ Mission ဖြစ်သည်။ TikTok သည် Los Angeles၊ New York၊ London၊ Paris၊ Berlin၊ Dubai၊ Mumbai၊ Singapore၊ Jakarta၊ Seoul နှင့် Tokyo တို့တွင် ကမ္ဘာလုံးဆိုင်ရာရုံးများရှိသည်။ www.tiktok.com.
Comments
Post a Comment