Flagship ဆန်ဆန် Galaxy AI လုပ်ဆောင်ချက်တွေနဲ့ ပိုမိုစျေးသက်သာတဲ့ Galaxy S24 FE

 စွမ်းဆောင်ရည်အမြင့်မားဆုံးနဲ့ လူကြိုက်အများဆုံး Samsung Galaxy S24 FE စမတ်ဖုန်းကို ပိုမို သက်သာတဲ့ဈေးနှုန်း အသစ်တွေနဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း Samsung Myanmar က ယနေ့ ကြေညာလိုက်ပါတယ်။ လူကြိုက်အများဆုံး Galaxy AI လုပ်ဆောင်ချက်တွေပါဝင်တဲ့ Fan Edition စမတ်ဖုန်း Galaxy S24 FE ကို ပရီမီယံ ဒီဇိုင်း၊ မြင့်မားတဲ့ စွမ်းဆောင်ရည်၊ သင့်တင့်မျှတမှု အရှိဆုံးဈေးနှုန်းတွေနဲ့ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

 


Galaxy S24 FE စမတ်ဖုန်းတွေကို ယနေ့ (၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့) ကနေစတင်ပြီး

  • 8/128 GB မော်ဒယ်ကို ယခင်ဈေးနှုန်း မြန်မာငွေ ၃,၂၇၅,၀၀၀ ကျပ် ကနေ ဈေးနှုန်းအသစ် ၂,၆၇၅,၀၀၀ ကျပ်
  • 8/256 GB မော်ဒယ်ကို ယခင်ဈေးနှုန်း မြန်မာငွေ ၃,၅၇၅,၀၀၀ ကျပ်ကနေ ဈေးနှုန်းအသစ် ၃,၁၈၅,၀၀၀ ကျပ်

အသီးသီး နဲ့ မြန်မာနိုင်ငံတဝန်းက နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်ကြီးတွေမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။






 

Galaxy S24 FE စမတ်ဖုန်းကို လှပသစ်လွင်တဲ့ Bue, Mint, Grey အရောင် ၃ မျိုးအနက် ကြိုက်နှစ်သက်ရာ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပြီး

  • ၆.၇” Adaptive Dynamic AMOLED 2X မျက်နှာပြင်၊ 120Hz refresh rate နဲ့ Exynos 2400 Series Chipset
  • အကြမ်းခံနိုင်စွမ်းမြင့်မားတဲ့ Gorilla Glass Victus+ Aluminum Frame နဲ့ IP68 ရေဒဏ်၊ ဖုန်ဒဏ်ခံနိုင်မှု
  • Optical Image Stabilization (OIS) စနစ် ပါရှိတဲ့ 50MP Wide Lens၊ 8MP Telephoto Lens with 3x optical zoom၊ 12MP Ultra-Wide Lens နဲ့ 10MP selfie ကင်မရာ
  • Circle to Search၊ Interpreter နဲ့ LIVE Translate အစရှိတဲ့ စွမ်းဆောင်ရည်မြင့် Galaxy AI လုပ်ဆောင်ချက်

တွေနဲ့အတူ ဖန်တီးထုတ်လုပ်ထားပါတယ်။

 

ဒါ့အပြင် Galaxy S24 FE စမတ်ဖုန်းတွေကို ဝယ်ယူအားပေးသူတွေ အနေနဲ့

  • AYA Pay နဲ့ ချိတ်ဆက်မှာယူမယ်ဆိုရင် Down Payment လုံးဝ ပေးသွင်းစရာမလိုပဲ ၆ လ အတိုးမဲ့ အရစ်ကျ စနစ်နဲ့ ဝယ်ယူရရှိနိုင်မှု
  • ATOM SIM Card အသုံးပြုသူတွေအတွက် Operator Bundle Benefits များ
  • Samsung Care+ ဝန်ဆောင်မှု ပါရှိတဲ့အတွက် မတော်တဆ ဖုန်း အရှေ့မျက်နှာပြင် ထိခိုက် ပျက်စီးခြင်း အတွက် လက်ခနဲ့ပစ္စည်းတန်ဖိုး ၇၀% အထိ သက်သာခွင့် (သို့) ဖုန်း အနောက်မျက်နှာပြင် ထိခိုက် ပျက်စီးခြင်း အတွက် လက်ခနဲ့ပစ္စည်းတန်ဖိုး ၁၀၀% အထိ သက်သာခွင့်တွေကို ဝယ်ယူပြီး ၁၈ လအတွင်း ၁ ကြိမ် ခံစားရရှိနိုင်မှု

စတဲ့ ထပ်ဆောင်းအကျိုးခံစားခွင့်တွေကိုလည်း ရရှိသွားမှာ ဖြစ်ပါတယ်။

 

Galaxy S24 FE စမတ်ဖုန်းနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar Facebook Page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ 

Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်