MPT က TikTok Dance Challenge နှင့်အတူ“နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ထပ်မံ သက်တမ်း တိုးလိုက်ပြီဖြစ်

 မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်မှ မေလ ၃၁ ရက်အထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သုံးစွဲသူများ၏ ကောင်းမွန်သော တုံ့ပြန်မှုများနှင့် စိတ်ကျေနပ်မှုများကြောင့် MPT က TikTok Dance Challenge နှင့်အတူ “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ (၂) လ ထပ်မံ သက်တမ်းတိုးလိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်ပါသည်။


MPT သည် မတ်လ ၁၁ ရက်မှ မေလ ၁၉ ရက်အထိ (၁၀) ပတ်တာကာလအတွင်း အပတ်စဉ်ဆုများဖြစ်သည့် ပြန်အမ်းငွေလက်ဆောင် (၁၀၀,၀၀၀) ကျပ် နှင့် 100GB ဒေတာဆု ကံထူးရှင် စုစုပေါင်း (၂၀၀) ဦး ကိုရွေးချယ်ခဲ့ပြီး ဆုရရှိသူများကို MPT ၏ ဆိုရှယ်မီဒီယာများတွင် ကြေညာခဲ့ပြီး ဖြစ်ပါသည်။

MPT သည် အထူးဆု ငွေသားဆု ကျပ်သိန်း (၁,၀၀၀) ဆု (၁) ဆုနှင့် သိန်း (၁၀၀) ဆု (၅) ဆု ပါဝင်သည့် စုစုပေါင်း ငွေသားဆု ကျပ်သိန်း (၁,၅၀၀) ဆုကို သြဂုတ်လတွင် တိုက်ရိုက်ထုတ်လွှင့်ရွေးချယ်သွားမည် ဖြစ်ပါသည်။ အဆိုပါအစီအစဉ်သည် အပတ်စဉ်ဆုများဖြစ်သည့် ပြန်အမ်းငွေလက်ဆောင် (၁၀၀,၀၀၀) ကျပ် နှင့် 100GB ဒေတာဆုများကိုလည်း ပေးအပ်သွားမည် ဖြစ်ပါသည်။ သုံးစွဲသူများသည် မည်သည့်နည်းလမ်းဖြင့်မဆို ကြိုက်နှစ်သက်ရာ ပက်ကေ့ချ် (စာတို၊ ဖုန်းခေါ်ဆိုမှု၊ ဒေတာ၊ ထပ်ဆောင်းဝန်ဆောင်မှုများ အစရှိသည်)တို့ကို လွယ်ကူစွာ ဝယ်ယူပြီး ကံထူးဆုများကို ရရှိနိုင်မည် ဖြစ်ပါသည်။


သက်တမ်း ထပ်တိုးလိုက်သည့် “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်နှင့် အတူ အကဝါသနာရှင် များအနေဖြင့် မေလ ၂၆ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း “တူတူကပါ TikTok မှာ နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” အစီအစဉ်တွင် ပါဝင်ကာ ငွေသားဆုများနှင့် တယ်လီကွန်းဆုများကိုလည်း ထပ်မံ ကံထူးနိုင်မည် ဖြစ်ပါသည်။

ကံထူးဆုများမှာ


• Best Engagement Prize ဆု ၂ ဆုအတွက် တစ်ဦးလျှင် (၅၀၀,၀၀၀) ကျပ် (ဇွန်လအတွက် (၁) ဆုနှင့် ဇူလိုင်လ အတွက် (၁) ဆု)


• Best Dance Contribution Reward ဆု (၃၀) ဆုအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ် (ဇွန်လအတွက် (၁၅)ဆု နှင့် ဇူလိုင်လအတွက် (၁၅) ဆု)


• Follower Supporting Reward ဆုအတွက် (၁၀,၀၀၀) ကျပ်တန် MPT ငွေဖြည့်ကတ် (အပတ်စဉ်တိုင်းအတွက် ၁၀ ဆု) တို့ ဖြစ်ပါသည်။


“တူတူကပါ TikTok မှာ နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ’” အစီအစဉ်နှင့် ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များကို https://bit.ly/MPT1500Dance တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

MPT သည် ငွေသားဆုလက်ဆောင်ကံထူးရှင်များ ၎င်းတို့၏ ဆုများ ထုတ်ယူနိုင်ရန်အတွက် တိုက်ရိုက် ဆက်သွယ် ပေးသွားမည်ဖြစ်ပြီး တယ်လီကွန်းဆုကံထူးသူများကိုလည်း ၎င်းတို့၏ အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်း ပေးမည် ဖြစ်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က ““နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီကနေ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေနဲ့ စိတ်ကျေနပ်မှုတွေများစွာ ရရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ TikTok Dance Challenge နဲ့ အတူ “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ထပ်မံ သက်တမ်း တိုးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတစ်ဆင့် ကျွန်တော်တို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေအတွက် စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်တွေ ပေးအပ်ထားပါတယ်။ အကဝါသနာရှင်တွေအပါအဝင် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအားလုံးကို ဒီအစီအစဉ်မှာ ပါဝင်ပြီး စိတ်လှုပ်ရှားဖွယ် ဆုလက်ဆောင်တွေ ကံထူးဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်ရှိပါသည်။ MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။



.

.


Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်