MPT က သုံးစွဲသူများ အဆင်ပြေစေရန်အတွက် A+ Wallet ၊ NearMe တို့ နှင့် ပူးပေါင်း၍ ငွေပေးချေမှုနည်းလမ်းအသစ်များကို တိုးချဲ့ ဆောင်ရွက်

 မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် ငွေပေးချေမှုနည်းလမ်းအသစ်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် အသုံးပြုပြီးမှပေးဆောင်ရသော (postpaid) သုံးစွဲသူများ (B2B နှင့် B2C) နှင့် FTTH သုံးစွဲသူများအားလုံးအတွက် A+ Wallet နှင့် NearMe အမှတ်အသားရှိသောဆိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ကာ လွယ်ကူချောမွေ့သော ငွေပေးချေမှုနည်းလမ်းအသစ်များကို စတင်ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။




ယခုထပ်မံတိုးချဲ့လိုက်သည့် နည်းလမ်းများဖြင့် MPT သုံးစွဲသူများသည် A+ Wallet နှင့် NearMe အမှတ်အသား ရှိသောဆိုင်များမှတစ်ဆင့် လစဉ်ငွေပေးချေမှုများကို လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ လွယ်ကူချောမွေ့စွာ ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။

MPT သုံးစွဲသူများသည် ၎င်းတို့၏ လစဉ်ငွေပေးချေမှုများအတွက် အောက်ဖော်ပြပါ ငွေပေးချေမှု နည်းလမ်းများစွာကို ရွေးချယ်နိုင်ပါသည်။


• A+ Wallet : https://bit.ly/MPT-AplusWalletUserManual


• NearMeအမှတ်အသားရှိသောဆိုင်များ: https://www.nearme.com.mm/our-services-my/eservices-my/ .


• လက်ရှိ ငွေပေးချေမှုနည်းလမ်းများ : https://mpt.com.mm/en/payment-channels/ 


ထိုအပြင် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန်အတွက် https://einvoice.mpt.com.mm/#/Einvoice တွင် E-invoicing အကောင့် စာရင်းသွင်းနိုင်ပါသည်။ ထိုကဲ့သို့ စာရင်းသွင်းခြင်းဖြင့် သုံးစွဲသူများသည် ငွေတောင်းခံလွှာများကို email နှင့် SMS အသိပေးစာမှတစ်ဆင့် လွယ်ကူစွာ လက်ခံနိုင်မည် ဖြစ်ပါသည်။


MPT-KSGM JO စီးပွားရေးဌာနအရာရှိချုပ်၏ အကြံပေးအရာရှိဖြစ်သူ Mr. Yoshinori YAGI က “ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေပေးအပ်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ A+ Wallet နှင့် NearMe အမှတ်အသားရှိတဲ့ ဆိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ငွေပေးချေမှုနည်းလမ်းတွေ တိုးချဲ့ဆောင်ရွက်ခြင်းက သုံးစွဲသူတွေကို ပိုမို အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချရတဲ့ ငွေပေးချေမှု အတွေ့အကြုံတွေကို ပေးအပ်ဖို့ ရည်ရွယ်ထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ ပိုမိုအဆင်ပြေတဲ့ ရွေးချယ်မှုတွေ ပေးအပ်နိုင်ဖို့အတွက် နောက်ထပ်မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။


ထို့အပြင် သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းတွင် နောက်ဆုံး ၆ လအတွက် ငွေတောင်းခံလွှာနှင့် ငွေပေးချေမှု အချက်အလက်များကို စစ်ဆေးနိုင်ပြီး MPT4U အက်ပလီကေးရှင်းကို Android အသုံးပြုသူများအတွက် https://bit.ly/MPT4UDownLoad နှင့် iOS အသုံးပြုသူများအတွက် https://apple.co/2Q5Cgei တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။


MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPTအကြောင်း ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။







Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ