Samsung Myanmar မှ သဘာဝငလျင်ဘေးဒဏ် ခံစားခဲ့ရသောဒေသများအတွက် ငွေကျပ် သိန်း ၁,၄၀၀ တန်ဖိုးရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းများလှူဒါန်း

 Samsung Myanmar အနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရသော ဒေသများအတွက် ပြန်လည်ထူထောင်ရေးအထောက်အပံ့များ ပေးအပ်ကူညီနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါမှာလည်း စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၁,၄၀၀ တန်ဖိုးရှိ Samsung အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် နှင့် အင်းလေးတို့မှ လိုအပ်တဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

 

Samsung Myanmar ဟာ TV၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ Aircon စတဲ့ Samsung အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ပြည်သူ့ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ဂေဟာများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ဘုရားစေတီများ၊ လူမှုကူညီကယ်ဆယ်ရေး စင်တာများ နဲ့ လေဆိပ် စတဲ့ အဖွဲ့အစည်း၊ နေရာများမှာ လိုက်လံ တပ်ဆင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

 

Samsung Myanmar ဟာ ဧပြီလအတွင်းမှာလည်း မန္တလေးနဲ့ နေပြည်တော်တို့မှာ ငလျင်ဘေးဒဏ်အတွင်း ထိခိုက်ခဲ့တဲ့ Samsung မိုဘိုင်းဖုန်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြန်လည်စစ်ဆေးပြီး "လက်ခ" အခမဲ့ ပြုပြင်ပေးတဲ့ ဝန်ဆောင်မှုတွေလည်း ပြုလုပ်ပေးခဲ့သေးတာဖြစ်ပြီး အခုလက်ရှိမှာတော့ စစ်ကိုင်း၊ နေပြည်တော် နှင့် အင်းလေးဒေသခံတွေရဲ့ အခြေခံရေသန့်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး ဆိုလာစနစ်သုံး ရေသန့်စက်အဆောက်အဦများကိုလည်း ပြုလုပ်လှူဒါန်းလျက်ရှိပါတယ်။

 

Samsung Myanmar အနေနဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသော မြန်မာပြည်သူများနဲ့အတူ ရပ်တည်လျက်ရှိပြီး ဒေသခံအဖွဲ့အစည်းများနဲ့လည်းလက်တွဲကာ ပြန်လည်ထူထောင်ရေးအထောက်အပံ့တွေကိုလည်း တတ်စွမ်းသမျှ ပံ့ပိုးပေးနိုင်ရန်ကြိုးပမ်းလျက်ရှိနေတာပဲဖြစ်ပါတယ်။ 



Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး