TikTok က အကောင့်လုံခြုံရေးဆက်တင်များကို အလွယ်တကူ စစ်ဆေးနိုင်မည့် Tool အသစ် 'Security Checkup' ကို မိတ်ဆက်
အကောင့်လုံခြုံရေးဆက်တင်များကို အလွယ်တကူ ပြန်လည်သုံးသပ်ပြီး အပ်ဒိတ်လုပ်ရန် အလုံးစုံပါ၀င်သည့် လုံခြုံရေးဒက်ရှ်ဘုတ်တစ်ခုကို ပံ့ပိုးပေးနိုင်ရန်အတွက် အစွမ်းထက်သော Tool အသစ်ဖြစ်သည့် လုံခြုံရေးစစ်ဆေးမှု 'Security Checkup' ကို TikTok က မကြာသေးမီက မိတ်ဆက်ပေးလိုက်ပါသည်။ ၎င်း၏ ရှင်းလင်း ပြည့်စုံသော မြင်ကွင်းမှတစ်ဆင့် အသုံးပြုသူများသည် မိမိတို့ အကောင့်ကို ထိန်းချုပ်ကာ စက္ကန့်ပိုင်းအတွင်း အပ်ဒိတ်များ ပြုလုပ်ခြင်းဖြင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ကြမည်ဖြစ်ပါသည်။
Tap အနည်းငယ်နှိပ်ရုံဖြင့် သိရှိနိုင်သည့် လုံခြုံရေးဆိုင်ရာ အချက်အလက်များ
သင်၏ TikTok အကောင့်လုံခြုံအောင် ယခင်ကထက် ပိုမိုလွယ်ကူစွာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ အသုံးပြုသူများသည် ၎င်းတို့၏ TikTok ပရိုဖိုင်မှ တစ်ဆင့် 'Settings and Privacy' ကိုရွေးချယ်ပြီး 'Security & Permissions' ကို နှိပ်ကာ ဝင်ရောက်နိုင်ပါသည်။ နှိပ်လိုက်ပါက 'Security Checkup' ပေါ်လာပြီး အကောင့်များ ဘေးကင်းစေရန် ဒီဇိုင်းထုတ်ထားသော အဓိကလုံခြုံရေး Feature များကို အဆင့်ဆင့်လမ်းညွှန်ပေးမည်ဖြစ်ပါသည်။
- လော့ဂ်အင် (Log in) ၀င်ခြင်းကို ကာကွယ်ကန့်သတ်ထားပါ - လော့ဂ်အင်၀င်ရန် အရန်နည်းလမ်းတစ်ခုအနေဖြင့် ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ နှစ်မျိုးလုံးကို ချိတ်ဆက်ထားပါ။
- အကောင့်ကာကွယ်ရေးကို နှစ်ဆမြှင့်တင်ပါ - အကျွမ်းတဝင် မရှိသော Device တစ်ခုမှ လော့ဂ်အင်ဝင်သည့်အခါ ပိုမိုလုံခြုံမှုရှိစေရန်အတွက် ၂ ဆင့်အတည်ပြုခြင်း 2-Step Verification ကိုဖွင့်ပါ။ ထိုအကြောင်းကို ဤနေရာတွင် ပိုမိုလေ့လာနိုင်ပါသည်။
- အကောင့်လော့ဂ်အင်ဝင်ထားသည့် Device များကို စစ်ဆေးပါ - သင့်အကောင့်ကို မည်သည့် Device များဖြင့် ဝင်ရောက်ထားသည်ကို ပုံမှန်စစ်ဆေးပြီး မသိနိုင်သည့် သို့မဟုတ် အသုံးမပြုတော့သည့် Deviceများ အားလုံးကို ဖယ်ရှားလိုက်ပါ။ ထိုအကြောင်းကို ဤနေရာတွင် ပိုမိုလေ့လာနိုင်ပါသည်။
- သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်ကို လျင်မြန်စွာ ရှာဖွေသိရှိပါ - TikTok သည် ပုံမှန်မဟုတ်သော အကောင့်လုပ်ဆောင်ချက်များကို လျင်လျင်မြန်မြန် စစ်ဆေးပြီး တွေ့ရှိပါက အသုံးပြုသူအနေဖြင့် စစ်ဆေးသုံးသပ်နိုင်ရန်အတွက် 'Security & Permissions' ဆက်တင်ထဲတွင် Flag လုပ်ပေးမည်ဖြစ်ပါသည်။
- စကား၀ှက် မဟုတ်ဘဲ Passkey များသုံးပြီး ၀င်ရောက်ပါ - လုံခြုံပြီး ချောမွေ့စွာ အကောင့်ကို ဝင်အသုံးပြုရန်အတွက် Face ID သို့မဟုတ် Touch Unlock ကဲ့သို့သော စစ်မှန်ကြောင်းအထောက်အထားပြနည်းလမ်းများကို အသုံးပြုပါ။ ထိုအကြောင်းကို ဤနေရာတွင် ပိုမိုလေ့လာနိုင်ပါသည်။
ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးသည် TikTok အတွက် အဓိကဖြစ်သည်
ကမ္ဘာလုံးဆိုင်ရာ အသုံးပြုသူအသိုင်းအဝိုင်း၏ ဒေတာကို ကာကွယ်ခြင်းသည် TikTok ၏ အဓိက ဗဟိုချက်ဖြစ်ပါသည်။ TikTok သည် အဆင့်တိုင်းတွင် အကာအကွယ်များ ပေးနိုင်ရန်အတွက် ရင်းနှီးမြုပ်နှံကာ လူများကို ဖန်တီး၊ ချိတ်ဆက်နိုင်ပြီး ယုံကြည်စိတ်ချစွာ မျှဝေနိုင်မည့် ရွေးချယ်မှုနှင့် ထိန်းချုပ်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးထားပါသည်။ TikTok သည် @TikTokTips ကဲ့သို့ ပညာပေးစီးရီးများမှ တစ်ဆင့်လည်း ၎င်း၏ကမ္ဘာ့အသိုင်းအဝိုင်းကို #BeCyberSmart ဖြစ်စေရန် အားပေးထားပါသည်။
TikTok ၏ ကိုယ်ရေးလုံခြုံမှုစင်တာ၊ အကူအညီစင်တာနှင့် သတင်းအချက်အလက်မျှဝေသည့် စီးရီးများဖြစ်သည့် TikTok Privacy Studio နှင့် TikTok Facts တို့တွင် TikTok ၏ ကိုယ်ရေးကိုယ်တာနှင့် ဒေတာလုံခြုံရေးဆိုင်ရာ ကျင့်ထုံးနည်းလမ်းများအကြောင်း ပိုမိုလေ့လာနိုင်ပါသည်။


Comments
Post a Comment