Posts

Showing posts from June, 2025

TikTok ၏ ပိုမိုဘေးကင်းသော ဒစ်ဂျစ်တယ် အတွေ့အကြုံအတွက် ဆယ်ကျော်သက်များနှင့် မိဘများကို အသိပညာမြှင့်တင်ပေးခြင်းနှင့် မိသားစုဘေးကင်းရေးလုပ်ဆောင်ချက်များ

Image
 TikTok သည် အသုံးပြုသူအားလုံး အထူးသဖြင့် ဆယ်ကျော်သက်များအတွက် လုံခြုံပြီး ဖန်တီးနိုင်စွမ်းကောင်းကောင်းနှင့် အားလုံးပါ၀င်နိုင်သည့် အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ကတိပြုထားပါသည်။ ဒစ်ဂျစ်တယ်ပလပ်ဖောင်းများသည် လူငယ်များ၏ နေထိုင်မှုဘ၀တွင် အရေးပါလာသည့်အလျောက် လုံခြုံစိတ်ချရသည့် ပတ်၀န်းကျင်တစ်ခုဖြစ်နေစေရန် အထူးအရေးကြီးသည်။ ထို့ကြောင့် TikTok က လူငယ်များ၏ လုံခြုံရေးကို ထောက်ပံ့ပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများကို App အတွင်းရှိ အကာအကွယ်များ၊ တက်ကြွသော မူဝါဒများနှင့် Feature များမှ တစ်ဆင့် တိုးမြှင့်လုပ်ဆောင်ကာ ဒစ်ဂျစ်တယ်အသုံးပြုမှုအလေ့အထများ ကောင်းမွန်လာအောင် အားပေးကြိုးပမ်းလျက်ရှိပါသည်။ ယခုဆောင်းပါးတွင် TikTok က လူငယ်များနှင့် အုပ်ထိန်းသူများအတူတကွ လုံခြုံသည့် အွန်လိုင်းအသုံးပြုမှုကိုရရှိနိုင်အောင် ဖန်တီးပေးထားသည့် လုံခြုံရေးဆိုင်ရာ Tool များအကြောင်း အဓိက ဖော်ပြသွားမည်ဖြစ်ပါသည်။ အကောင့်ဆက်တင်များ (Account Settings) ဆယ်ကျော်သက်များ၏ အွန်လိုင်းတည်ရှိမှုကို ကူညီပံ့ပိုးပေးရန်အတွက် ကိုယ်ရေးကိုယ်တာနှင့် အကောင့်စီမံခန့်ခွဲမှု ဆက်တင်များစွာကို TikTok က ဖန်တီးပေးထားပါသည်။ အသက် ၁၆ နှစ်အောက်...

MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၃) မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

Image
  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီး၊ လှည်းကူး နှင့် ကော့မှူးမြို့နယ်များတွင် ‌ဖိုင်ဘာအင်တာနက် (FTTH) ၊ ဖိုင်ဘာအင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှု (VoIP)၊ ကြိုးဖုန်းဝန်ဆောင်မှုနှင့် စီးပွားရေးသုံး (B2B) ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်သော ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သောကြာနေ့ (ဇွန် ၂၇)တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။  အဆိုပါ နည်းပညာအဆင့်မြှင့်တင်မှုသည် MPT ၏ ကတိကဝတ်ဖြစ်သည့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးပေးအပ်ရန်နှင့် ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ နည်းပညာအဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း အဆိုပါနေရာများရှိ သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ယာယီပြတ်တောက်မှု ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ယာယီပြတ်တောက်မှုသည် အဆင့်မြှင့်တင်မည့် နေရာနှင့် ရက်စွဲပေါ်မူတည်၍ (၁၅) မိနစ် မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ...

ထူးခြားသာလွန်တဲ့ Ultra မိုဘိုင်းဖုန်းသုံးစွဲမှု အတွေ့အကြုံကို ဖွင့်ဟပြလာတော့မယ့် Samsung Galaxy Unpacked July 2025

Image
  ထူးခြားဆန်းသစ်တဲ့ Ultra အဆင့် ထိပ်တန်းလုပ်ဆောင်ချက်တွေနဲ့ Galaxy Foldable အသစ်တွေကို ဇူလိုင်လ (၉) ရက်နေ့၊ ည (၈) နာရီခွဲ မှာပြုလုပ်သွားမယ့် Samsung Galaxy Unpacked LIVE မှာ တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ Samsung Electronics ဟာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ကြည်လင်ပြတ်သားတဲ့ ကင်မရာ၊ ပိုမိုအဆင့်မြင့်တဲ့ ဆက်သွယ်ချိတ်ဆက်မှုလုပ်ဆောင်ချက်နဲ့ သုံးစွဲသူတွေအတွက် အမှန်တကယ်လိုအပ်ပြီး အသုံးဝင်တဲ့ ထုတ်ကုန်တွေကို စဉ်ဆက်မပြတ် ထုတ်လုပ်ပေးလျက်ရှိတာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီပဲဖြစ်ပါတယ်။ Samsung ရဲ့ Galaxy AI ကတော့ သာမာန်ထုတ်ကုန်တွေထက်ကို ကျော်လွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ သုံးစွဲသူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ကောင်းသထက် ပိုမိုကောင်းမွန်အောင် ကူညီပေးလျက်ရှိတာဖြစ်ပါတယ်။ AI ရဲ့အခန်းကဏ္ဍ ပိုမိုတွင်ကျယ်လာတာနဲ့အတူ မျိုးဆက်သစ် Galaxy ထုတ်ကုန်တွေရဲ့ အလားအလာကို အဆုံးအစွန်ဖွင့်ဟပြနိုင်ဖို့အတွက် AI-powered interface အသစ်နဲ့ ထိပ်တန်းလုပ်ဆောင်ချက်တွေအသုံးပြုနိုင်အောင် ပြုလုပ်ပေးလာမှာဖြစ်ပြီး ထူးခြားဆန်းသစ်တဲ့ တိုးတက်မှုတွေရှိလာတဲ့ Hardware ပိုင်းကိုလည်း တွေ့မြင်ရတော့မှာပါ။   Samsung ရဲ့ အကောင်းမွန်ဆုံ...

MPT က အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ်အဖြစ် "TeamFit: Unite & Move" ဒုတိယအကြိမ်မြောက် ယောဂ ကျန်းမာရေးလှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းရှိ MPT ရုံးများတွင် ဆောင်ရွက်

Image
 မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT သည် ၎င်း၏ ရည်မှန်းချက်ဖြစ်သော သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးမှုနှင့်အတူ ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းမှ ဝန်ထမ်းများပါဝင်မှုဖြင့် "TeamFit: Unite & Move" ဒုတိယအကြိမ်မြောက် ယောဂ ကျန်းမာရေး လှုပ်ရှားမှုကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၃) ရက်တွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ယောဂကျန်းမာရေးလှုပ်ရှားမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ဝန်ထမ်း ၃၀၀ ကျော် ကိုယ်တိုင်နှင့် အွန်လိုင်းမှတစ်ဆင့် ပါဝင်ခဲ့ကြပါသည်။ အဆိုပါလှုပ်ရှားမှုသည် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှုကို အားပေးသည့်အပြင် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနှင့် အကောင်းမြင်စိတ် တို့ကိုလည်း မြှင့်တင်ပေးခဲ့ပါသည်။ အဆိုပါ ယောဂ ကျန်းမာရေးလှုပ်ရှားမှုသည် အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ အပြုသဘော ဆောင်သော အလုပ်နှင့်ဘဝ မျှတမှုနှ...

MPT က ကမ္ဘာ့သွေးလှူရှင်များများနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုတွင် (၁၆) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဆောင်ရွက်

Image
 ဇွန်လ (၁၄) ရက်တွင် ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် MPT က ပုံမှန်ပြုလုပ်နေကျဖြစ်သည့် သွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို ဇွန်လ (၂၀) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုသည် MPT ၏ (၁၆) ကြိမ်မြောက် သွေးလှူဒါန်းခြင်း လှုပ်ရှားမှုဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၀) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုရှိ MPT ဝန်ထမ်းများ နှင့် စေတနာသွေးလှူရှင် စုစုပေါင်း (၂၃၀) ကျော် သွေးလှူဒါန်းခဲ့ကြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ ဖော်ပြချက်အရ ပထမဆုံးအကြိမ် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ၂၀၀၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ကျင်းပသော (၅၈) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ အဆိုပါ နေ့ကို နှစ်စဉ်ကျင်းပသော ကမ္ဘာလုံးဆိုင်ရာအခမ်းအနားအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါသည်။ သွေးလှူဒါန်းခြင်း၏ အရေးပါပုံကို အသိပညာပေးရန် နှင့် အသက်ပေါင်းများစွာကို ကယ်တင်ခြင်းနှင့် ကျန်းမာရေး ပိုမိုတိုးတက်ကောင်းမွန်ရေး...

တိုင်းဒေသကြီး နှင့် ပြည်နယ် (၇) ခုတို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable)အား ဖိုင်ဘာကေဘယ်လ်စနစ် (FTTH) ဖြင့်အစားထိုး၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Image
 MPT သည် အဓိက ပြည်နယ် နှင့် တိုင်းဒေသကြီး (၇) ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် ၎င်း၏ မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH) အဆင့်မြှင့်တင်မှုများကို အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ MPT သည် ၂၀၁၆ ခုနှစ်တွင် FTTH ဝန်ဆောင်မှုများကို စတင်ပေးအပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစ၍ ၎င်း၏ လက်ရှိအသုံးပြုနေသည့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ်အစား မြန်နှုန်းမြင့် ဖိုင်ဘာကွန်ရက်စနစ်ဖြင့်အစားထိုး၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ MPT သည် အဆိုပါအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်မှစတင်၍ အော်တိုတယ်လီဖုန်းနံပါတ်အသစ်များအသုံးပြုကာ မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH)သို့ အပြည့်အဝ ပြောင်းလဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။   မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH)သို့ အဆင့်မြှင့်တင်မှု ဆောင်ရွက်ပြီးသော ‌ဒေသများရှိ သုံးစွ...

TikTok က အသုံးပြုသူများအတွက် နှစ်သက်သော အကြောင်းအရာအသစ်များနှင့် ဗီဒီယိုဖန်တီးသူများကို ရှာဖွေရန် နည်းလမ်းအသစ်များကို မိတ်ဆက်

Image
 TikTok တွင် For You feed သည် အသုံးပြုသူမှုအတွေ့အကြုံအတွက် အလွန်အရေးပါပြီး အသုံးပြုသူများအတွက် စိတ်၀င်စားမှုအသစ်များကို ရှာဖွေနိုင်ကာ Creator များအတွက် အောင်မြင်သော အသိုင်းအ၀ိုင်းတစ်ခုကို တည်ဆောက်နိုင်သည့်နေရာဖြစ်ပါသည်။ ထို့ကြောင့် အသုံးပြုသူများအနေဖြင့် မိမိတို့ feed ကို စိတ်တိုင်းကျ ပြင်ဆင်ပြီး Creator အသစ်များကိုပါ ရှာဖွေနိုင်မည့် feature အသစ်များကို TikTok က ထပ်မံကြေညာလိုက်ပါသည်။ ထိုအထဲတွင် အကြောင်းအရာဗီဒီယိုများကို စိတ်တိုင်းကျရွေးချယ်ပြင်ဆင်နိုင်မည့် နည်းလမ်းအသစ်၊ ပိုမိုအားကောင်းသော Keyword Filter များနှင့် For You feed ကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်မည့် ပညာပေးလမ်းညွှန်ချက် စသည်တို့ ပါ၀င်ပါသည်။   မိမိစိတ်ကြိုက်အကြောင်းအရာများကို ရှာဖွေရန် Tool အသစ်များ For You feed သည် အသုံးပြုသူများ ၎င်းတို့နှင့် ကိုက်ညီမည့် အကြောင်းအရာဗီဒီယိုများနှင့် Creator များကို ရှာတွေ့နိုင်အောင် ကူညီပေးပါသည်။ ထိုသို့ရှာဖွေမှု အတွေ့အကြုံကို ပိုမိုစိတ်ကြိုက်ပြင်ဆင်နိုင်ရန် ကူညီပေးမည့် ထိန်းချုပ်မှု Feature အသစ်တစ်ခုဖြစ်သည့် "Manage Topics" ကို တိုးချဲ့လုပ်ဆောင်နေပြီဖြစ်ပါသည်။ "Manage ...

Rakuten Viber ၏ Business Account လုပ်ဆောင်ချက်အား မြန်မာနိုင်ငံ၏ အသေးစားစီးပွားရေးလုပ်ငန်းများအကြား အသုံးပြုမှု လျင်မြန်စွာ မြင့်တက်လာ

Image
 Rakuten Viber ၏ အရေးအပါဆုံး ဈေးကွက်များအနက် တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် (Business Account လုပ်ဆောင်ချက်အသစ်အား မိတ်ဆက်ခဲ့သည့်) ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ယခုအချိန်အထိ နိုင်ငံတွင်းရှိ အသေးစား စီးပွားရေးလုပ်ငန်းများအကြား Business Account အသုံးပြုမှု ၁၂၁% အထိ တဟုန်ထိုး တိုးတက်လာခဲ့ပြီး အပတ်စဉ် နိုင်ငံတဝန်းမှ ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ဝယ်ယူသူများအကြား ဆက်သွယ်စကားပြောဆိုမှုများ လည်း သောင်းချီရှိနေကြောင်း သိရှိရသည်။ ထို့အပြင် Rakuten Viber အား မြန်မာနိုင်ငံတွင် လစဉ်အသုံးပြုသူ (Monthly Active Users – MAU) အရေအတွက်သည်လည်း ယမန်နှစ်ကထက် ၁၈% ပိုမိုတိုးတက်လာသည်ကိုလည်း တွေ့ရှိရသည်။  Rakuten Viber မှ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ Business Account များ၏ ထက်ဝက်ကျော်ခန့်သည် Gen Z နှင့် Millennials (အသက် ၁၈ - ၃၅ နှစ်ကြား) လုပ်ငန်းရှင်များဖြစ်ကြပြီး အများစုမှာ Shopping၊ အလှအပ၊ အဝတ်အစားနှင့် အီလက်ထရောနစ် ပိုင်းဆိုင်ရာ လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြသည်။  Viber Business Account အားအသုံးပြု၍ ရောင်းအား သိသိသာသာ တိုးတက်လာသည့် ပြည်တွင်းလုပ်ငန်းတစ်ခုမှာ အလှပန်းစည်းများ နှင့် ...

MPT က တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုတွင် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်းဖြင့် ရေရှည်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်

Image
 MPT က ၎င်း၏ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် "စိမ်းလန်းစေဖို့ ရှေ့ဆက်စို့" နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှု အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုတွင် တစ်ပြိုင်နက်တည်း အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းပေါင်း (၇၀၀) ကျော်တို့ ပူးပေါင်းပါဝင်ကာ ပျိုးပင်ပေါင်း (၁,၄၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြပြီး အဆိုပါ အစီအစဉ်က သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးအပေါ် MPT ၏ မယိမ်းယိုင်သော ကတိကဝတ်ကို ပိုမိုခိုင်မာစေခဲ့ပါသည်။ "စိမ်းလန်းစေဖို့ ရှေ့ဆက်စို့" နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများကို နေပြည်တော်ကောင်စီ နယ်မြေ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ မြောက်ပိုင်း နှင့် တောင်ပိုင်း)၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း နှင့် အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် ဆောင်ရွက်ခဲ့ပါသည်။ MPT ၏ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် လူမှုအကျိုးပြုလှုပ်ရှားမှုအစ...

2 Years Official Warranty နဲ့ အတူ Flagship level အဆင့်ရှိ မှန်ကို အသုံးပြုထားတဲ့ OPPO A5x ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ပြီ

Image
  ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က သုံးစွဲသူတိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်စွက်ပေးနိုင်မဲ့ ထုတ်ကုန်တွေကို အမြဲလိုလို လေ့လာဆန်းစစ်လေ့ရှိပါတယ်။ ဒါကြောင့်လဲ ဒီတစ်ခေါက်မှာတော့ Flagship Level အဆင့်ရှိ မှန်နဲ့ အတူ 2 Years Official Warranty ပါရှိလာတဲ့ OPPO A5x ကို ၅၆၉,၉၀၀ ကျပ်နဲ့ မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ တရားဝင် မိတ်ဆက်လာပြီဖြစ်ပါတယ်။ ယခုမိတ်ဆက်လာတဲ့ OPPO A Series ထုတ်ကုန်ဖြစ်တဲ့ OPPO A5x မှာဆိုရင် ရေနဲ့ ဖုန်ဒဏ်ခံနိုင်မှု IP65 Water & Dust Resistance ၊ အဆင့်မြင့် သတ္တုစပ်ကို အသုံးပြုထားတဲ့ High-Strength Alloy ကိုယ်ထည်နဲ့ Flagship Level အဆင့်ရှိ Abrasion- and Impact-Resistant 2301 Jingdun Glass တို့ကို အသုံးပြုထားတဲ့အပြင် အကြမ်းခံနိုင်မှု အဆင့်အနေနဲ့လဲ Military-Grade Shock Resistance အောင်မြင်မှု လက်မှတ်ရရှိထားတာဖြစ်ပါတယ်။ အဘက်ဘက်က ကောင်းမွန်ပြည့်စုံတဲ့ OPPO A5x ကို ဇွန် ၁၄ ရက်နေ့မှ စတင်ကာ ၅၆၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပြီး ဇွန် ၃၀ ရက်နေ့အထိ ဝယ်ယူမဲ့ သုံးစွဲသူမိတ်ဆွေတွေအနေနဲ့လဲ 2 Years Official Warranty ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Flagship Level အဆင့်ရှိ စမတ်ဖုန်း...

အနီးဆုံးတွင် အမြဲအတူရှိနေသည့် အက်တမ် (ATOM)၏ နှစ်ပတ်လည်အထိမ်းအမှတ်

Image
 “အနီးဆုံးမှာ အမြဲအတူရှိနေမှာ” ဆိုသည့်အတိုင်း အက်တမ် (ATOM)မှ သုံးစွဲသူများနှင့် လူမှုအသိုင်းအဝိုင်းကို ကူညီထောက်ပံ့မှုများ၊ တီထွင်ဆန်းသစ်မှုများဖြင့် ဖွံ့ဖြိုးတိုးတက်စေခြင်း နှစ်ပတ်လည်အထိမ်းအမှတ်ကျင်းပ မြန်မာကျပ်ငွေ ၇.၃ ဘီလီယံ ထောက်ပံ့လှူဒါန်းထားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာကူညီမှု၊ လူငယ်ဖွံ့ဖြိုး တိုးတက်ရေး၊ အားလုံးတန်းတူညီမျှသော အလုပ်အကိုင်အခွင့်အလမ်းများ၊ သဘာဝပတ်ဝန်းကျင်အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအစီအစဉ်များဖြင့် လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ပေးရန် ဆက်လက်ဆောင်ရွက် BSS လုပ်ငန်းဆိုင်ရာပံ့ပိုးမှုစနစ်မှအစ နိုင်ငံတဝှမ်း 4.5G ကွန်ရက်ဖြန့်ကျက်မှုတို့ဖြင့် ချောမွေ့မြန်ဆန်ပြီး သုံးစွဲသူဦးစားပေးဒစ်ဂျစ်တယ်ဝန်ဆောင်မှုပြည့်ဝသော အနာဂတ်တစ်ခုကို အက်တမ် (ATOM) က တည်ဆောက်လျက်ရှိ   မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေပြီး အလုပ်လုပ်ကိုင်ရန်အကောင်ဆုံးလုပ်ငန်းခွင်တစ်ခု Great Place to Work® အဖြစ် အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် အက်တမ် (ATOM) သည် သုံးစွဲသူများနှင့် “အနီးဆုံးမှာ အမြဲအတူရှိနေမှာ” ဆိုသည့် ရည်မှန်းချက်အတိုင်း ပြည့်ဝကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်လာခဲ့ပြီး ဖြစ်ပ...

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Image
 ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင် TZT (MOE) • အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေကြသည့် ကလေးများအတွက် တန်းညှိပညာရေးအစီအစဉ်ဖြစ်သော ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်း ပညာရေးအစီအစဉ်များသည် နိုင်ငံအတွင်း အမှန်တကယ် ပထမအကြိမ် ပညာသင်ယူခွင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ကလေးသူငယ်များအတွက် ဒုတိယအကြိမ် ကြိုးစားခွင့် ဖန်တီးပေးထားသည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ် • ကျောင်းပညာရေးသာမက ကျောင်းပြင်ပ၊ ကျောင်းပြင်ပပညာရေးဖြင့် ဟန်ချက်ညီညီ စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် "Education for All" မှသည် "All for Education" အဖြစ်သို့ ဆောင်ရွက်နိုင်ကြရေးအတွက် ပညာရေးဝန်ကြီးဌာန အပါအဝင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ သင်ကြားရေးဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ နယ်စပ်ဒေသ၊ ကျေးရွာ၊ ရပ်ကွက်အလိုက် တာဝန်ရှိသူများ အားလုံးပူးပေါင်းဆောင်ရွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ခုနှစ်၏ ပုဒ်မ ၂၈ (က) ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် နိုင်ငံတော်သည် ပြည်သူမျာ...

တရုတ်ပြည် ပြင်ပသို့ စစ်မြေပြင်များ ရောက်ရှိလာမည်

Image
 ၂၀၂၅ ခုနှစ် မေလ ၂၃ ရက်နေ့တွင် BYD သည် Dynasty စီးရီးနှင့် Ocean စီးရီးတို့မှ မော်ဒယ် ၂၂ ခု ကို ယွမ် ၅၃,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၃၀၀) အထိ ဈေးချပြီး ရောင်းသည်။  ၂၀၂၅ မတ်လနောက်ပိုင်း တတိယအကြိမ်မြောက် ဈေးချခြင်း ဖြစ်သည်။ ကားဝယ်သူကို BYD နှင့် အစိုးရတို့က ပေးအပ်သည့် ထောက်ပံ့ကြေးများ ထည့်တွက်လျှင် Seagull စီးရီးမှ အဆင့်မြင့် ယာဉ်မောင်းထောက်ကူစနစ် advanced driver-assistance system ADAS ပါသော မော်ဒယ်ကို ယွမ် ၅၅,၈၀၀ (7,700 USD) ဖြင့် ဈေးဖွင့်သည်။ Seal 07 DM-i ကို ယွမ် ၁၀၂,၈၀၀ (14,400 USD) ဖြင့် ဈေးဖွင့်သည်။ BYD သည် မရောင်းရ ကားလက်ကျန်များ ရှင်းထုတ်ရန်နှင့် ဈေးကွက်ဝေစု ကာကွယ်ရန် ရည်ရွယ်သည်။  BYD ဈေးချရောင်းသည့် ကြေညာချက်သည် ကားလုပ်ငန်းကဏ္ဍတွင် လှုပ်ခါသွားပြီး လှိုင်းဂယက်ထသည်။ Geely, Chery, SAIC-GM အပါအဝင် အဓိက ကစားသမားများက လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။ အချိန်ကာလ အကန့်အသတ်ဖြင့် ၎င်းတို့၏ ကားမော်ဒယ်များကို ဈေးချလိုက်ကြသည်။ မက်လုံးများလည်း ပေးကြသည်။   Geely က Geome Xingyuan ကို ယွမ် ၅၉,၈၀၀(8,400 USD) သို့ ဈေးချသည်။ Chery က Tiggo 3X ကို ယွမ် ၃၄,၉၀၀ (4,900 USD) သို့ ဈေးချသည်။ Buick ...

အက်တမ် (ATOM) နှင့် ZTE တို့မှ နည်းဗျူဟာကျစွာ လက်တွဲပူးပေါင်း၍ မြန်မာ့ဒစ်ဂျစ်တယ်ဆက်သွယ်ရေးအနာဂတ်ကို အရှိန်အဟုန်မြှင့်တင်သွားမည်

Image
 မျိုးဆက်သစ် Business Support System (BSS) လုပ်ငန်းဆိုင်ရာပံ့ပိုးမှုစနစ်သည် သုံးစွဲသူ အတွေ့ အကြုံကို ပိုမိုကောင်းမွန်လာစေပြီး ဆန်းသစ်တီထွင်မှုကို မြှင့်တင်ကာ နိုင်ငံ၏ ဒစ်ဂျစ်တယ် ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုအားကောင်းလာစေမည်။ ATOM နှင့် ZTE တို့၏ နည်းဗျူဟာကျသော လက်တွဲပူးပေါင်းမှုသည် အက်တမ်(ATOM)၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုခရီးစဉ်အတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ခုဖြစ်သည်။ Business Support System (BSS) လုပ်ငန်းဆိုင်ရာပံ့ပိုးမှုစနစ် သည် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင် မှုအတွက် ပေါင်းကူးပေးသွားမည်ဖြစ်ပြီး သုံးစွဲသူအတွေ့အကြုံနှင့် လုပ်ငန်းထိရောက်မြန်ဆန်စွာ လည်ပတ်နိုင်ရေးတို့အတွက် စံနှုန်းတစ်ခု ဖြစ်လာမည်။  အဆိုပါစနစ်ကြောင့် အိုင်တီနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ ပြောင်းလဲဖွံ့ဖြိုးစေမည်ဖြစ်ရာ ထိရောက်မြန်ဆန်ပြီး အနာဂတ်အတွက် အသင့်ဖြစ်နေသည့် ဖြေရှင်းလုပ်ဆောင်ချက်များမှတဆင့် သုံးစွဲသူများကို ဝန်ဆောင်မှုပေးသွားမည်။    မြန်မာနိုင်ငံ၏အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှုပေးနေသည့် အက်တမ်(ATOM)နှင့် သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော...

Samsung ရဲ့ Galaxy Foldables စမတ်ဖုန်းအသစ်တွေမှာ စတင်ပါဝင်လာတော့မယ့် One UI 8 Beta Program ကို မိတ်ဆက်

Image
 Samsung Galaxy ရဲ့ အမျိုးမျိုးသောထုတ်ကုန်များနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဒီဇိုင်းထုတ်ထားပြီး စစ်မှန်တဲ့ multimodal AI Agent တစ်ခုလိုလုပ်ဆောင်ချက်တွေနဲ့ Software Intelligence ရဲ့ ခေတ်သစ်ကို ယူဆောင်လာမယ့် One UI 8 Software Update အသစ်ဟာ မကြာခင်မှာရောက်ရှိလာတော့မှာဖြစ်ပြီး ယခုအချိန်မှာတော့ Beta Program ကို စတင်အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။  Galaxy ထုတ်ကုန်တွေကိုအသုံးပြုရအဆင်ပြေလွယ်ကူရိုးရှင်းစေပြီး ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရရှိအောင် ကူညီပေးမယ့် One UI Update အသစ်ကို Samsung ကနေ Google နဲ့ ပူးပေါင်းပြီး integrated software platform တစ်ခုအနေနဲ့ ဖန်တီးပေးထားတာဖြစ်ပြီး အသစ်ထွက်ရှိလာတော့မယ့် Samsung ရဲ့ Foldable စမတ်ဖုန်းအသစ်တွေနဲ့အတူ ပွဲဦးထွက်လာတော့မှာပါ။ One UI 8 ဟာ နောက်ဆုံးပေါ် Android 16 မှာ အသုံးပြုနိုင်မယ့် ပထမဆုံး UI Platform တွေထဲက တစ်ခုလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။  ချောမွေ့ပြီး သဘာဝဆန်တဲ့ လုပ်ဆောင်ချက်တွေ စိတ်ကြိုက်ပြုလုပ်နိုင်စေမယ့် AI  တရားဝင် မိတ်ဆက်ပေးလာတော့မယ့် One UI 8 ဟာ Galaxy S25 Series မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ AI လုပ်ဆောင်ချက်တွေကို ပိုမိုတိုးတက်ကောင်းမ...