MPT က အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ်အဖြစ် "TeamFit: Unite & Move" ဒုတိယအကြိမ်မြောက် ယောဂ ကျန်းမာရေးလှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းရှိ MPT ရုံးများတွင် ဆောင်ရွက်

 မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT သည် ၎င်း၏ ရည်မှန်းချက်ဖြစ်သော သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးမှုနှင့်အတူ ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းမှ ဝန်ထမ်းများပါဝင်မှုဖြင့် "TeamFit: Unite & Move" ဒုတိယအကြိမ်မြောက် ယောဂ ကျန်းမာရေး လှုပ်ရှားမှုကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၃) ရက်တွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ယောဂကျန်းမာရေးလှုပ်ရှားမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ဝန်ထမ်း ၃၀၀ ကျော် ကိုယ်တိုင်နှင့် အွန်လိုင်းမှတစ်ဆင့် ပါဝင်ခဲ့ကြပါသည်။ အဆိုပါလှုပ်ရှားမှုသည် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှုကို အားပေးသည့်အပြင် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနှင့် အကောင်းမြင်စိတ် တို့ကိုလည်း မြှင့်တင်ပေးခဲ့ပါသည်။


အဆိုပါ ယောဂ ကျန်းမာရေးလှုပ်ရှားမှုသည် အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ အပြုသဘော ဆောင်သော အလုပ်နှင့်ဘဝ မျှတမှုနှင့် ကျန်းမာတက်ကြွသော လူနေမှုပုံစံကို မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက် လျက်ရှိသော “TeamFit: Unite & Move” လှုပ်ရှားမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ MPT သည် ၂၀၂၄ ခုနှစ်မှ စတင်ကာ ဝန်ထမ်းများပါဝင်သည့် ယောဂ၊ Zumba နှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကဲ့သို့သော လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပြီး အဆိုပါဆောင်ရွက်မှုများသည် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရေးအတွက် MPT ၏ ထားရှိသည့် ကတိကဝတ်အား အလေးထား ဖော်ပြနေပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Naoki Shimane က “ဝန်ထမ်းတွေရဲ့ ကျန်းမာကြံ့ခိုင်ရေးဟာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်နဲ့ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုတွေအတွက် အလွန်အရေး ကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်ဝန်းက ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်နိုင်တဲ့ “TeamFit: Unite & Move” အစီအစဉ်ကို ၂၀၂၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ် ယောဂကျန်းမာရေးလှုပ်ရှားမှုမှာ ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေရရှိခဲ့ပြီးနောက် ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်စိတ် ကျန်းမာကြံ့ခိုင်ရေးကို အထောက်အပံ့ဖြစ်စေဖို့အတွက် ယောဂကျန်းမာရေးလှုပ်ရှားမှုကို ဒုတိယအကြိမ် ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဖြစ်မြောက်အောင် ပံ့ပိုးပေးတဲ့ ကျွန်တော်တို့ရဲ့ ယောဂ နည်းပြဆရာမ ဝတ်ရည်မိုး (Ashtanga Yoga Shala YGN) ကိုလည်း ကျေးဇူးအထူးတင်ရှိသလို ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး ခိုင်မာသော အဖွဲ့အစည်းတစ်ခုဖြစ်ရန်အတွက် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရေးနှင့် ကျန်းမာတက်ကြွသော လူနေမှုပုံစံ၏ အရေးပါမှုမှာ အရေးကြီးကြောင်း ယုံကြည်ထားကာ ယင်းကတစ်ဆင့် အပြုသဘောဆောင်သော လုပ်ငန်းခွင်ကို ဖန်တီးနိုင်စေပြီး သုံးစွဲသူများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးအပ်နိုင်စေမည် ဖြစ်ပါသည်။

MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။




Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်