တိုင်းဒေသကြီး နှင့် ပြည်နယ် (၇) ခုတို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ် (Copper Cable)အား ဖိုင်ဘာကေဘယ်လ်စနစ် (FTTH) ဖြင့်အစားထိုး၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

 MPT သည် အဓိက ပြည်နယ် နှင့် တိုင်းဒေသကြီး (၇) ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် ၎င်း၏ မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH) အဆင့်မြှင့်တင်မှုများကို အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

MPT သည် ၂၀၁၆ ခုနှစ်တွင် FTTH ဝန်ဆောင်မှုများကို စတင်ပေးအပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစ၍ ၎င်း၏ လက်ရှိအသုံးပြုနေသည့် ကြေးနန်းကြိုးမျှင်ကွန်ရက်စနစ်အစား မြန်နှုန်းမြင့် ဖိုင်ဘာကွန်ရက်စနစ်ဖြင့်အစားထိုး၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ MPT သည် အဆိုပါအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်မှစတင်၍ အော်တိုတယ်လီဖုန်းနံပါတ်အသစ်များအသုံးပြုကာ မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH)သို့ အပြည့်အဝ ပြောင်းလဲဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။  

မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH)သို့ အဆင့်မြှင့်တင်မှု ဆောင်ရွက်ပြီးသော ‌ဒေသများရှိ သုံးစွဲသူများသည် ပိုမိုမြန်ဆန် ကောင်းမွန်သော ဝန်ဆောင်မှုများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ သို့ရာတွင် FTTH ကွန်ရက်နှင့် ဝေးကွာသော အချို့နေရာများရှိ သုံးစွဲသူနေအိမ်များအနေဖြင့် MPT ၏ VoIP ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်မဟုတ်ပါ။

အဆင့်မြှင့်တင်ဆောင်ရွက်ပြီးသော အိတ်ချိန်းများ နှင့် ဖုန်းနံပါတ်များ၏ အသေးစိတ်အချက်အလက်ကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။


နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

သုံးစွဲသူများသည် မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်စနစ် (FTTH စနစ်) မှတစ်ဆင့် ဝန်ဆောင်မှုပေးအပ်နေသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များကို ရယူလိုပါက အထက်ပါဇယားတွင် ဖော်ပြထားသည့် နီးစပ်ရာ MPT ရုံးများရှိ သက်ဆိုင်ရာအိတ်ချိန်းများတွင် လျှောက်ထားနိုင်ပါသည်။ လိုအပ်သည့်အကူအညီများနှင့် အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက MPT Call Center ၁၀၆ ကို ဆက်သွယ်နိုင်ပါသည်။




Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်