MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၃) မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီး၊ လှည်းကူး နှင့် ကော့မှူးမြို့နယ်များတွင် ‌ဖိုင်ဘာအင်တာနက် (FTTH) ၊ ဖိုင်ဘာအင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှု (VoIP)၊ ကြိုးဖုန်းဝန်ဆောင်မှုနှင့် စီးပွားရေးသုံး (B2B) ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်သော ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သောကြာနေ့ (ဇွန် ၂၇)တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။ 

အဆိုပါ နည်းပညာအဆင့်မြှင့်တင်မှုသည် MPT ၏ ကတိကဝတ်ဖြစ်သည့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးပေးအပ်ရန်နှင့် ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

နည်းပညာအဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း အဆိုပါနေရာများရှိ သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ယာယီပြတ်တောက်မှု ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ယာယီပြတ်တောက်မှုသည် အဆင့်မြှင့်တင်မည့် နေရာနှင့် ရက်စွဲပေါ်မူတည်၍ (၁၅) မိနစ် မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ကြာမြင့်နိုင်မည် ဖြစ်ပါသည်။ အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။ MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမို ခိုင်ခံ့ကောင်းမွန်သော ကွန်ရက်တည်ငြိမ်မှုနှင့် ပိုမိုကောင်းမွန်သည့် ဆက်သွယ်‌ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။






Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး