အက်တမ်(ATOM) မှ ပိုမိုမြန်ဆန်၊ လွယ်ကူပြီး အဆင်ပြေချောမွေ့သည့် သုံးစွဲမှုအတွေ့အကြုံများ ပေးစွမ်းနိုင်ရန် ATOM Store App 2.0 ကို မိတ်ဆက်
- အဆင့်မြှင့်တင်ထားသည့် ATOM Store App 2.0 သည် သုံးစွဲသူများအတွက် ပိုမိုမြန်ဆန်ပြီး ပိုမိုလွယ်ကူရှင်းလင်းသည့် ဒစ်ဂျစ်တယ်အတွေ့အကြုံကို ပေးစွမ်းနိုင်။
- မိမိစိတ်ကြိုက် ပြင်ဆင်အသုံးပြုနိုင်ပြီး ပိုမိုလွယ်ကူကောင်းမွန်သည့် သုံးစွဲသူအတွေ့အကြုံများကို ရရှိခံစားနိုင်မည့် အဓိကကျသော အဆင့်မြှင့်တင်မှုများပါဝင်။
- အက်တမ်(ATOM) သည် သုံးစွဲသူကို ဗဟိုပြုသည့် ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် ဒစ်ဂျစ်တယ် နည်းပညာဖြင့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်မြှင့်တင်လျက်ရှိ။
မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် ၎င်း၏ ဒစ်ဂျစ်တယ်ကူးပြောင်းမှုခရီးလမ်းတွင် အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် Self-service platform ဖြစ်သည့် ATOM Store App 2.0 ကို အဆင့်မြှင့်တင်ပြီး မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။ သုံးစွဲသူကို ဦးစားပေးမှုပေါ်တွင် အခြေခံပြီး အဆင့်မြှင့်တင်ထားသောကြောင့် ပိုမိုအဆင့်မြင့်လာသော UI/UX၊ လွယ်ကူရှင်းလင်းသည့် လမ်းညွှန်မှုစနစ်များနှင့် မိမိစိတ်ကြိုက် အသုံးပြုနိုင်မည့် လုပ်ဆောင်ချက်များပါဝင်လာသည်။ ထို့ကြောင့် ပိုမိုမြန်ဆန်လွယ်ကူပြီး အဆင်ပြေ ချောမွေ့သော အတွေ့အကြုံများကို ပေးစွမ်းသွားနိုင်မည်ဖြစ်သည်။ အဆိုပါ ဗားရှင်းအသစ်သည် ATOM Store ကို သုံးစွဲသူများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ လွယ်ကူလျင်မြန်သော ကိုယ်တိုင်ဝန်ဆောင်မှုများ ရယူရန်နှင့် အသုံးပြုရအဆင်ပြေစေသော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအတွက် အဓိက ဒစ်ဂျစ်တယ်ဗဟိုချက်တစ်ခုအဖြစ် ပိုမိုခိုင်မာလာစေမည် ဖြစ်သည်။
ATOM Store App 2.0 အသစ်တွင် သုံးစွဲသူများ ပိုမိုလွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ပိုမိုမြန်ဆန်ပြီး မိမိစိတ်ကြိုက်ပြင်ဆင်နိုင်သော Interface အသစ်ကို ထည့်သွင်းမိတ်ဆက်ပေးထားသည်။ ပိုမိုကောင်းမွန်သည့် ရှာဖွေမှုစနစ် (Advanced Search)၊ မိမိနှစ်သက်ရာ Shortcut များ စိတ်ကြိုက်ထားရှိနိုင်မှု၊ Offer4U အထူးအစီအစဉ်များ၊ App အတွင်း KYC အတည်ပြုခြင်းနှင့် ဖုန်းရှိ Photo Gallery မှတစ်ဆင့် QR ဖြင့် ငွေဖြည့်သွင်းနိုင်ခြင်းစသည့် လုပ်ဆောင်ချက်အသစ်များက ဝန်ဆောင်မှုများကို ပိုမိုမြန်ဆန်ချောမွေ့စွာ အသုံးပြုနိုင်စေမည် ဖြစ်သည်။ ထို့အပြင် စွမ်းဆောင်ရည်မြှင့်တင်မှုများနှင့် လုံခြုံရေး အဆင့်မြှင့်တင်မှုများကြောင့် ပိုမိုစိတ်ချရပြီး တုံ့ပြန်မှုမြန်ဆန်သည့် အတွေ့အကြုံကို ရရှိခံစားနိုင်မည်ဖြစ်သည်။
“ATOM Store App 2.0 ကို မိတ်ဆက်နိုင်ခြင်းက မြန်မာနိုင်ငံရဲ့ တိုးတက်လာနေတဲ့ ဒစ်ဂျစ်တယ်ဂေဟစနစ်ကို ပံ့ပိုးကူညီပေးမယ်ဆိုတဲ့ အက်တမ်(ATOM) ရဲ့ ရည်မှန်းချက်အတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ “ဒီအဆင့်မြှင့်တင်မှုဟာ သုံးစွဲသူတွေရဲ့ ပြောင်းလဲလာတဲ့ ဒစ်ဂျစ်တယ်လူနေမှုပုံစံတွေနဲ့ ကိုက်ညီပြီး ပိုမိုမြန်ဆန် လွယ်ကူတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာဖြစ်လို့ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေကို လက်တွေ့ ဖြစ်လာစေခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူမှုအသိုင်းအဝိုင်းကို ပိုမိုစွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ဖို့နဲ့ နိုင်ငံရဲ့ ဒစ်ဂျစ်တယ်ကူးပြောင်းမှု အနာဂတ်ကို ရှေ့ဆောင်လမ်းပြပေးမယ့် ဆန်းသစ်တီထွင်မှုတွေကို အစဉ်တစိုက် ဖော်ဆောင်သွားဖို့ သန္နိဋ္ဌာန် ချထားပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
အဆင့်မြှင့်တင်ထားသည့် ATOM Store App 2.0 တွင် ငွေဖြည့်သွင်းခြင်း၊ ပက်ကေ့ချ်ဝယ်ယူခြင်း၊ ဖျော်ဖြေရေးဝန်ဆောင်မှုများ၊ Loyalty ဆုလက်ဆောင်များနှင့် အကျိုးခံစားခွင့်များ၊ ကိုယ်တိုင် ဆောင်ရွက်နိုင်သည့် ဝန်ဆောင်မှုများ၊ အကောင့်စီမံခန့်ခွဲခြင်း၊ KYC အတည်ပြုခြင်းနှင့်၊ မိမိစိတ်ကြိုက် ရွေးချယ်နိုင်သော အထူးကမ်းလှမ်းချက်များနှင့် ပရိုမိုးရှင်းများကို တစ်နေရာတည်းတွင် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆင့်မြှင့်တင်ထားသော Interface အသစ်ကြောင့် Hot Deals (အထူးအစီအစဉ်များ)၊ Best Offers (အကောင်းဆုံး ကမ်းလှမ်းချက်များ) နှင့် သုံးစွဲသူများအတွက် အသင့်တော်ဆုံးပက်ကေ့ချ်များကို Homepage မှတစ်ဆင့် တိုက်ရိုက် လျင်မြန်စွာ ကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါပြောင်းလဲမှုသည် အဆင့်မြင့် မိမိစိတ်ကြိုက်ပြင်ဆင်နိုင်မည့်စနစ် (Advanced Personalization) အပေါ် အခြေခံထားပြီး မိမိနှစ်သက်ရာ Shortcut များဖြင့် ဝန်ဆောင်မှုများကို လွယ်ကူလျင်မြန်စွာ ရယူနိုင်ရန် ဖန်တီးပေးထားသောကြောင့် အသုံးပြုသူတိုင်းအတွက် အမှန်တကယ် ထူးခြားကောင်းမွန်ပြီး ထိရောက်သည့် ဒစ်ဂျစ်တယ် အတွေ့အကြုံကို ရရှိစေမည် ဖြစ်သည်။
“ယခု မိတ်ဆက်ပေးလိုက်တဲ့ ဗားရှင်းအသစ်ဟာ ပိုမိုစွမ်းဆောင်ရည် မြင့်မားလာသလို၊ လုံခြုံစိတ်ချရပြီး သုံးစွဲသူကို ဦးစားပေးတဲ့ အဆင့်မြင့် ဒစ်ဂျစ်တယ်အတွေ့အကြုံသစ်တစ်ခုကို ပေးစွမ်းသွားမှာပါ။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်အားလုံးကို စုစည်းထားတဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ဖန်တီးပေးလိုက်ခြင်းအားဖြင့် သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ ဒစ်ဂျစ်တယ်လိုအပ်ချက်တွေကို ပိုမိုရိုးရှင်းစွာ ချိတ်ဆက်စီမံနိုင်မှာဖြစ်ပြီး ပိုမိုချောမွေ့ကောင်းမွန်တဲ့ လူနေမှုပုံစံကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု အက်တမ်(ATOM) ၏ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာအရာရှိချုပ် Mr. Ahsan Syed က ပြောကြားခဲ့သည်။
ATOM Store App 2.0 (ဗားရှင်း 4.16.0) ကို Android၊ iOS နှင့် Huawei ဖုန်းများတွင် ယခု စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် Google Play Store ၊ Apple App Store (သို့မဟုတ်) Huawei App Gallery တို့မှတစ်ဆင့် နောက်ဆုံးထွက် ဗားရှင်းကို အလွယ်တကူ အဆင့်မြှင့်တင်နိုင်သည့်အပြင် တိုက်ရိုက်ဒေါင်းလုဒ်လင့်ခ် ( https://tinyurl.com/atomstoreapp ) မှတစ်ဆင့်လည်း ရယူနိုင်သည်။

Comments
Post a Comment