Posts

Showing posts from August, 2024

ပထမဆုံး AI ဖုန်း” ၊ OPPO Reno12 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း တရားဝင် စတင်မိတ်

  မြန်မာနိုင်ငံဈေးကွက်တွင် OPPO Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ် ဖြင့် လည်းကောင်း၊ OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ပြီဖြစ်ပြီး ဩဂုတ် ၂၅ ရက်နေ့ မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ Pre-Order စတင်မှာယူရင်း 20,000mAh Power Bank အပါအဝင် အထူးခံစားခွင့်တွေပါရှိတဲ့ လက်ဆောင်များ ရယူနိုင်ပြီ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO က "Your First AI Phone" ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ လူတိုင်းအလွယ်တကူ အသုံးပြု‌နိုင်မဲ့ Flagship Level ရှိ အဆင့်မြင့် AI လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ OPPO Reno12 Series ကို ဩဂုတ်လ ၂၄ ရက်နေ့က Official Launch အနေနဲ့ မြန်မာနိုင်ငံဈေးကွက်မှာ  OPPO Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ် ဖြင့်လည်းကောင်း OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း  တရားဝင် စတင် မိတ်ဆက်ခဲ့ပါတယ်။ OPPO Reno12 Series မှာ OPPO Reno12 5G နှင့် OPPO Reno12 F ဆိုပြီး ကွဲပြားဆန်းသစ်တဲ့ ဒီဇိုင်းအမျိုးအစား နှစ်မျိုး နဲ့ ထုတ်ကုန် နှစ်မျိုး ထွက်ရှိလာပြီး OPPO Reno12 မှာ Astro Silver နဲ့ Matte Brown ၊ OPPO Reno12 F မှာဆိုရင် Amber Orange နဲ့ Matte Grey ဆိုပြီး ကိုယ်စီ အရောင်နှစ်မျိုးစီ...

MPT က မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၅) ခုတွင် တိုးချဲ့ဆောင်ရွက်

 MPT သည် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့် ကတိကဝတ်နှင့်အညီ သုံးစွဲသူများအတွက် ပိုမိုမြန်ဆန် ကောင်းမွန်သော အရည်အသွေးမြင့် ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ MPT သည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့ရှိ မြို့နယ် (၇၆) မြို့နယ်တွင် မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို တိုးချဲ့ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာပါသည်။ ကွန်ရက်တိုးချဲ့မှုနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ် (၅) ခုရှိ သုံးစွဲသူများသည် ပိုမိုမြန်ဆန် ကောင်းမွန်သော အင်တာနက်ချိတ်ဆက်မှု အတွေ့အကြုံများကိုပါ ရရှိခံစားနိုင်ပြီး အထူးကမ်းလှမ်းချက် ပရိုမိုးရှင်းများကိုလည်း ရရှိနိုင်မည် ဖြစ်သည်။ သုံးစွဲသူများသည် *555# သို့ခေါ်ဆိုခြင်း (သို့မဟုတ်) MPT Own Shop များ၊ Call Center၊ တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် TuTu Chat ၊ MPT4U အက်ပလီကေးရှ...

မြန်မာနိုင်ငံရှိ TikTok ဗီဒီယိုဖန်တီးသူများ၏ တီထွင်ဆန်းသစ်နိုင်စွမ်းကို ဖော်ထုတ်မြှင့်တင်ပေးမည့် TikTok Studio

Image
 TikTok ဗီဒီယိုဖန်တီးသူများသည် တီထွင်ဖန်တီးမှုများကို လှုံ့ဆော်ပေးပြီး ယဉ်ကျေးမှုလမ်းကြောင်းများကို နေ့စဉ်ပုံဖော်နေကြသည့် TikTok အသိုက်အဝန်း၏ မောင်းနှင်အားတစ်ခု ဖြစ်သည်ကို TikTokမှ အသိအမှတ်ပြုထားပါသည်။ မြန်မာနိုင်ငံရှိ ဗီဒီယိုဖန်တီးသူများ တိုးတက်များပြား လာသည်နှင့် အမျှ ၎င်းတို့ကို အားပေးလှုံ့ဆော်ပံ့ပိုးပေးရန်အတွက် Video များ ရိုက်ကူးဖန်တီးရာတွင် အသုံး၀င်မည့် Tool တစ်ခုကို မိတ်ဆက်ပေးလိုက်ပါသည်။  TikTok Studio သည် ဖန်တီးသူများ၏ TikTok တွင် တည်ရှိမှုကို မြှင့်တင်ရန် ဒီဇိုင်းထုတ်ထားသည့် ပြည့်စုံသော ဗီဒီယိုဖန်တီးမှုနှင့် စီမံခန့်ခွဲမှု Tool တစ်ခုဖြစ်ပါသည်။ TikTok Studio ကို မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့် အထက်မှ စတင် အသုံးပြုနိုင်ပြီး ၎င်းတို့၏ ဖန်တီးမှုလုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စေရန်နှင့် ၎င်းတို့၏ အကောင့်များကို ထိထိရောက်ရောက် ကြီးထွားလာစေရန် ရည်ရွယ်သည့်သူများအတွက် မရှိမဖြစ် လိုအပ်ပါသည်။ ဖန်တီးမှုစွမ်းရည်ကို အမြင့်ဆုံးမြှင့်တင်ရန်အတွက် TikTok Studio ကို အောက်ပါအတိုင်း အသုံးချနိုင်ပါသည်။ TikTok App ထဲရှိ TikTok Studio ကို ဝင်ရောက်ရန်အတွက် App ထဲရှိ စခရင်၏ အောက်ခြေညာဘက်ထေ...

AI-Powered Circle to Search လုပ်ဆောင်ချက်ကို Samsung Galaxy A Series နဲ့ Galaxy Tab S9 FE Seriesများတွင် အသုံးပြုနိုင်ပြီ

 ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung နဲ့ Google တို့ပူးပေါင်းဖန်တီးထားတဲ့ Circle to Search လုပ်ဆောင်ချက်ကို Samsung Galaxy A Series နဲ့ Galaxy Tab S9 FE Series တို့အတွက်ပါ ရယူအသုံးပြုခွင့် ပေးလိုက်ပြီဖြစ်ပါတယ်။ မိုဘိုင်း AI နည်းပညာကို user-base များပြားတဲ့ Galaxy A Series မှာ ထည့်သွင်းပေးလိုက်တဲ့အတွက် အသုံးပြုသူအများအပြားမှ အဆိုပါ လုပ်ဆောင်ချက်ကို ကိုယ်တိုင်တွေ့ကြုံခံစား နိုင်ကြတော့မှာဖြစ်တဲ့အပြင် Galaxy Tab S9 FE နဲ့ Tab S9 FE+ အသုံးပြုသူတွေ အနေနဲ့လည်း မျက်နှာပြင်ကျယ်ပေါ်မှာ ရှာဖွေလေ့လာမှုတွေ ပိုမိုပြုလုပ်နိုင်ကြတော့မှာ ဖြစ်ပါတယ်။ Circle to Search က သာမာန် စာရိုက်နှိပ်ပြီး ရှာဖွေရခြင်းတွေထက် လွယ်ကူ မြန်ဆန်ပြီး ထိရောက်တဲ့ ရှာဖွေမှုပုံစံတစ်မျိုးဖြစ်တဲ့အလျောက် စတင်မိတ်ဆက်စဥ်ကာလ ကတည်းက လူအများ အထူးနှစ်သက်ခဲ့ကြတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အဆိုပါ Circle to Search လုပ်ဆောင်ချက်ကို အထောက်အပံ့ပြုတဲ့ Galaxy AI ကို အဆင့်မြှင့်တင်လာခဲ့ကြတဲ့အတွက် စာတစ်မျက်နှာ တစ်ပြင်လုံးအား အလွယ်တကူ ဘာသာပြန်ခြင်း၊ QR နဲ့ barcode များ ဖတ်ရှုနိုင်ခြင်းတို့ကိုပါ စွမ်းဆောင်နိုင်ခ...

MPT က ဒီဂျစ်တယ်ပိုင်းဆိုင်ရာ နည်းလမ်းသစ်များနှင့်အတူ အနာဂတ်၏ ခေါင်းဆောင်လူငယ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြု

 အနာဂတ်ကိုပုံဖော်ရာတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို နှစ်စဉ် သြဂုတ်လ (၁၂) ရက်နေ့တိုင်း ကမ္ဘာတစ်ဝန်း၌ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ယနေ့ခေတ်တွင် လူငယ်များအား စွမ်းဆောင်ရည် မြင့်မားလာစေရန် နှင့် ကဏ္ဍအသီးသီးတွင် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးကြောင်း အလေးပေး ဖော်ပြလျက်ရှိပါသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒီဂျစ်တယ် ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ဖြစ်ပြီး ရေရှည်တည်တံ့သော တိုးတက်မှုများကို ဆောင်ရွက်ရာတွင် ဒီဂျစ်တယ်နှင့် နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုကို ဖော်ပြထားပါသည်။ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT အနေဖြင့် ဆန်းသစ်သော ဒီဂျစ်တယ် နည်းလမ်းများနှင့် ရေရှည်တည်တံ့သော အလေ့အကျင့်များမှ တစ်ဆင့် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ MPT သည် အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် လိုအပ်သော နည်းလမ်းများ၊ အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် အောင်မြင်ပြီး ရေရှ...

အက်တမ် (ATOM) မှ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဘားအံမြို့တို့ရှိ ရေဘေးသင့်ဒေသများသို့ မြန်မာငွေကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းခဲ့

●  အက်တမ် (ATOM) သည် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဘားအံမြို့တို့ရှိ ရေဘေးသင့်အိမ်ထောင်စုပေါင်း (၂,၀၀၀) ကျော်အတွက် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းလျက်ရှိရာ ခန့်မှန်းခြေ လူဦးရေပေါင်း (၁၀,၀၀၀) ကျော်အတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။ ● အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရန်အတွက် အက်တမ် (ATOM) စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးနေလျက်ရှိသည်။ ● ယခုလှူဒါန်းမှုသည် အရေးပေါ်အခြေအနေမျိုးတွင် ရပ်ရွာလူမှုအသိုင်းအဝိုင်းများကို အဓိက ကူညီထောက်ပံ့ပေးသွားမည့် အက်တမ် (ATOM) ၏ တာဝန်သိလူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်သော လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် လတ်တလော ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားနေရသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သော ဘားအံမြို့တို့တွင်ရှိသော ထောင်ပေါင်းများစွာသော ရေဘေးသင့်ပြည်သူများအတွက် မြန်မာငွေကျပ်သိန်း ၁,၀၀၀ (ကိန်းဂဏန်းအားဖြင့် မြန်မာငွေကျပ် ၁၀၀,၀...

လုံခြုံသော နေရာတစ်ခုကို ဖန်တီးခြင်း - TikTok မှ သုံးစွဲသူ၏ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးကို အလေးထားအာမခံပုံ

 ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူများသည် TikTok ကို ဖန်တီးရန်၊ မျှဝေရန်၊ ရှာဖွေတွေ့ရှိရန်နှင့် ချိတ်ဆက်ရန်အတွက် အသုံးပြုလျက်ရှိကြပါသည်။ ထို့ကြောင့် TikTok သည် လူတိုင်းအတွက် ဘေးကင်းပြီး စိတ်အပန်းပြေစေသည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ရည်ရွယ်ပါသည်။ တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးရန်နှင့် ပျော်ရွှင်မှုဆောင်ကြဉ်းရန်ဆိုသည့် TikTok ၏ မစ်ရှင်သည် သုံးစွဲသူဘေးကင်းရေးနှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိစေရန်ဆိုသည့် ကတိကဝတ်တွင် အလေးထားနေပါသည်။ ထိုကတိက၀တ်အရ TikTok သည် အကောင်းဆုံး အလေ့အကျင့်များကို မျှဝေရန်၊ ဘေးကင်းရေးမူဝါဒများနှင့် Tool များ ဖန်တီးရန်နှင့် ဘေးကင်းရေးနှင့် ပတ်သက်သော အကြံဉာဏ်များ ဖလှယ်ပြီး အားလုံးအတွက် လုံခြုံနွေးထွေးသည့် အသိုက်အဝန်းတစ်ခုဖြစ်စေရန် ကျွမ်းကျင်သူများ၊ NGO များ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။ အကောင့်လုံခြုံရေးအတွက် လုပ်ဆောင်ခြင်း မိမိ၏ TikTok အကောင့်လုံခြုံရေးသည် အရေးကြီးပါသည်။ ၎င်းအတွက် အသုံးပြုသူများအနေဖြင့် အောက်ပါ အချက်များကို လုပ်ဆောင်နိုင်ပါသည်။ ၁။ ခိုင်မာပြီး ထူးခြားသော စကားဝှက်များ ဖန်တီးပါ - အနည်းဆုံး စာလုံး ၁၂ လုံး သုံးပါ။ - နံပ...

တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာသည့် တီးမူ ထူထောင်သူ ကောလင်းဟွမ်

  အွန်လိုင်းဈေးခင်း Temu ကို ထူထောင်သူ ဘီလီယံနာ ကောလင်းဟွမ်သည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာသည်။ တချိန်တခါက Colin Huang သည် ဂိမ်းနှင့် အီးကောမတ်စ်တို့တွင် အတန်အသင့် အောင်မြင်သော လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီးနောက် နေမကောင်းဖြစ်ပြီး အနားယူခဲ့ရသည်။ လူငယ်လူရွယ် စွန့်ဦးတီထွင်သူ ကောလင်းဟွမ်သည် ကျန်းမာရေး မကောင်းသဖြင့် အိမ်တွင် တစ်နှစ်ကြာအောင် နေခဲ့ပြီး နောက်ထပ် လုပ်ကိုင်စရာများကို တွေးတောကြံစည်နေခဲ့သည်။ ဂူဂဲ အင်ဂျင်နီယာဟောင်း ကောလင်းဟွမ်သည် ၂၀၁၅ ခုနှစ်တွင် ပရိုမိုးရှင်းများ လှိုင်လှိုင်ပေးပြီး စျေးပေါသော ပစ္စည်းများကို ရောင်းချသည့် နာမည်ကြီး အီးကောမတ်စ် ပလက်ဖောင်းဖြစ်သည့် ပင်ဒေါဒေါ Pinduoduo (PDD) ကို စတင်ခဲ့သည်။ သူသည် ၂၀၂၁ ခုနှစ် အစောပိုင်းတွင် အသားတင်ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၇၁.၅ ဘီလီယံဖြင့် ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲသို့ လျင်မြန်စွာ ရောက်ရှိခဲ့သည်။ ထို့နောက် ကပ်ရောဂါ ဖြစ်ပွားခြင်းနှင့် တရုတ်အစိုးရက ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်လုပ်ငန်းကြီးများကို နှိပ်ကွပ်ခြင်းတို့ကြောင့် တနှစ်တာအတွင်းမှာ သူ၏ အသားတင်ပိုင်ဆိုင်မှု ၈၇% လျော့ကျသွားသည်။ ထို့နောက် PDD Holdings တကျော့ပြန် ကြီးထွား...

၁၆ ကြိမ်မြောက် အာဆီယံ ကျန်းမာရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ၏ ကူးစက်ရောဂါ ကြိုတင်ပြင်ဆင်မှု အားကောင်းစေရန် နှင့် လေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရန်အတွက် လေကြောင်းမှ ကူးစက်မှု ကာကွယ်ရေး ပလက်ဖောင်း (AIDP) ကို မိတ်ဆက်ခဲ့

 ပိုမိုကြီးထွားလာသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှု ပြဿနာများကို ဖြေရှင်းရန် အာဆီယံနိုင်ငံများ၏ တီဘီရောဂါ (TB) ကုသဆောင်ရွက်မှုများ၊ ကျန်းမာ‌ရေးစောင့်ရှောက်မှု စနစ်များနှင့် ကပ်ရောဂါ ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ အားကောင်းစေရန်အတွက် Airborne Infection Defense Platform (AIDP) ကို တရားဝင် စတင်မိတ်ဆက်ခဲ့သည်။ အာဆီယံဒေသ အတွင်း တီဘီရောဂါနှင့် ကပ်ရောဂါဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး အကြောင်း နားလည်မှု တိုးတက်စေရန်၊ နှင့် မြှင့်တင်ရန်နှင့် လေမှတဆင့် အသက်ရှူလမ်းကြောင်းကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံများ၏ စွမ်းဆောင်ရည်ကို အားကောင်းစေရန် ရည်ရွယ်၍ လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E Dr. Bounfeng Phoummalaysith အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများပါဝင်သော အဆိုပါ အစီအစဉ်ကို ၁၆ ကြိမ်မြောက် အလွတ်သဘောအစီအစဉ်အဖြစ် စတင်ကျင်းပခဲ့သည်။ AIDP ကို TB ရောဂါ ပပျောက်စေရေးအတွက် United States Agency for International Development (USAID) မှ ပံ့ပိုးထားပြီး ကုလသမဂ္ဂ မှ ဆောင်ရွက်သော အကျိုးအမြတ်မယူသော အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Stop TB Partnership နှင့် Stop TB Partnership Indonesia (STPI) မှ အကောင်အထည်ဖော်...

MPT က “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်မှ ဇူလိုင်လအတွက် ငွေသားဆု သိန်း ၁၀၀ ဆုရှင် (၁၀) ဦးကို ထုတ်ပြန်ကြေညာ

 MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် MPT သည် ငွေသားကံစမ်းဆုလက်ဆောင်များ အပါအဝင် စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်း အစီအစဉ်များကို ၂၀၂၄ ခုနှစ် ဇူလိုင်လ မှ စက်တင်ဘာလအတွင်း ပေးအပ်လျက်ရှိပြီး “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်မှ ဇူလိုင်လအတွက် ကံထူးရှင်များစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါသည်။ MPT က ဇူလိုင်လအတွက် စုစုပေါင်းငွေသားဆု သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ပထမဦးဆုံး ငွေသားဆု သိန်း (၁၀၀) ဆုရှင် (၁၀) ဦး ကို MPT ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဩဂုတ်လ (၂)ရက် တွင် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။ ကံထူးရှင်များစာရင်းကို MPT ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာများတွင် ဩဂုတ်လ (၂)ရက် နေ့က ဖော်ပြပေးခဲ့ပြီး ၎င်းတို့၏ ငွေသားဆုလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက် MPT မှ ကံထူးရှင်များကိုတိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ယခု “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”ငွေသားကံစမ်းမဲ အစီအစဉ်သည် MPT သုံးစွဲသူများအား စိတ်ကျေနပ်ပျော်ရွှင်မှု ပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။ သုံးစွဲသူများအနေဖြင့် သြဂုတ်လ နှင့် စက်တင်ဘာလတို့တွင် ကျန်ရှိနေသေးသည့် အထူးဆု ကျပ်...

5 August 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

  5 August 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။  #LogisticsIndustryGuide MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 5 August 2024, VESSELS AT WHARVES BERTHING VESSELS L= Loading- D= Discharging Vessel Name - Berth - Cargo  Bean MV.NADA - S.P.W.4 - L.27500 Container   TCI ARJUN - AWPT.1 - L.343 TEU ISEACO GENESIS - AWPT.3 - D.875,L.873 TEU CAPE FELTON - AWPT.3 - D.1000,L.950 TEU VIMC DIAMOND - MITT.1 - D.132,L.103 TEU Shifted to  VIMC DIAMOND - AWPT.3 - D.438,L.554 TEU BANGKOK - M.I.P.3 - D.1264,L.1258 TEU Yellow Maize  NORD HAKATA - A.I.P.T.1 - L.22000 GOLDEN LEAF - A.I.P.T.1 - L.22000 SS-2 - A.I.P.T.2 - L.10000 PVT HN - A.I.P.T.3 - L.22000  WISDOM - Y.I.G.T - L.5000/3193(Top Up) TAY SON-1 - Y.I.G.T - L.12150/3274(Top Up) TAY SON-4 - M.I.P.1 - L.12000 THAI BINH-12 - M.I.P.2 - L.20500 PHU THANH - MITT.2 - L.12500 ...

2 August 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

  2 August 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။  #LogisticsIndustryGuide MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 2 August 2024, VESSELS AT WHARVES BERTHING VESSELS L= Loading- D= Discharging Vessel Name - Berth - Cargo  Bean MV.NADA - S.P.W.4 - L.27500 Coal HL AMBITION - MITT.2 - D.30000 Container TCI ARJUN - AWPT.1 - L.343 TEU ISEACO GENESIS - AWPT.3 - D.875,L.873 TEU MSC SUPARNA F - AWPT.3 - D.499,L.639 TEU UNI ACTIVE - AWPT.3 - D.625,L.700 TEU METHI BHUM - AWPT.3 - D.602,L.682 TEU BEYPORE SULTON - M.I.P.3 - D.81,L.43 TEU BANGKOK - M.I.P.3 - D.1264,L.1258 TEU ASIAN ACE - MITT.2 -0 D.465,L.349 TEU Shifted to ASIAN ACE - M.I.P.4 - D.737,L.795 TEU Yellow Maize   NORD HAKATA - A.I.P.T.1 - L.22000 SS-2 - A.I.P.T.2 - L.10000  PVT HN - A.I.P.T.3 - L.22000  LIMCO LOGGER - Y.I.G.T - L.8300 TAY SON-1 - Y.I.G.T - L.12150/3274(To...

၂၀၂၄ ဇူလိုင်လတွင် အာဆီယံ ထုတ်လုပ်မှုကဏ္ဍမှာ ၁၅ လအတွင်း အမြင့်ဆုံးအဖြစ် အမှာစာသစ်များ တိုးတက်လာ

 ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် S&P Global မှ ထုတ်ပြန်သည့် S&P Global အာဆီယံ ထုတ်လုပ်မှု PMI® အစီရင်ခံစာကို ဖော်ပြအပ်ပါသည်။ ၂၀၂၄ ဇူလိုင်လတွင် အာဆီယံ ထုတ်လုပ်မှုကဏ္ဍမှာ ၁၅ လအတွင်း အမြင့်ဆုံးအဖြစ် အမှာစာသစ်များ တိုးတက်လာ အဓိကတွေ့ ရှိချက်များ ထုတ်လုပ်ရေးနှင့် အမှာစာအသစ်များတွင် ခိုင်ခိုင်မာမာ မြင့်တက်မှုများခဲ့သည် အလုပ်ခန့်အပ်မှုသည် မဆိုစလောက်မျှသာ ထပ်မံ၍ တိုးလာသည်  ဝယ်ယူမှု ကုန်ကျစရိတ် ဖောင်းပွမှု အရှိန်ရလာသည် ဒေတာကို ဇူလိုင်လ ၁၁-၂၅ ရက်အတွင်း စုဆောင်းခဲ့သည် S&P Global မှ နောက်ဆုံးရ PMI® ဒေတာအရ အာဆီယံ ထုတ်လုပ်သူများသည် ဇူလိုင်လတွင် လုပ်ငန်းအခြေအနေများ တိုးတက်မှုရခဲ့ကြောင်းဆက်လက်မှတ်ချက်ပြုခဲ့ကြသည်။  တတိယသုံးလပတ် စတင်ချိန်တွင် လုပ်ငန်းဆောင်ရွက်မှုနှင့် အလုပ်အသစ်များ ရရှိမှုသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုးချဲ့မှု အစဉ်များကို ချဲ့ထွင်ခဲ့ကြောင်း မြင်တွေ့ခဲ့ရသည်။ ယင်းအတွက်ကြောင့် အလုပ်ခန့်အပ်မှုသည် ဒုတိယမြောက်လအဖြစ် ဆက်တိုက် မဆိုစလောက်မျှ တိုးလာခဲ့သည်။ သို့ရာတွင် စစ်တမ်းဖြေဆိုသူများက မြင့်တက်လာသော ဝယ်ဈေးများနှင့် ဆက်လက်ရင်ဆိုင်ခဲ့ရပြီး ဖောင်းပွမှုနှုန်းသည် ဖေဖော်ဝါရီလနောက်...

၂၀၂၄ ဇူလိုင်လတွင် မြန်မာ ကုန်ထုတ်လုပ်မှုကဏ္ဍ ဝယ်လိုအား အားနည်းခြင်းကြောင့် ကုန်ထုတ်လုပ်မှု အခြေအနေများတွင် ယုတ်‌လျော့မှု ပြန်လည်ဖြစ်ပွား

  ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ ထုတ်လုပ်မှု PMI® အစီရင်ခံစာကို တင်ပြအပ်ပါသည်။ ၂၀၂၄ ဇူလိုင်လတွင် မြန်မာ ကုန်ထုတ်လုပ်မှုကဏ္ဍ ဝယ်လိုအား အားနည်းခြင်းကြောင့် ကုန်ထုတ်လုပ်မှု အခြေအနေများတွင် ယုတ်‌လျော့မှု ပြန်လည်ဖြစ်ပွား အဓိက တွေ့ရှိချက်များ အမှာစာအသစ်များသည် ပြီးခဲ့သည့် ၄လအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့သည် ထုတ်လုပ်ရေးတွင် ဦးစိုက်မှုသည် ပိုမို၍ သိသာထင်ရှားလာသည် ဝယ်ယူမှုများအတွက် ကြာချိန်များသည် မှတ်တမ်းကာလတလျှောက် အကြီးမားဆုံး အတိုင်းအတာအထိ ရှည်လျားလာသည် ဒေတာကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁−၂၃ ရက်အတွင်း စုဆောင်းခဲ့သည်။ မြန်မာနိုင်ငံအတွက် နောက်ဆုံးရ PMI®ဒေတာတွင် ဇူလိုင်လအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများတွင် ပြန်လည်ဖြစ်ပွားလာသော ကျဆင်းမှုတစ်ခုကို ပြသခဲ့သည်။ ဝယ်လိုအား အခြေအနေများသည် လေးလအတွင်း ပထမဆုံး အကြိမ်အဖြစ် ယုတ်လျော့လာခဲ့သည်။ ရလဒ်အနေဖြင့် ထုတ်လုပ်မှုအဆင့်များကို ပိုမိုအားကောင်းသောနှုန်းဖြင့် လျှော့ချခဲ့သည်။  အမှာစာ အသစ်များ လျော့နည်းခြင်းအပြင် ပေးပို့ချိန်များကလည်း မှတ်တမ်းတွင် အကြီးမားဆုံးသော အတိုင်းအတာအထိ မြင့်တက်ခဲ့သောကြောင့် ကုန်ကြမ်းပစ္...