MPT က ၂၀၂၄ ခုနှစ်၏ CSR အစီအစဉ်များတွင် ကျန်းမာရေးနှင့်ပညာရေးကဏ္ဍ များ၌ ဒီဂျစ်တယ်နည်းလမ်းများနှင့် လူမှုအသိုက်အဝန်းကို ပံ့ပိုးကူညီခဲ့
(ယနေ့အထိ CSR အစီအစဉ်မှတစ်ဆင့် အမျိုးမျိုးသော ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်း ကဏ္ဍများမှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ လူငယ် ၂၀၀,၀၀၀ ကျော် ကို အထောက်အပံ့ပြုနိုင်ခဲ့) စစ်မှန်သောပြည်တွင်းဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော MPT သည် သုံးစွဲသူများအား ထူးခြားဆန်းသစ်သောဝန်ဆောင်မှုများပေးအပ်နေသည့်အပြင် လူမှုအသိုက်အဝန်းသို့ နည်းလမ်းမျိုးစုံဖြင့် တက်ကြွစွာ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံအတွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်း စသည့် အဓိကမဏ္ဍိုင်ကြီးသုံးရပ်အပေါ် အခြေခံကာ လူမှုအကျိုးပြုလုပ်ငန်းများ (CSR) ကို လူငယ်များသို့ အထောက်အပံ့ပြုကာ တစိုက်မတ်မတ် ဦးတည် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် CSR E-Learning အစီအစဉ်၊ ကျန်းမာရေးပညာပေး အစီအစဉ်၊ နိုင်ငံတစ်ဝန်းစုပေါင်းသွေးလှူဒါန်းမှုအစီအစဥ်များ၊ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အမည်ဖြင့် နိုင်ငံတစ်ဝန်းစုပေါင်း သစ်ပင်စိုက်ပျိုးခြင်းအစီအစဥ်များ နှင့် ၂၀၂၄ ခုနှစ်အတွင်းကြုံတွေ့ခဲ့ရသော ရာဂိ (Yagi) မုန်တိုင်း ပြန်လည် ထူထောင်ရေး ကြိုးပမ်းမှုများ အပါအဝင် ကဏ္ဍအသီးသီးတွင် ထိရောက...