OPPO A5 Pro ရဲ့ ရေစိမ်ခံနိုင်မှုနဲ့ အကြမ်းခံနိုင်မှုကို သုံးစွဲသူတွေမှ လက်တွေ့ကျကျ လာရောက်စမ်းသပ်လေ့လာခဲ့ကြတဲ့ “Touch & Try : A Pro Comes to You” ပွဲ

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝနဲ့ အခိုက်အတန့်တိုင်းကို အစဉ်အမြဲ ဂရုတစိုက် ရှိတာကြောင့် အခုအခါမှာလဲ OPPO A5 Pro ရဲ့ ရေစိမ်ခံနိုင်မှုနဲ့ အကြမ်းခံနိုင်မှုတွေကို စမ်းသပ်နိုင်မဲ့ အထူးအခွင့်အရေးတွေကို ပေးအပ်ဖို့အတွက် သုံးစွဲသူအစစ်အမှန်တွေအတွက် သယ်ဆောင်လာခဲ့ပါတယ်။ ဒါကြောင့် OPPO A5 Pro ကို အထူးစမ်းသပ်နိုင်မဲ့ အခွင့်အရေးတွေ ပါရှိတဲ့ Touch & Try : A Pro Comes to You ဆိုတဲ့ ပွဲကို သုံးမေလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့များမှာ Times City outdoor area မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ သုံးစွဲသူတွေအနေနဲ့ OPPO A5 Pro ရဲ့ ရေစိမ်ခံနိုင်မှု နဲ့ အကြမ်းခံနိုင်မှုတွေကို လက်တွေ့လာရောက် စမ်းသပ်ခဲ့ကြပြီး ဆုလက်ဆောင်တွေလည်း ရရှိခဲ့ကြပါတယ်။ ဒါတင်သာမက မေလ ၁၀၊ ၁၁၊ ၁၂ရက်နေ့တွေက လူငယ်တွေအတွက် သီးသန့်ဖန်တီးထားတဲ့ Co Co Original နဲ့အတူ ပူးပေါင်းကာ ခေတ်ရေစီးကြောင်းနဲ့အမြဲအတူတူရှိနေတဲ့ လူငယ်တွေအတွက် “Collab The Trends” ဆိုတဲ့ ပွဲကို Junction City မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲကျင်းပခဲ့တဲ့ ၃ ရက်လုံးမှာလဲ Knowledge အစုံကို နယ်ပယ်အသီးသီးက ဆရာကျပြီး တကယ်ကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ ...