Posts

Showing posts from September, 2024

MPT က MPT-KSGM ပူးပေါင်းဆောင်ရွက်မှု၏ (၁၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စိတ်ဝင်စားဖွယ် ပရိုမိုးရှင်းအစီအစဉ်များ၊ ဝန်ထမ်းလှုပ်ရှားမှုများ၊ လူမှုအသိုက်အဝန်းသို့ အထောက်အပံ့ပြုမှုများဖြင့် အောင်မြင်စွာ ကျင်းပ

 MPT က MPT-KSGM ပူးပေါင်းဆောင်ရွက်မှု၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို အောင်မြင်စွာကျင်းပပြီး (၁၀) နှစ်တာကာလအတွင်း မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍတွင် အထင်ကရ တိုးတက်မှုများနှင့် ဆန်းသစ်တီထွင်မှုများတွင် ဦးဆောင်ပါဝင်ခဲ့ပါသည်။ ယခုလို (၁၀) နှစ်ပြည့် အထိမ်းအမှတ် ဒီအခမ်းအနားကို နိုင်ငံတစ်ဝန်းရှိ MPT အသုံးပြုသူများအတွက် အထူးကံစမ်းမဲ အစီအစဉ်များ၊ ဝန်ထမ်းများပါဝင်သည့် လှုပ်ရှားမှုများ၊ လူမှုအသိုက်အဝန်းသို့ အထောက်အပံ့ပြုမှု အစီအစဉ် များဖြင့် ကျင်းပခဲ့သည်။ ယခုလို ၁၀ နှစ်တာခရီးလမ်းအတွင်း MPT ၏ ဝန်ဆောင်မှုကို ယုံကြည်စွာ အသုံးပြုနေသည့် သုံးစွဲသူများ၊ မိမိတို့၏ဝန်ထမ်းများနှင့် တန်ဖိုးထားရသော မိတ်ဖက်အဖွဲ့အစည်းများကို များစွာ ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်လိုက်ပါသည်။ ယခုလို (၁၀) နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ MPT က စိတ်လှုပ်ရှားဖွယ် ကံစမ်းမဲအစီအစဉ်များကိုလည်း မိတ်ဆက်ခဲ့ကာ သုံးစွဲသူများအတွက် စိတ်လှူပ်ရှားဖွယ် ဆုများလည်းပေးအပ်ခဲ့ပါသည်။ အဆိုပါ “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်တွင် နိုင်ငံတစ်ဝန်းရှိ MPT အသုံးပြုသူများအနေဖြင့် အထူးဆုအဖြစ် ကျပ် သိန်း (၁,၀၀၀) ဆုရှင် ၁ ဦး အပြင် သိန်း (၁၀၀) ဆုရှ...

My-Medicine မှ ဆေးရုံရက်ချိန်းရယူခြင်းစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ package များပါဝင်သည့် Feature အသစ်ကို စတင် မိတ်ဆက်

 ဒစ်ဂျစ်တယ်ကျန်းမာရေး နယ်ပယ်တွင် ဘဏ္ဍာရေးနည်းပညာကို ပေါင်းစည်းပေးလိုက်ခြင်းဖြင့် နိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာစေရန် အထောက်အပံ့ ဖြစ်စေမည်၊ လူနာများအနေဖြင့် တိုင်ပင်ဆွေးနွေးရန် ချိန်းဆိုမှုမှ ငွေပေးချေသည်အထိ အဆင်ပြေချောမွေ့သော အသုံးပြုမှု အတွေ့အကြုံကို ရရှိနိုင်မည် ဖြစ်သည်။ ဒစ်ဂျစ်တယ်ကျန်းမာရေးပလက်ဖောင်းဖြစ်သည့် My-Medicine မှ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရက်ချိန်းများလုပ်ဆောင်ရာတွင် လွယ်ကူလျင်မြန်နိုင်စေရန် “ဆေးရုံရက်ချိန်းရယူခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု Package” ကြိုတင်ဝယ်ယူခြင်း Feature အသစ်ကို စတင်မိတ်ဆက်ခဲ့ပါသည်။ ဤ Feature တွင် ဆေးကုသမှုခံယူလိုသူများသည် KBZPay ထဲရှိ My-Medicine Mini App မှ တစ်ဆင့် ဆေးရုံဆေးခန်းများ၏ ပြင်ပလူနာဌာန (Outpatient Department - OPD) များ၌ အလွယ်တကူ ကြိုတင်စာရင်းပေး ရက်ချိန်းရယူနိုင်မည့်အပြင် ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲဆေးစစ်ခြင်း Package များနှင့် အလှအပရေးရာ ထိန်းသိမ်းကုသမှု Package များကို KBZPay ထဲရှိ My-Medicine Mini App မှ တစ်ဆင့် လွယ်ကူလျင်မြန်စွာ ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ဤ Feature သည် ဆေးရ...

နောက်ဆုံးပေါ် Galaxy AI လုပ်ဆောင်ချက်တွေနဲ့ အသစ်ထွက်ရှိလာတဲ့ Galaxy S24 FE စမတ်ဖုန်းကို အတန်ဆုံးစျေးနှုန်း၊ အထူးအကျိုးခံစားခွင့်တွေနဲ့ ကြိုတင် Pre-order မှာယူနိုင်

  Fan Edition စမတ်ဖုန်းအသစ်ဖြစ်တဲ့ Galaxy S24 FE ကို ငွေကျပ် (၃၀) သိန်းကျော်နဲ့ Pre-order မှာယူနိုင်မှာဖြစ်ပြီး မှာယူသူများ အနေနဲ့ ငွေကျပ် (၅) သိန်းအထိတန်ဖိုးရှိ လက်ဆောင်များအပါအဝင် အထူးအကျိုးခံစားခွင့်များရရှိနိုင်   ဆန်းသစ်တီထွင်မှုတွေနဲ့ Galaxy AI ရဲ့ ခေတ်ကို ဖော်ဆောင်လျက်ရှိတဲ့ Samsung ဟာ သုံးစွဲသူတွေ နှစ်သက်သဘောကျမယ့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားတဲ့ Fan Edition စမတ်ဖုန်းအသစ်အဖြစ် Galaxy S24 FE ကို ယူဆောင်လာပြီ ဖြစ်ပါတယ်။ Samsung ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Flagship စမတ်ဖုန်းတွေမှာလိုပဲ နောက်ဆုံးထွက် Galaxy AI လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ Galaxy S24 FE ကို စက်တင်ဘာလ (၂၇) ရက်နေ့ကနေ အောက်တိုဘာလ (၃) ရက်နေ့ အတွင်း ကြိုတင် Pre-order မှာယူနိုင်မှာ ဖြစ်ပါတယ်။ Samsung Galaxy S24 FE စမတ်ဖုန်းအသစ်ကို Galaxy AI စတင်ပါဝင်လာတဲ့ Flagship စမတ်ဖုန်းဖြစ်တဲ့ Galaxy S24 မှာလိုပဲ လှပပြီး ပရီမီယံဆန်တဲ့ ဒီဇိုင်းအမှတ်အသားတွေနဲ့ ဖန်တီးထားတာဖြစ်တဲ့အပြင် သုံးစွဲသူတွေ သဘောကျနှစ်ခြိုက်ခဲ့တဲ့ Galaxy AI လုပ်ဆောင်ချက်တွေကို ပိုမို အဆင့်မြင့်တင်ပြီး ထည့်သွင်းပေးတားတာကြောင့် သူမတူတဲ့...

MPT က လူမှုအကျိုးပြုလုပ်ငန်း လှုပ်ရှားမှုအစီအစဉ်အဖြစ် လှူဒါန်းမှုများ၊ စေတနာ့ဝန်ထမ်းများ၏ လုပ်အားပေးဆောင်ရွက်မှုများနှင့် ဆက်သွယ်‌ရေး ဝန်ဆောင်မှုများကို ရေဘေးသင့်ဒေသများရှိ ပြည်သူများထံသို့ ပံ့ပိုးကူညီ

 MPT က ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရန်နှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် လူမှုအကျိုးပြုလုပ်ငန်း လှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိနေပါသည်။ အဆိုပါလှုပ်ရှားမှုကို မရှိမဖြစ်လိုအပ်သော အစားအစာများ၊ အဝတ် အထည်များ၊ ငွေသားနှင့် ဝန်ထမ်းများ၏ လုပ်အားပေးမှုများဖြင့် အထောက်အပံ့ပြုကာ လွန်ခဲ့သော အပတ်က စတင်ဆောင်ရွက်ခဲ့ပါသည်။ MPT သည် အရေးပေါ်ကာလအတွင်း လိုအပ်သော ပစ္စည်းများထောက်ပံ့ပေးမှုအပြင် ရေဘေးသင့်ဒေသများရှိ ပြည်သူများနှင့် အရေးပေါ်ကယ်ဆယ်ရေးတို့အား စဉ်ဆက်မပြတ် ချိတ်ဆက်နိုင်စေရန် အတွက် ဆက်သွယ်ရေး အထောက်အပံ့များကိုလည်း ဆောင်ရွက်ပေးထားပါသည်။ ယခုလို လူမှုအကျိုးပြုလုပ်ငန်း လှုပ်ရှားမှု အစီအစဉ်သည် MPT ဝန်ထမ်းများကိုယ်တိုင် စေတနာ့ဝန်ထမ်းအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ရေဘေးသင့်ဒေသများရှိ ပြည်သူများအား ရေဘေးဒဏ်လျော့ပါးသက်သာစေရန်နှင့် အချိန်နှင့် တစ်ပြေးညီ ကူညီထောက...

မြန်မာနိုင်ငံနေရာအနှံ့အပြားက ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း ၄၀၀ လှူဒါန်းခဲ့တဲ့ OPPO Myanmar AED

  OPPO Myanmar AED က ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ခိုင်နှင်းဝေ Foundation နဲ့ လက်တွဲကာ ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ လိုအပ်သည့်ပစ္စည်းများ လှူဒါန်းသွားမှာဖြစ်ပြီး ကလော နဲ့ အင်းလေး ဒေသတွေအတွက် ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ စောင်များကို ဆက်လက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ OPPO က လက်ရှိမြန်မာနိုင်ငံ နေရာအနှံ့အပြား ဖြစ်ပေါ်နေတဲ့ ရေဘေး ဖြစ်စဉ်အတွက် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ပြုလုပ်နိုင်ဖို့ ငွေကျပ် သိန်း ၄၀၀ တန်ဖိုးရှိ ပစ္စည်းများကို ကူညီလှူဒါန်းပေးခဲ့ပါတယ်။ OPPO Myanmar AED က ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ခိုင်နှင်းဝေ Foundation နဲ့ လက်တွဲကာ ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ လိုအပ်သည့်ပစ္စည်းများ လှူဒါန်းသွားမှာဖြစ်ပြီး ကလော နဲ့ အင်းလေး ဒေသတွေအတွက် လိုအပ်လျက်ရှိတဲ့ ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ စောင်များကို ဆက်လက် လှူဒါန်းသွားဦးမှာ ဖြစ်ပါတယ်။ OPPO Myanmar AED ဟာ အရင်တည်းက မြန်မာနိုင်ငံနေရာအနှံ့ ရေတွင်းလှူဒါန်းခြင်း လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေတာ ရေတွင်း ၁၃ တွင်းအထိ ရှိပြီးဖြစ်ပါတယ်။ ဒီတစ်...

အက်တမ် (ATOM) မှ မြန်မာနိုင်ငံတွင်းရေကြီးရေလျှံမှုကို ပံ့ပိုးကူညီရန်နှင့် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများအတွက် ကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးမတည်ငွေ မြန်မာငွေကျပ်သိန်းပေါင်း ၁၀,၀၀၀ လှူဒါန်း

 ● လတ်တလောတွင်ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရသည့် မြန်မာနိုင်ငံအတွင်းမှ လူမှုအသိုင်းအဝိုင်းများ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ လျင်မြန်စွာပေးအပ်နိုင်ရန်အတွက် အက်တမ် (ATOM) က လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။ ● ယခုကဲ့သို့ ငွေကြေးလှူဒါန်းထောက်ပံ့ပေးမှုအပြင် ရေဘေးသင့် အက်တမ် (ATOM) အသုံးပြုသူ ကာစတမ်မာများအတွက် ရည်ရွယ်ကာ ၇၈၈၇ hotline ဖုန်းနံပါတ်သို့ဆက်သွယ်ပြီး အခမဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်မှု ရယူနိုင်သည့် ဝန်ဆောင်မှုများကိုလည်း ပေးအပ်လျက်ရှိပါသည်။  ● ထို့အပြင် အက်တမ် (ATOM) မှ အသုံးပြုသူ ကာစတမ်မာများအနေဖြင့် ရေဘေးအတွက် မိမိပါဝင်လှူဒါန်းလိုသည့်ပမာဏကို အက်တမ် (ATOM) ဖုန်းဘေလ်နှင့် ၆၆၆၆ ကို SMS စာတို ပေးပို့လှူဒါန်းနိုင်ကြောင်း တိုက်တွန်းဖိတ်ခေါ်ထားပါသည်။ ထိုနည်းတူ အက်တမ် (ATOM) ကလည်း အသုံးပြုသူ ကာစတမ်မာများ လှူဒါန်းမှုပမာဏ၏ ဆတူထပ်ဆောင်း အင်အားဖြည့်ပါဝင်လှူဒါန်းသွားမည်ဖြစ်သည့်အတွက်ကြောင့် အကူအညီလိုအပ်သူများထံသို့ လှူဒါန်းမှု ၂ ဆ ရောက်ရှိသွားမည်ဖြစ်သည်။  အက်တမ် (ATOM) က လက်တလောတွင်ဖြစ်ပေါ်နေလျက်ရှိသော ရေကြ...

အက်တမ် (ATOM) က မြန်မာနိုင်ငံတွင်းရှိ ရေဘေးသင့်ဒေသများသို့ ဖုန်းအခမဲ့ခေါ်ဆိုခွင့်နှင့် အခမဲ့စာတို SMS ပေးပို့ခွင့်များ ပေးအပ်ထား

 မြန်မာနိုင်ငံတွင်းရှိ ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရသည့် ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် အခမဲ့ဖုန်းခေါ်ဆိုမှုမိနစ်များနှင့် အခမဲ့စာတို SMS ပေးပို့ခွင့်ကို ပေးအပ်လျက်ရှိပါသည်။ ● အက်တမ် (ATOM) အသုံးပြုသူ customer များအနေဖြင့် ချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ် ရှိနေစေရန်နှင့် လိုအပ်ပါက လွယ်ကူစွာ အကူအညီတောင်းခံနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ အခမဲ့ဝန်ဆောင်မှုများကို ပေးအပ်ခြင်းဖြစ်သည်။ ● ယခုကဲ့သို့ ရေဘေးသင့်ပြည်သူများနှင့် လူမှုအသိုင်းအဝိုင်းများကို အက်တမ် (ATOM) ၏ တစ်ဖက်တစ်လမ်း မှကူညီပံ့ပိုးမှုသည် အရေးပေါ်အခြေအနေမျိုးတွင် ရပ်ရွာလူမှုအသိုင်းအဝိုင်းများကို အဓိက ကူညီထောက်ပံ့ပေးသွားမည့် အက်တမ် (ATOM) ၏ တာဝန်သိလူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်သော လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။  မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော ရေကြီးမြေပြိုမှုများကြောင့် ထိခိုက်ပျက်ဆီးဆုံးရှုံးများဖြစ်ပေါ်နေလျက်ရှိရာ အက်တမ် (ATOM) အနေဖြင့် ရေဘေးသင့်ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် မိနစ် (၅၀၀) အခမဲ့ ဖုန်းပြောခ...

Samsung ရဲ့ အသစ်ထွက်ရှိလာတဲ့ “ပေါပါးထိပွင့် Galaxy A06” ကို မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ အသက်သာဆုံးဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ပြီ

 Samsung ရဲ့ ပိုမိုပေါ့ပါးလာပြီး ထိရုံနဲ့ပွင့်မယ့် Side Fingerprint ပါဝင်လာတဲ့ “ပေါ့ပါးထိပွင့် Galaxy A06" စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ အသက်သာဆုံးစျေးနှုန်း၊ အထူးအခွင့်အရေး၊ လက်ဆောင်တွေနဲ့အတူ ဝယ်ယူရရှိနေပြီဖြစ်ပါတယ်။ မကြာသေးမီကမှ မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးခဲ့တဲ့ Galaxy A06 စမတ်ဖုန်းတွေဟာ ပရီမီယံဆန်တဲ့ ဒီဇိုင်း၊ လူငယ်ဆန်တဲ့ အရောင်တွေအပြင်၊ အမိုက်စား Awesome လုပ်ဆောင်ချက်တွေလည်း ပါဝင်လာတာဖြစ်လို့ Samsung ချစ်သူများ အနေနဲ့ အကြိုက်တွေ့စေဦးမှာပါ။ Galaxy A Series ရဲ့ အသစ်ထွက် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A06 ဟာ ပိုမိုပါးလွှာကျစ်လစ်လာတဲ့ Awesome ဒီဇိုင်းကြောင့် အလေးချိန် ၁၈၉ ဂရမ် နဲ့ အထူ ၈ မီလီမီတာ ပဲရှိတာ ဖြစ်တဲ့အတွက် သုံးစွဲသူတွေလက်ထဲ ကိုင်ရတာ ပေါ့ပါးတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ လုံခြုံရေးအတွက်ကိုလည်း ပိုမိုအဆင့်မြှင့်ထားပြီး ထိလိုက်ရုံနဲ့ မြန်မြန်ဆန်ဆန် ပွင့်သွားနိုင်မယ့် အရည်အသွေးမြင့် Side Fingerprint လုပ်ဆောင်ချက် ပါဝင်လာတာဖြစ်လို့ “ပေါ့ပါးထိပွင့် Galaxy A06” လို့ အမည်တွင် လူကြိုက်များနေရတာလည်းဖြစ်ပါတယ်။ Awesome လုပ်ဆောင်ချက်တွေနဲ့ Galaxy A06 မှာ မျက...

Samsung Myanmar မှ ‌ရေဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စားသောက်ကုန်နှင့် လိုအပ်သည့်ပစ္စည်းများအား ခိုင်နှင်းဝေ Foundation နှင့်လက်တွဲလှုူဒါန်း

 Samsung Myanmar ၏ Love & Care အစီအစဉ်မှ မြန်မာနိုင်ငံတဝန်း ရေဘေးသင့်ဒေသများအတွက် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စားသောက်ကုန်နှင့် လိုအပ်သည့် ပစ္စည်းများအား ခိုင်နှင်းဝေ Foundation နှင့် လက်တွဲလှုူဒါန်းခဲ့သည်။   Samsung Myanmar အနေနှင့် တောင်ငူ၊ နေပြည်တော်၊ ပျဉ်းမနားနှင့် ရမည်းသင်း အစရှိသည့် လတ်တလော ရေဘေးဒဏ် ကြီးကြီးမားမားခံစားနေရသည့် ဒေသများသို့ ထိထိရောက်ရောက် ကူညီနိုင်ရန်အတွက် ယခုကဲ့သို့ ခိုင်နှင်းဝေ Foundation နှင့် လက်တွဲလှုူဒါန်းခဲ့ခြင်း ဖြစ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် လက်တွေ့ အသုံးဝင်မည့် အစားအသောက်၊ အဝတ်အထည်နှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများအား အဓိကထား လှုူဒါန်းသွား မည်ဖြစ်သည်။ ထို့အပြင် Samsung Myanmar အဖွဲ့သားများအနေနှင့် လာမည့် ရက်များအတွင်းတွင် ခိုင်နှင်းဝေ Foundation နှင့်အတူ ရေဘေးသင့်ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျလည်း လိုက်လံအားဖြည့်ကူညီသွားမည် ဖြစ်သည်။   “အခုလို သဘာဝဘေးအန္တရာယ်ဒဏ် ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်ဖို့အတွက် ကျွန်မတို့ Samsung Myanmar ရဲ့ Love & Care အစီအစဉ် အနေနဲ့ အ...

Samsung မှ Official Mobile Partner အဖြစ် ဝင်ရောက်အားဖြည့်ခဲ့တဲ့ တက္ကသိုလ်ကျောင်းပေါင်းစုံပြိုင်ပွဲကြီး MESL University League 2024

 တက္ကသိုလ်ကျောင်းပေါင်းစုံမှ Esports ဝါသနာရှင်တွေအတွက် MESL မှ ကြီးမှုးကျင်းပတဲ့ တက္ကသိုလ်ကျောင်းပေါင်းစုံပြိုင်ပွဲကြီး MESL University League 2024 ကို ဩဂုတ်လ ၃၁ ရက်နေ့နဲ့ စက်တင်ဘာလ ၁ ရက်နေ့တို့က သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Samsung Myanmar က Official Mobile Partner အနေနဲ့ ပူးပေါင်းပါဝင်အားဖြည့်ခဲ့တဲ့ MESL University League 2024 ပွဲကြီးကို နာမည်ကျော်အဆိုတော်များရဲ့ သီဆိုဖျော်ဖြေမှု၊ Fan Meeting၊ K-pop အကဖျော်ဖြေမှု၊ Prom Night အစီအစဥ် စသဖြင့် အစီအစဥ်ပေါင်းများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပနိုင်ခဲ့ပါတယ်။   အဓိက ပွဲအစီအစဥ်ဖြစ်တဲ့ မိုဘိုင်းဂိမ်းပြိုင်ဆိုင်ခြင်းအတွက် Samsung Myanmar မှ Official Mobile Partner အနေနဲ့ ပါဝင်အားဖြည့်ထားတာ ဖြစ်တဲ့အလျောက် ပြိုင်ပွဲဝင်များ အထစ်အငေါ့မရှိ ဂိမ်းဆော့ကစားနိုင်စေရန် နည်းပညာအဆင့်မြင့် Galaxy Z Fold6 နဲ့ Galaxy S24 Ultra မိုဘိုင်းဖုန်းများကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် Samsung Galaxy Gaming Academy (Campus Series) Booth မှာလည်း လာရောက်လည်ပတ်သူတွေ Galaxy AI နဲ့ မိုဘိုင်းဂိမ်းအတွေ့အကြုံတွေကို စမ်းသပ်နိုင်ရန်...

မြန်မာနိုင်ငံရှိ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေအနေဖြင့် မိမိတို့လုပ်ငန်းကို လူသိများစေရန်အတွက် TikTok ကို ဘယ်လိုအကျိုးရှိရှိ အသုံးချနိုင်လဲ။

  မကြာသေးမီလများအတွင်း မြန်မာနိုင်ငံရှိ အွန်လိုင်းစီးပွားရေးလုပ်ငန်း အများအပြားသည် ၎င်းတို့၏ အွန်လိုင်းတည်ရှိမှုကို မြှင့်တင်ရန်အတွက် TikTok ကို အလားအလာရှိသော ပလပ်ဖောင်းတစ်ခုအဖြစ် စတင်ရွေးချယ်လာကြသည်ကို တွေ့ရှိနိုင်ပါသည်။ ဤအပြောင်းအလဲသည် စီးပွားရေး လုပ်ငန်းများအနေဖြင့် အဓိက အွန်လိုင်းပလက်ဖောင်းများကို အသုံးပြုရာတွင် အခက်အခဲများရှိလာပြီး TikTok ကတော့ အခက်အခဲအနည်းဆုံးဖြင့် အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်သောကြောင့်ဖြစ်ပါသည်။ လုပ်ငန်းများအတွက် ကံကောင်းသည့်အချက်မှာ TikTokသည် ၎င်းတို့၏ ပလပ်ဖောင်းပေါ်တွင် စီးပွားရေးလုပ်ငန်း အရွယ်အစား အမျိုးမျိုးအတွက် ၎င်းတို့၏ ပရိသတ်များ၊ သုံးစွဲသူများနှင့် ချိတ်ဆက်နိုင်စေရန်အတွက် ဆန်းသစ်သော Tool များနှင့် အရင်းအမြစ်များကို ဖန်တီးပေးလျက်ရှိပါသည်။ ထို့ကြောင့် ဤဆောင်းပါးသည် မိမိတို့ အမှတ်တံဆိပ်ကို ပိုမိုသိရှိနားလည်လာစေရန် TikTok ကို အသုံးချလိုသော မြန်မာစီးပွားရေး လုပ်ငန်းများအနေဖြင့် အဖိုးတန်သော အချက်အလက် Insights များနှင့် လက်တွေ့ကျသော အကြံပြုချက်များကို ပေးဆောင်ရန် ရည်ရွယ်ပါသည်။ များစွာသော အရင်းအမြစ်များထဲမှ တစ်ခုမှာ မည်သူမဆို အခမဲ့ ၀င်ရောက်အသုံးပြုနိုင်သည...

UEFA နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ်ရာသီ ၃ ရာသီအတွက် ထပ်မံ သက်တမ်းတိုးဆောင်ရွက်လိုက်တဲ့ OPPO

 ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ OPPO က UEFA ပြိုင်ပွဲစဉ်များဖြစ်ကြတဲ့ UEFA Champions League ၊ UEFA Super Cup ၊ UEFA Futsal Champions League ဗိုလ်လုပွဲစဉ်များနှင့် UEFA လူငယ်လိဂ် ဗိုလ်လုပွဲစဉ်များ အစရှိတဲ့ ပွဲစဉ်များစွာပါရှိတဲ့ ဥရောမဘောလုံးအဖွဲ့ချုပ် (UEFA) နဲ့ ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို နောက်ထပ် ရာသီ ၃ ရာသီစာအတွက် ထပ်မံသက်တမ်းတိုးချုပ်ဆိုလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာသီက ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ထားခြင်းအားဖြင့် OPPO အနေနဲ့ ပရိသတ်တွေကို ဘောလုံးပွဲစဉ်တွေနဲ့ ပိုမိုနီးကပ်စေဖို့ ၊ UEFA နဲ့အတူ ပူးပေါင်းကာ ထူးခြားတဲ့ ကြည့်ရှုမှု အတွေ့အကြုံတွေကို ပိုပြီးပေးဆောင်နိုင်ဖို့ စမတ်ဖုန်း ၊ headphone များနှင့် smartwatch တွေမှတဆင့် နောက်ဆုံးပေါ် နည်းပညာတွေကို ဆက်လက်အသုံးချသွားမှာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု သက်တမ်းတိုးခြင်းကို ဂုဏ်ပြုကျင်းပခဲ့တဲ့ OPPO နဲ့ UEFA OPPO မှ UEFA နှင့် တရားဝင် စမတ်ဖုန်းထုတ်ကုန် မိတ်ဖက်အဖြစ် လက်တွဲသက်တမ်းတိုးခြင်းအား ကြေငြာချက်ထုတ်ပြန်ခဲ့ရာတွင် Overseas MKT ၏ ဥက္ကဌ Billy Zhang၊ OPPO မှ အရောင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ UEFA မှ Mark...

MPT က ဩဂုတ်လအတွက် ငွေသားဆု သိန်း (၁၀၀) ဆုရှင် (၁၀) ဦး ကို ထုတ်ပြန်ကြေညာ

Image
 MPT က “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်မှ ဩဂုတ်လ (ဒုတိယအကြိမ်) အတွက် စုစုပေါင်း သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ငွေသားဆု သိန်း (၁၀၀) ဆုရှင် (၁၀) ဦးကို ဝမ်းမြောက်စွာ ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါကံထူးရှင်များကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ဆက်လက်ပြီး စက်တင်ဘာလ (တတိယကြိမ်)တွင် MPT သုံးစွဲသူများအတွက် ကျပ်သိန်း (၁၀၀) ဆု ကံထူးရှင် (၁၀)ဦးနှင့်အတူ အထူးဆု ကျပ် သိန်း(၁,၀၀၀)ဆု (၁)ဆု ကံထူးနိုင်မည့် အခွင့်အရေးများ ကျန်ရှိနေပါသောကြောင့် သုံးစွဲသူများအနေဖြင့် မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် MPT၏ ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသဖြင့်) ဝယ်ယူခြင်းဖြင့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်”အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPT သည် “တူတူဆော့မယ် MPT တစ်ဆယ်တစ်ဆယ်” အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ ပါဝင်သူများအနေဖြင့် MPT ၏ တရားဝင် TikTok အကောင့် [MPT Myanmar @mptofficialpage] ကို follow လုပ်ပြီး MPT ၏ တရားဝင် TikTok အကောင့...

MPT က ဂိမ်းချစ်သူများအတွက် MPT MLBB Pro Pack အသစ် စတင်မိတ်ဆက်

Image
 MPT သည် Mobile Legends: Bang Bang (MLBB) ဂိမ်းချစ်သူများအတွက် အထူးရည်ရွယ်ပြုလုပ်ထားသော MPT MLBB (Mobile Legends: Bang Bang) Pro Pack အသစ်ကို ယနေ့ မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ဂိမ်းချစ်သူများအနေဖြင့် Diamond ၄၀ အထိရရှိ မည် ဖြစ်ပြီး ဝယ်ယူသည့်ငွေပမာဏ၏ ၂ဆ (၂၀၀%) ကို ပြန်အမ်းငွေအဖြစ်ရရှိမည့် အထူးအစီအစဉ်များကိုပါ အသုံး ပြုနိုင်မည် ဖြစ်ပါသည်။ MPT MLBB Pro Pack အသစ်သည် ပမာဏများပြားသည့် Diamond များပေးအပ်ထားသည့်အတွက် ဂိမ်းကစားသူများအနေဖြင့် ဂိမ်းအတွင်းရှိ ပစ္စည်းများ နှင့် Skins များကို လွယ်ကူစွာ ဝယ်ယူနိုင်မည် ဖြစ်ပါ သည်။ MPT MLBB Pro Pack နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။ ပက်ကေ့ချ်တစ်ခုချင်း၏ ဒေတာပမာဏများကို Mobile Legends ဂိမ်းကစားခြင်း အတွက်သာ အသုံးပြုနိုင်မည် ဖြစ်ပြီး ပြန်အမ်းငွေကို မိမိနှစ်သက်ရာဒေတာအသုံးပြုမှုတိုင်းအတွက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshinori YAGI က “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ ၎င်းတို့ကြိုက်နှစ်သက်တဲ့ ဂိမ်းပက်ကေ့ချ်တွေ ရွေးချယ်ဝယ်ယူနိုင်တဲ့ MLBB Pro pack ကို ၂၀၂၃ ခုနှစ်က ...

Samsung Myanmar မှ Samsung Innovation Campus 2024 (AI Hackathon) ပြိုင်ပွဲနဲ့ Galaxy Campus Friends 2.0 အစီအစဉ် တို့မှာ အနိုင်ရရှိခဲ့သူလူငယ်များကို ဆုချီးမြင့်ပေးအပ်ပြီး “ပေါ့ပါးထိပွင့် Galaxy A06” ဖုန်းအသစ်ကိုလည်း မိတ်ဆက်ပေးခဲ့

 ဇွန်လ ၂၀၂၄ ကနေ စတင်ခဲ့တဲ့ Samsung Innovation Campus 2024 အတွက် AI Comprehensive Training ကို နာရီ (၄၀) ကြာ အခမဲ့တက်ရောက်ခွင့်ရခဲ့တဲ့ လူငယ်များအတွက် သင်တန်းပြီးဆုံးကြောင်း Certificate များပေးအပ်ခဲ့ပြီး AI Hackathon ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခဲ့ Samsung နဲ့အတူ အိပ်မက်များကို ထုဆစ်ပုံဖော်ခွင့်ရမယ့် Galaxy Campus Friends Winner (၅)ဦးကို ရွေးချယ်ခဲ့ပြီး ဆုချီးမြှင့်ခဲ့ ပိုမိုပေါ့ပါးလာပြီး ထိရုံနဲ့ပွင့်မယ့် Side Fingerprint ပါဝင်တဲ့ “ပေါ့ပါးထိပွင့် Galaxy A06” ဖုန်းအသစ်ကို မြန်မာနိုင်ငံအတွက် မိတ်ဆက်ပေးခဲ့   Samsung Myanmar မှ မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးလျက်ရှိတဲ့ Samsung Innovation Campus 2024 (AI Hackathon) အစီအစဉ် နဲ့ Galaxy Campus Friends 2.0 အစီအစဉ်တို့ကနေ အနိုင်ရရှိသူလူငယ်များ ပေါ်ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်။ အနိုင်ရရှိသူများကို ရွေးချယ်ကြေညာပြီး ဆုချီးမြှင့်ပေးအပ်တဲ့ အခမ်းအနားကြီးကိုတော့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့က ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ထိရုံနဲ့ မြန်ဆန်စွာပွင့်တဲ့ Side Fingerpri...

အက်တမ် (ATOM) က နှစ်ပတ်လည်ကမ်ပိန်းအထိမ်းအမှတ်အဖြစ် EV ကားသစ်ကံထူးရှင်ကို မဲနှိုက်ရွေးချယ်ပေးခဲ့

 အက်တမ် (ATOM) က ၎င်း၏ နှစ်ပတ်လည်အထိမ်းအမှတ်ကမ်ပိန်းအစီအစဉ်တွင် ဝင်ရောက်ပါဝင်ခဲ့ကြသည့် အသုံးပြုသူ customer များအနက်မှ EV လျှပ်စစ်ကားသစ်တစ်စီးကံထူးရှင်ကို မဲနှိုက်ရွေးချယ်ခြင်းအခမ်းအနားကျင်းပခဲ့သည်။ အထူးဆု EV ကားသစ်ကံထူးရှင်ကို အက်တမ် (ATOM) အသုံးပြုသူ customer များအနက်မှ မဲနှိုက်ရွေးချယ်ခဲ့ပြီး စက်တင်ဘာလ (၃) ရက်နေ့တွင် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ အထူးဆုကြီးအပြင် အက်တမ် (ATOM) ၏ နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့် အက်တမ် (ATOM) အသုံးပြုသူ customer များကို အထူးလျှော့ဈေးပရိုမိုရှင်းအစီအစဉ်များ၊ အပိုပွိုင့်လက်ဆောင်များနှင့် ငွေသားပြန်လည်ပေးအပ်သည့်အစီအစဉ်များကိုလည်း ပြုလုပ်ပေးခဲ့သည်။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့က ၎င်း၏ နှစ်ပတ်လည်အထိမ်းအမှတ်ကမ်ပိန်းအစီအစဉ်အဖြစ် ရင်ခုန်စိတ်လှုပ်ရှားစရာ ကံထူးရှင်ရွေးချယ်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ပွဲကျင်းပရသည့် အဓိကရည်ရွယ်ချက်မှာကမ်ပိန်းတွင်ပါဝင်ခဲ့ကြသည့် အက်တမ် (ATOM) အသုံးပြုသူ customer များအနက်မှ Dayun Yuehu S1 Mini SUV (၂၀၂၃ မော်ဒယ်) လျှပ်စစ် EV ကားသစ်ကံထူ...

MPT က မဟာအက်ပလီကေးရှင်းမှာ မြန်မာရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများကို စိတ်ကြိုက်ကြည့်ရှုဖို့ Mahar Data Pack ကို မိတ်ဆက်

Image
 MPT က ရုပ်ရှင်ချစ်သူများ မြန်မာရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ကြည့်ရှုရာတွင် ပိုမိုကောင်းမွန်သော ခံစားမှုရသအတွေ့အကြုံကောင်းများကို ဈေးနှုန်းသက်သက်သာသာဖြင့် ‌ကြည့်ရှုနိုင်စေရန် ရည်ရွယ်၍ Mahar Data Pack ကို မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ သုံးစွဲသူများသည် ပြည်တွင်းမှ မိမိတို့နှစ်သက်ရာ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများကို ဒေတာကုန်ကျစရိတ်အတွက် စိုးရိမ်စရာမလိုဘဲ ၄၉၉ ကျပ်မှစ၍ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ Mahar Data Pack ဖြင့် ရုပ်ရှင်ပေါင်း ၃,၀၀၀ ကျော်ကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး Mahar Data Pack နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို အောက်ပါဇယားတွင်ကြည့်ရှုနိုင်ပါသည်။ Mahar Data Pack များကို မဟာအက်ပလီကေးရှင်းအတွက်သာ သီးသန့်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် MPT သည် သုံးစွဲသူများ Mahar Data Pack များကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ဝယ်ယူသူများထဲမှ တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်စီ လစဉ် ကံထူးရှင် (၁၀) ဦးကို ရွေးချယ်သွားမည် ဖြစ်ပါသည်။ ကံထူးရှင်များကို မဟာမှ တိုက်ရိုက်ဆက်သွယ်ပြီး ၎င်း၏ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။ MPT-KSGM JO ၏ စီးပွားရေးဌာန...

OPPO Reno12 Series ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်ဝယ်ယူရရှိနိုင်ပြီ

 ဒီဈေးနှုန်းဝန်းကျင်မှာ အသုံးဝင်ပြီး စုံလင်တဲ့ AI လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးနိုင်တဲ့ တစ်ခုတည်းသော AI ဖုန်း OPPO Reno12 Series ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်ဝယ်ယူရရှိနိုင်ပြီ OPPO Reno12 5G ကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ၂,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း၊ OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်ဖြင့်လည်းကောင်း ဝယ်ယူပြီး အထူးလက်ဆောင်များ ရယူနိုင်ပါပြီ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း OPPO ဟာ ဩဂုတ်လ ၂၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Official Consumer Launch ကနေ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ “Your First AI Phone” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ ရောက်ရှိလာတဲ့ OPPO Reno12 Series ထဲက OPPO Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ် ၊ OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်တို့နဲ့ အသီးသီး စတင်မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ OPPO Reno12 Series ကို မြန်မာနိုင်ငံတစ်ဝန်းမှာ စတင်ဝယ်ယူရနိုင်ပြီဖြစ်ပြီး AI လုပ်ဆောင်ချက်တွေပါဝင်လာမဲ့ OPPO Reno12 5G နဲ့ OPPO Reno12 F ဆိုပြီး မတူညီတဲ့ ဖက်ရှင်အမြင်နဲ့ ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ OPPO Reno12 Series ဝယ်ယူသူတိုင်းအတွက် 20,000mAh Power Bank ၊ မှန်ကွဲအာမခံ ၆ လ နဲ့အတူ ထပ်ဆောင...