KBZPay Mini App Solution ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေမည့် အခွင့်အလမ်းများရှာဖွေခြင်း၌ အားပေးကူညီရန် ရည်ရွယ်သော KBZPay Ecosystem Summit ကို ကမ္ဘောဇဘဏ်မှ ကြီးမှူးကျင်းပခဲ့

KBZPay Mini App Solution ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေမည့် အခွင့်အလမ်းများရှာဖွေခြင်း၌ အားပေးကူညီရန် ရည်ရွယ်သော KBZPay Ecosystem Summit ကို ကမ္ဘောဇဘဏ်မှ ကြီးမှူးကျင်းပခဲ့ မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး နိုင်ငံအတွင်း ဦးဆောင်မိုဘိုင်းပိုက်ဆံအိတ်တစ်ခုဖြစ်သည့် KBZPay အား စီမံခန့်ခွဲနေသော ကမ္ဘောဇဘဏ်သည် KBZPay Ecosystem Summit အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် Wyndham Grand Yangon ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို စီးပွားရေးလုပ်ငန်းရှင် ၁၀၀ကျော်၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် နည်းပညာဆိုင်ရာ Developer များ တက်ရောက်ခဲ့ကြပြီး KBZPay မှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် အကြောင်းအရာများကို ဆွေးနွေးအဖြေရှာခဲ့ကြပါသည်။ KBZPay Ecosystem Summit သည် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိင်ငံမှ Developer Community ကို ချိတ်ဆက်ပေးရန် နိဒါန်းပျိုး အစပြု ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယခုလို ဆွေးနွေးပွဲများကို မြန်မာနိုင်ငံတစ်ဝန်း ဆက်လက်ကျင်းပ ပြုလုပ်သွာ...