Posts

Showing posts from June, 2024

28 June 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

  28 June 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။  #LogisticsIndustryGuide MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 28 June 2024, VESSELS AT WHARVES BERTHING VESSELS L= Loading- D= Discharging Vessel Name - Berth - Cargo  Palm Oil(In Bulk) MT.AU VIRGO - K.I.P.T - D.1700 MT.VL-21 - H.O.B - D.4898  MT.NEXUS - WILMAR JETTY - D.8000 Container  BLPL FAITH - AWPT.1 - D.219,L.340 TEU PADIAN-3 - MITT.1 - D.77,L.143 TEU  Shifted to PADIAN-3- AWPT.1 - D.381,L.483 TEU ISEACO WISDOM - AWPT.3 - D.1058,L.1162 TEU MSC FORTUNE F - AWPT.3 - D.563,L.460 TEU KOTA RUKUN - AWPT.3 - D.3,L.343 TEU BANGKOK - AWPT.3 - (-/-/2) D.1222,L.1422 TEU AS SOPHIA - M.I.P.3 - (2/2/2) D.1105,L.698 TEU Shifted to  AS SOPHIA - MITT.1 - D.253,L.684 TEU BEYPORE SULTAN - M.I.P.3 - L.56 TEU CAPE FELTON - M.I.P.4 - D.920,L.978 TEU SINAR SOLO - M.I.P.4 - D.230,L....

အိန္ဒိယ ကားထုတ်လုပ်သည့် ကုမ္ပဏီ ၉ ခု တစ်နှစ် အစီးရေ ၃ သန်း ထပ်တိုးထုတ်လုပ်ရန် စီစဉ်

 အိန္ဒိယ ပြည်တွင်းဈေးကွက်ရောင်းချမှု၏ ၉၇ ရာခိုင်နှုန်းကို ဝေစု ပိုင်ဆိုင်ထားသည့် အိန္ဒိယမှ ကားထုတ်လုပ်သည့် ကုမ္ပဏီ ၉ ခုသည် တစ်နှစ်လျှင် ကားစီးရေ သုံးသန်းအထိ တိုးထုတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။  လက်ရှိတွင် တနှစ်လျှင် အစီးရေ ၅.၇၇ သန်း ထုတ်လုပ်နိုင်သည်။ သို့ဖြစ်ရာ ၅၂% ထပ်တိုးမည် ဖြစ်သည်။ စက်ရုံအသစ်များ စတင်လည်ပတ်ကြသည့်အခါ အိန္ဒိယနိုင်ငံသည် တစ်နှစ်လျှင် အိမ်စီးကား အစီးရေ ၈.၇၇ သန်းအထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ထုတ်လုပ်မည့် ကားအမျိုးအစားများတွင် သမားရိုးကျ အင်ဂျင်ကားများ၊ ဟိုက်ဘရစ်များ၊ အီးဗီများ ပါဝင်သည်။ ၎င်းကုမ္ပဏီ ၉ ခုမှာ  • Maruti Suzuki • Hyundai Motor • Tata Motors • Mahindra & Mahindra • Kia Motors • Toyota Kirloskar • Honda Cars India • Skoda Auto Volkswagen • MG Motors တို့ ဖြစ်ပါသည်။ စာရင်းတွင် နောက်ထပ်တိုးလာမည့် Vinfast မပါဝင်ပါ။ အိန္ဒိယတွင် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ကားအသစ် အစီးရေ ၄.၂ သန်း ကနဦးမှတ်ပုံတင်ခဲ့သည်။ ၂၀၂၅ဘဏ္ဍာနှစ်တွင် ကားအသစ် အစီးရေ ၅.၁ သန်း ကနဦးမှတ်ပုံတင်မည်။ ၂၀၃၅ ဘဏ္ဍာနှစ်တွင် ကားအသစ် အစီးရေ ၈.၂ သန်း ကနဦးမှတ်ပုံတင်မည်ဟု S&P Mobility က ခန့်မ...

AI ပါသည့် မျိုးဆက်သစ် ကြင်ဖော်ကြင်ဖက်ရိုဘော့များ တရုတ်ပြည်မှာ ထုတ်လုပ်

  ကြင်ဖော်ကြင်ဖက်ရိုဘော့ အနာဂတ်မော်ဒယ်များသည် စကားအပြန်အလှန်ပြောခြင်းအပြင် ကိုယ်ဟန်အမူအရာ လှုပ်ရှားမှုဖြင့်လည်း တုံ့ပြန်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုများဖြင့် ချိတ်ဆက်မှုကို စူးစိုက်ပေးထားခြင်းဖြင့် သုံးစွဲသူ ရရှိလာမည့် အတွေ့အကြုံများကို သိသိသာသာ အရည်အ‌သွေးမြှင့်တင်ပေးသည်။ တရုတ်သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများသည် နည်းပညာနှင့် ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နေရချိန်တွင် အပြန်အလှန်တုံ့ပြန်နိုင်သော၊ AI စွမ်းအင်သုံးအဖော်ကို ဖန်တီးပေးရန် ရည်ရွယ်ချက်ဖြင့် ChatGPT ကဲ့သို့သော နည်းပညာကို ကြင်ဖော်ကြင်ဖက်ရိုဘော့များတွင် အသုံးပြုကြသည်။ ရှန်ကျန်းမြို့တွင် sex doll ဟု အလွယ်ခေါ်ကြသည့် ကြင်ဖော်ကြင်ဖက်ရိုဘော့ အရုပ်များကို အဓိကထုတ်လုပ်သည့် Starpery Technology သည် ၎င်း၏ထုတ်ကုန်ကို ဉာဏ်ရည်တုဖြင့် စွမ်းပကား မြှင့်တင်ရန် ကုမ္ပဏီ၏ ကိုယ်ပိုင်ဘာသာစကားပုံစံ အကြီးစားဖြင့် အရုပ်များကို လေ့ကျင့်ပေးလျက်ရှိသည်။ ၎င်းအရုပ်များသည် မကြုံစဖူး စွမ်းရည်ရှိသော ကြင်ဖော်ကြင်ဖက်ရိုဘော့ အရုပ်များ ဖြစ်လာကြမည်။ အမျိုးသားနှင့် အမျိုးသမီး အရုပ်များ ရရှိနိုင်မည် ဖြစ်ပြီး များမကြာမီ ဈေ၊ကွက်တင်ပြီး ရောင်းခ...

26 June 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

  26 June 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။  #LogisticsIndustryGuide MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 26 June 2024, VESSELS AT WHARVES BERTHING VESSELS L= Loading- D= Discharging Vessel Name - Berth - Cargo  Palm Oil (In Bulk)  MT.AU VIRGO - H.O.B - D.2625 MT NEXUS - WILMAR JETTY - D.8000(In Bulk) Container   BLPL FAITH - AWPT.1 - D.219,L.340 TEU SITC YUANGMING - AWPT.3 - D.511,L.677 TEU ISEACO WISDOM - AWPT.3 - D.1058,L.1162 TEU  MSC SUPARNA F - AWPT.3 D.480,L.684 TEU  KOTA RUKUN - AWPT.3- D.3,L.343 TEU BEYPORE SULTAN - M.I.P.3 - L.56 TEU  CAPE FELTON - M.I.P.3 - D.920,L.978 TEU Ti2 APPLE - M.I.P.4 - D.460,L.318 TEU AS SOPHIA - M.I.P.4 - D.1105,L.698 TEU Yellow Maize   VTC OCEAN - A.I.P.T.1 - L.20200 SS-2 - A.I.P.T.2 - L.10000 LIMCO LOGGER - Y.I.G.T - L.8300 TRUE BROTHER - M.I.P.2 - L.27500 NE...

လူမှုအသိုင်းအ၀ိုင်း၏ ယုံကြည်မှုခိုင်မာစေရန် မြန်မာနိုင်ငံရှိ ပလက်ဖောင်းအသုံးပြုမှုဆိုင်ရာ ဘေးကင်းလုံခြုံမှုအပေါ် TikTok မှ အာရုံစိုက်လုပ်ဆောင်လျက်ရှိ

Image
 TikTok သည် မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသည့် အသုံးပြုသူများအကြား ရေပန်းစားလာသည့်အလျောက် တီထွင်ဖန်တီးမှုနဲ့ ထုတ်ဖော်ပြောဆိုမှုအတွက် ထိပ်တန်းပလက်ဖောင်းတစ်ခုဖြစ်လာပါသည်။ အသုံးပြုသူ ဦးရေနှင့် ဗီဒီယို အကြောင်းအရာများ ပိုမိုတိုးတက်များပြားလာသည်နှင့်အမျှ TikTok ကို လုံခြုံစွာ အားလုံး ပါဝင်ပြီး စစ်မှန်သော နေရာတစ်ခုဖြစ်စေရန်ဆိုသည့် ရည်ရွယ်ချက်ကို မပြောင်းမလဲ လုပ်ဆောင်လျက်ရှိပါသည်။ တီထွင်ဖန်တီးနိုင်စွမ်းတိုးတက်စေပြီး ပျော်ရွှင်မှုကို ယူဆောင်လာရန်နှင့် အသုံးပြုသူအားလုံးအတွက် ဘေးကင်း လုံခြုံသော ပလက်ဖောင်းတစ်ခု ဖြစ်စေရမည်ဆိုသည့် ကတိက၀တ်ခိုင်မာစေရန် TikTok အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ယုံကြည်စိတ်ချရသော ပတ်ဝန်းကျင်အဖြစ် ရရှိစေရေးသည် TikTok ၏ အဓိက ရည်မှန်းချက် တစ်ခုဖြစ်သည့်အလျောက် မြန်မာနိုင်ငံနှင့် အခြားအသိုင်းအဝိုင်းများ၏ ဘေးကင်းရေးကို ဦးစားပေး လုပ်ဆောင်နေပါသည်။ ဘေးကင်းလုံခြုံပြီး နွေးထွေးပျူငှာသည့် ပလက်ဖောင်းတစ်ခုအဖြစ် ထိန်းသိမ်းထားရန်နှင့် တီထွင်ဖန်တီးနိုင်စွမ်း တိုးတက်စေပြီး ပျော်ရွှင်မှုကို ယူဆောင်လာရန်ဆိုသည့် ကတိက၀တ်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် စဥ်ဆက်မပြတ် ကြိုးပမ်းလ...

ဗိုယား၏ ဈေးအသက်သာဆုံး မော်ဒယ် Zhiyin EV

 ခရီးတာ ၉၀၁ ကီလိုမီတာအထိ ရသော Zhiyin လျှပ်စစ် SUV သည် ဗိုယား၏ စတုတ္ထမြောက် မော်ဒယ်ဖြစ်ပြီး ဗိုယားသည် ရောင်းအားမြှင့်တင်ရန် ဈေးအနိမ့်ပိုင်းအတွက် ထုတ်လုပ်သည့် မော်ဒယ်ဖြစ်သဖြင့် ဗိုယား မော်ဒယ်များတွင် ဈေးအသက်သာဆုံး ဖြစ်လိမ့်မည်။ ဗိုယားသည် ဒေါင်ဖန်း လက်အောက်ရှိ ဈေးအမြင့် NEV အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး Free SUV, Dream MPV, Passion (Zhuiguang) ဆီဒင် မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားသည်။  ၂၀၂၄ ပထမ ၅ လတာတွင် ဗိုယားသည် တရုတ်ပြည်တွင်းဈေးကွက်မှာ ၂၄,၈၆၈ စီး ရောင်းချခဲ့သည်။ ဒေါင်ဖန်း၏ Voyah Zhiyin ကို ဒေါင်ဖန်း နီဆန်း ဖက်စပ်လုပ်ငန်း၏ တရုတ်ပြည် ဝူဟန်ရှိ Nissan Ariya EV ထုတ်လုပ်လျက်ရှိသည့် ကားစက်ရုံတွင် တပ်ဆင်ထုတ်လုပ်မည်။ စက်ရုံလည်ပတ်စရိတ် တွက်ခြေကိုက်အောင် မော်ဒယ် ၁ ခု ထပ်တိုးပေးပြီး မော်ဒယ် ၂ ခု အပြိုင်ထုတ်လုပ်မည် ဖြစ်သည်။ ယခင်တင်ပြချက် https://t.me/Guid4U/20149 မူလ ဗိုယား ကားစက်ရုံသည်လည်း ဝူဟန်တွင် တည်ရှိသည်။ ၎င်းစက်ရုံတွင် လက်ရှိမော်ဒယ်များကိုသာ ထုတ်လုပ်မည်။  Voyah Zhiyin တွင် CATL မှ ထုတ်လုပ်သည့် 109-kWh ternary NMC ဘက်ထရီထုပ် အသုံးပြုထားသည်။ ထို့ပြင် ဈေးသက်သာသည့် LFP ဘက်ထရီဖြင့်လည်း ထုတ်လ...

MPT က “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်ဖြင့် နိုင်ငံတစ်ဝန်းတွင် သစ်ပင်ပေါင်း ၁,၅၀၀ ကျော် ကို စိုက်ပျိုးခဲ့

Image
 မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် သဘာဝပတ်ဝန်းကျင် ပိုမိုစိမ်းလန်းစိုပြေစေရန် အတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၂) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နေရာ (၁၃) ခု ၌ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်က ကြီးမြန် အရိပ်ရပင်နှင့် သီးပင်များ အပါအဝင် သစ်ပင်ပေါင်း ၁,၅၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြပါသည်။ အဆိုပါ သစ်ပင်များကို ရွေးချယ်ရာတွင် စိုက်ပျိုးရာဒေသရှိ အများပြည်သူတို့ အရိပ်ရရှိနိုင်ရန်၊ လေထုအရည်အသွေး မြှင့်တင်ပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို အထောက်အပံ့ ဖြစ်စေနိုင်ရန် စသည့် အကျိုအမြတ်ကောင်းများ ရစေနိုင်ရန် အထူးရည်ရွယ်ပြီး ရွေးချယ် စိုက်ပျိုးခြင်းဖြစ်ပါသည်။ သဘာဝဘေးဒဏ်ကို ခံနိုင်ပြီး အကျိုးရှိသော သစ်ပင်များကို စိုက်ပျိုးခြင်းဖြင့် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများသည် ပတ်ဝန်းကျင်နှင့် လူအများ၏ ကျန်းမာရေးအပေါ်သို့ ကောင်းကျိုးရရှိ နိုင်စေရန်လည်း ရည်ရွယ်ပါသည်။ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပ...

ကမ္ဘာ့ထိပ်တန်း စိန်လုပ်ငန်းကြီး De Beers ဓာတုစိန် ထုတ်လုပ်မှုရပ်

 ကမ္ဘာ့ထိပ်တန်း စိန်လုပ်ငန်းကြီး De Beers သည် ဓာတုစိန်များ ထုတ်လုပ်ရောင်းချမည့် အမှတ်တံဆိပ် Lightbox လက်ဝတ်ရတနာလိုင်းသစ်ကို ၂၀၁၈ တွင် စတင်ခဲ့ပြီး ၆ နှစ်အကြာ ၂၀၂၄ မေလကုန်မှာ ဓာတုစိန် ထုတ်လုပ်မှုရပ်လိုက်သည်။ ဓာတုစိန် ထုတ်လုပ်မှု ရပ်လိုက်သော်လည်း လက်ကျန်များ ကျန်ရှိနေသဖြင့် Lightbox သည် ဓာတုစိန်များ ဆက်လက်ရောင်းချနေဦးမည် ဖြစ်သည်။ lab-grown diamond (LGD) ဓာတုစိန်သည် ဈေးပေါသည်။ သာမန် အမြင်အားဖြင့် လည်းကောင်း၊ ဓာတုဗေဒအရလည်းကောင်း သဘာဝစိန် သို့မဟုတ် တူးဖော်ထားသော စိန်များနှင့် ရုပ်ပိုင်းဆိုင်ရာ တူညီသည်။ ထို့ကြောင့် စိန်ဈေးကွက်ထဲ ရောင်းအား ကောင်းသည်။ ဓာတုစိန်ကို အရောင်အမျိုးမျိုးဖြင့် ထုတ်လုပ်နိုင်ပြီး ပုံသဏ္ဍာန်မရွေး သွေးနိုင်ခြင်းကြောင့် ဘက်စုံသုံးနိုင်သည်။ နယူးယောက်အခြေစိုက် စိန် ထိပ်တန်း သုံးသပ်သူ Paul Zimnisky က LGD များသည် စိန်ဈေးကွက်မှာ ၂၀၂၅ ခုနှစ်တွင် စျေးကွက်ဝေစု သုညနီးပါးမှ ယခုအခါ ၂၀% ရှိလာသည်။ ကမ္ဘာ့ဓာတုစိန် ဈေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၁၈ ဘီလီယံခန့် ရှိသည်။ Source rapaport #JewelleryIndustryGuide

24 June 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

  24 June 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။  #LogisticsIndustryGuide MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 24 June 2024, VESSELS AT WHARVES BERTHING VESSELS L= Loading- D= Discharging Vessel Name - Berth - Cargo  Palm Oil (In Bulk )  MT.AU VIRGO - H.O.B - D.2625   Container   SOFRANA TOURVILLE - AWPT.3 - D.468,L.207 TEU Shifted to MITT,2 SOFRANA TOURVILLE - MITT.2 - D.80,L.165 TEU MSC SUPARNA F - AWPT.3 - D.480,L.684 TEU SITC NAGOYA - AWPT.3 - D.157,L.145 TEU  BEYPORE SULTAN - M.I.P.3 - L.56 TEU Ti2 APPL - M.I.P.4 - D.460,L.318 TEU ALVAN - MITT.1 - (2/2/-) D.37,L.210 TEU Yellow Maize VTC OCEAN - A.I.P.T.1 - L.20200 SS-1 - MITT.2 - L.15000/2072 (Top Up) TRUE BROTHER - M.I.P.2 - L.27500 YASMIN - TMIT.1 - L.25000 TRUE FAITH - TMIT.2 - L.27500 TAY SON-1- M.K.H - L.12150 NEW SUN BLUE - T.M.T.2 - L.12500  MANA...

MPT ၏ ဆော့ဖ်ဝဲ အခြေပြု ဒီဂျစ်တယ်ဆင်းမ်ကတ် (eSIM) လဲလှယ်နိုင်ပါပြီ

Image
 MPT သုံးစွဲသူများ လွယ်ကူချောမွေ့စွာဖြင့် ပိုမိုကောင်းမွန်သော ဆက်သွယ်နိုင်မှု အတွေ့အကြုံကို ရရှိနိုင်ရန်အတွက် eSIM ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်ပါသည်။ eSIM ဝန်ဆောင်မှု ဆိုသည်မှာ သုံးစွဲသူများအနေဖြင့် ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) ထည့်သွင်းအသုံးပြုရန် မလိုအပ်ဘဲ ၎င်းတို့၏ မိုဘိုင်းဖုန်းစနစ်ထဲတွင် digital နည်းဖြင့် တိုက်ရိုက် ဖြည့်သွင်းအသုံးပြုနိုင်သည့် ဒီဂျစ်တယ် ဆင်းမ်ကတ် တစ်ခုဖြစ်ပါသည် MPT eSIM မှာ MPT မိုဘိုင်းဖုန်းသုံးသူများ အားလုံးအတွက်ဖြစ်ပါသည်။ MPT eSIM များကို သတ်မှတ်ထားသော MPT အရောင်းဆိုင်များတွင် ရရှိနိုင်ပြီး အသေးစိတ် အချက်အလက်များကို ( https://mpt.com.mm/mm/e-sim/ ) မှ တစ်ဆင့် ဝင်ရောက် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ သုံးစွဲသူများအား ပရိုမိုးရှင်းကာလ ဖြစ်သည့် ဩဂုတ်လ (၃၁) ရက် အထိ ရိုးရိုးဆင်းမ်ကတ် (Physical SIM Card) မှ eSIM သို့ အခမဲ့ ပြောင်းလဲပေးသွားမည် ဖြစ်ပါသည်။ သုံးစွဲသူများသည် မိုဘိုင်းဖုန်း၏ SIM manager settings ရှိ Add eSIM menu သို့သွားကာ စကန်ဖတ်နိုင်သည့် QR ကုတ် မှတစ်ဆင့် eSIM ကို ထည့်သွင်းနိုင်မည်ဖြစ်ပါသည်။ MPT eSIM ကို အသုံးပ...

21 June 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

  21 June 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။  #LogisticsIndustryGuide MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 21 June 2024, VESSELS AT WHARVES BERTHING VESSELS L= Loading- D= Discharging Vessel Name - Berth - Cargo  Container METHI BHUM - AWPT.1 - D.539,L.737 TEU  SINAR BAJO - AWPT.3 - D.1189,L.1658 TEU SOFRANA TOURVILLE - AWPT.3 - D.468,L.207 TEU ISEACO GENESIS - AWPT.3 - D.627,L.942 TEU UNI ACTIVE - AWPT.3 - D.698,L.700 TEU KOTA RIA - AWPT.3 - L.446 TEU  HANSA BITBURG - M.I.P.3 - D.732,L.871 TEU Yellow Maize  VTC OCEAN - A.I.P.T.1 - L.20200 SS-1 - A.I.P.T.2 - L.15000  Shifted to  SS-1 - MITT.2 - L.15000/2072 (Top Up) SS-2 - A.I.P.T.2 - L.10000  TRUE BROTHER - M.I.P.2 - L.27500 MANALI - T.M.T.3 - L.25000  TUO JIANG - MIPL - L.26500 DDS MARINA - MITT.5 - L.12000 THAI BINH-05 - WILMAR JETTY - L.210...

ဗီယက်နမ် ကော်ဖီ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၄.၅-၅ ဘီလီယံ ရရှိမည် ခန့်မှန်း

  ယခုနှစ်တွင် ဗီယက်နမ်ကော်ဖီ ပြည်ပသို့ တင်ပို့မှုသည် မေလကုန်အထိ ကန်ဒေါ်လာ ၃ ဘီလီယံဖိုး၊ တန်ချိန် ၈၆၂,၄၀၀ တင်ပို့ခဲ့သည်။  ဗီယက်နမ်ကော်ဖီ ပထမ၅လတာ ပျမ်းမျှဈေးနှုန်းမှာ တတန်လျှင် US$3,475 ဖြစ်ပြီး မေလအတွက် ပျမ်းမျှဈေးနှုန်းမှာ တတန်လျှင် US$4,275 ဖြစ်ပါသည်။ ပူပြင်းသည့် ရာသီဥတု ရှည်ကြာခဲ့သဖြင့် ကော်ဖီအထွက်နှုန်း ကျဆင်းသည်။ ယမန်နှစ်ကထက် ၂၀% အထိ လျော့နည်းမည်ဟု ခန့်မှန်းသည်။ ဗီယက်နမ် ကော်ဖီ ကိုကာ အသင်း Vietnam Coffee Cocoa Association (Vicofa) က  ယခုနှစ် ကော်ဖီတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၄.၅-၅ ဘီလီယံ ရရှိမည်ဟု ခန့်မှန်းသည်။ Source vnexpress  #FoodIndustryGuide 

တောင်ကိုရီးယားသမ္မတ လူဦးရေအတွက် အမျိုးသား အရေးပေါ်အခြေအနေ ကြေညာ

 သမ္မတ ယွန်းဆော့ယိုသည် တောင်ကိုရီးယားတွင် "လူဦးရေအတွက် အမျိုးသား အရေးပေါ်အခြေအနေ" ကို ကြေညာလိုက်ပြီး မွေးကင်းစကလေးငယ်များအတွက် ငွေသားထောက်ပံ့မှု တိုးချဲ့ရန်နှင့် ကျဆင်းနေသော ကလေးမွေးဖွားနှုန်းကို ပြန်မြင့်တက်စေရန် အစီအမံများကို ထုတ်ပြန်ခဲ့သည်။ နိုင်ငံ၏ ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် အစိုးရ၏ ယခင်ကြိုးပမ်းမှုများသည် အကုန်အကျ များပြားသော်လည်း ထိရောက်မှု မရှိကြောင်းထင်ရှားနေသဖြင့် စေ့စေ့စပ်စပ် ပြန်လည်အကဲဖြတ်ပြီးနောက် အစီအမံအသစ်များ ချမှတ်ခဲ့သည်။ ယခုနှစ် ပထမသုံးလပတ်တွင်၊ အမျိုးသမီးတစ်ဦး၏ တစ်သက်တာအတွင်း မွေးဖွားသည့် ကလေးအရေအတွက် မွေးဖွားနှုန်းသည် ကိုရီးယားတွင် ၀.၇၆ အထိ နည်းပါးခဲ့သည်။  အဆိုပါပြဿနာ၏ အရေးတကြီးအခြေအနေကို အသိအမှတ်ပြုပြီး အစိုးရက ကျယ်ကျယ်ပြန့်ပြန့် အရေးပေါ်တုံ့ပြန်ရေးစနစ်ကို စတင်လုပ်ဆောင်နေသည်ဟု ယွန်းက ပြောကြားခဲ့သည်။ လူဦးရေ မဟာဗျူဟာဌာနကို မေလတွင် စတင်ထူထောင်ခဲ့သည်။ အစိုးရသည် ၎င်း၏မူဝါဒဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အဓိကကဏ္ဍသုံးရပ်အဖြစ်အလုပ်နှင့်ဘဝ ဟန်ချက်ညီမှု၊ ကလေးထိန်းကျောင်းမှုနှင့် အိမ်ရာများတို့ကို အလေးပေးထားသည်။ ဦးစွာပထမအ‌နေဖြင့် အလုပ်အတွက်နှင့် ကလေးစောင့်...

နီဆန်း တရုတ်ပြည်မှာ ကားစက်ရုံ တရုံ ပိတ်သိမ်း

 တရုတ်ပြည်မှာ ဂျပန်ကားကုမ္ပဏီများ ရောင်းအားလျော့ကျလျက်ရှိရာ ယမန်နှစ်က Mitsubishi Motors သည် တရုတ်နိုင်ငံတွင် ထုတ်လုပ်မှု အပြီးအပိုင်ရပ်ရန် ဆုံးဖြတ်ခဲ့သည်။ ပြီးခဲ့သည့်လတွင် ဟွန်ဒါက ဖက်စပ်လုပ်ငန်း GAC Honda Automobile တွင် ထုတ်လုပ်မှု လျှော့ချရမည်ဖြစ်သဖြင့် မိမိဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်ရန် ဝန်ထမ်းများကို ပြောကြားခဲ့ရာ ဝန်ထမ်း ၁,၇၀၀ ဝန်းကျင် ထွက်စာ တင်ခဲ့ကြသည်။ ယခု Nissan Motor က ကျန်းစုပြည်နယ် ချန်ကျိုမြို့မှ တနှစ် အစီးရေ ၁၃၀,၀၀၀ အထိ ထုတ်လုပ်နိုင်သည့် ကားစက်ရုံကို သောကြာနေ့ (ဇွန် ၂၁)တွင် ပိတ်သိမ်းလိုက်သည်။  နီဆန်းသည် ၎င်းစက်ရုံတွင် ထုတ်လုပ်လျက်ရှိသော SUV အငယ်စား Qashqai မော်ဒယ်ကို ဒါလျန်းမြို့ရှိ စက်ရုံတွင် ဆက်လက်ထုတ်လုပ်မည်။ နီဆန်းသည် Dongfeng Motor နှင့် ထူထောင်ထားသော ဖက်စပ်လုပ်ငန်းတွင် စက်ရုံ ၈ ခုရှိပြီး တနှစ်လျှင် စုစုပေါင်း အစီးရေ ၁.၆ သန်းအထိ ထုတ်လုပ်နိုင်သည်။ Source Asia Nikkei  #AutomobileIndustryGuide 

အူရီဒူးမြန်မာ၏ Internship Program 2024 တွင် ပါဝင်ရန် ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်မည်

ထိုင်းကားဈေးကွက် ဈေးနှုန်းစစ်ပွဲ ဖြစ်ပွားခြင်းမရှိကြောင်း ရှင်းလင်းပြောကြား

 ထိုင်းကားဈေးကွက်တွင် မကြာသေးမီက လျှပ်စစ်ကားများနှင့် အင်ဂျင်ကားများ စျေးလျှော့လိုက်ကြခြင်းကြောင့် ဈေးနှုန်းစစ်ပွဲအသစ် ထပ်မံဖြစ်ပွားတော့မည်ဟု ထင်ကြေးပေးမှုများ ဖြစ်ပေါ်စေခဲ့သည်။ သို့သော် အဆိုပါ ထင်ကြေးပေးမှုသည် စျေးကွက်ရှာဖွေရေးနည်းနာတစ်ခုမျှသာဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်သော မော်တော်ယာဥ်ဈေးကွက်တွင် ပုံမှန်ဖြစ်စဉ်တစ်ခုဟု ဆိုကာ ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Thai Industries (FTI) မှ ငြင်းပယ်သည်။ တရုတ် အီးဗီ BYD အမှတ်တံဆိပ်၏ ထိုင်းနိုင်ငံ တရားဝင်အရောင်းကိုယ်စားလှယ် Rêver Automotive သည် 2024 BYD Dolphin မော်ဒယ်အသစ် အပါအဝင် မော်ဒယ်အချို့၏ စျေးနှုန်းများကို ဘတ် ၁၆၀,၀၀ အထိ လျှော့ချလိုက်သည်။ သို့သော် ပရိုမိုးရှင်းသည် ယခုလကုန်အထိသာ ဖြစ်သည်။ ယခုလတွင် ဂျပန်ကားထုတ်လုပ်သူ မာဇဒါနှင့် နီဆန်းတို့သည် ၎င်းတို့၏ အင်ဂျင်ကားနှင့် ဟိုက်ဘရစ်ကား မော်ဒယ်များအတွက် ဘတ်ငွေ ၁၀၀,၀၀ မှ ၁၄၀,၀၀၀ အထိ လျှော့စျေးများပေးသည့် ကမ်ပိန်းများကို စတင်ခဲ့သည်။ FTI ၏ Automotive Industry Group တွဲဘက်ဥက္ကဋ္ဌ Surapong Paisitpatanapong က လက်ရှိအခြေအနေကို ဈေးနှုန်းစစ်ပွဲတခုဟု မယူဆကြောင်း၊ ယှဉ်ပြိုင်မှု တိုးလာချိန်တွင် သုံးစ...

နာမည်ကြီး Streamer ကြယ်ပွင့်တွေနဲ့အတူ အုပ်စုဖွဲ့ယှဉ်ပြိုင်ကစားရင်း ဆုကြေးငွေကျပ် (၁၅) သိန်းအထိ ရယူနိုင်မယ့် Samsung ရဲ့ “#PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီး

  ပရိတ်သတ်အားပေးမှုအများဆုံးရရှိထားတဲ့ Streamer ကြယ်ပွင့်တွေဖြစ်တဲ့ ICE ICE၊ Shinelayz၊ Su Htat၊ Monica တို့နဲ့ အတူယှဉ်ပြိုင်ကစားရင်း Champion ဖြစ်ခွင့်ရမယ့်အခွင့်အရေး ကြည့်ရှုအားပေးသူပရိတ်သတ်တွေပါ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် Fun Match တွေနဲ့ အနိုင်ရမယ့်အဖွဲ့ကို ခန့်မှန်းရင်း ဆုလက်ဆောင်တွေပါ ရယူနိုင်မယ့် စိတ်လှုပ်ရှားစရာ အစီအစဉ်များ    Samsung Myanmar ကနေ ပရိတ်သတ်အားပေးမှုအများဆုံး ရရှိထားတဲ့ Streamer ကြယ်ပွင့်တွေဖြစ်တဲ့ ICE ICE၊ Shinelayz၊ Su Htat၊ Monica တို့နဲ့အတူ ယှဉ်ပြိုင်ကစားရင်း ဆုကြေးငွေကျပ် (၁၅) သိန်းအထိ ရယူနိုင်မယ့် “#PlayGalaxy Cup” Stars Battle ပြိုင်ပွဲကြီးကို မကြာခင်ရက်ပိုင်းအတွင်း မှာ စတင်ကျင်းပသွားတော့မှာဖြစ်ပါတယ်။ ဇွန်လ (၂၂) ရက်၊ (၂၃) ရက် နဲ့ (၂၉) ရက်နေ့တို့မှာ ကျင်းပသွားမယ့် အဆိုပါပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်သူတွေအတွက် မိမိ idol နဲ့ ဂိမ်းဆော့ရမယ့်အိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရမယ့်အပြင် ကြည့်ရှုအားပေးသူ ပရိတ်သတ်များအတွက်လည်း Fun Match အစီအစဉ်များစွာနဲ့အတူ အနိုင်ရမယ့်အဖွဲ့ကို ခန့်မှန်းရင်း ဆုလက်ဆောင်တွေ ရနိုင်မယ့် အစီအစဉ်တွေမှာပါ ရင်ခုန်စိတ်လှုပ်ရှားစွာ...

တောင်ကိုရီးယား အစိုးရ နိုင်ငံခြားသား ကျောင်းသားများအတွက် အလုပ်လုပ်ကိုင်ခွင့် ဗီဇာများ ဖြေလျှော့

 တောင်ကိုရီးယားသည် နိုင်ငံတကာကျောင်းသား ၁၆၃,၀၀၀ ခန့် ကိုရီးယားတွင် နေထိုင် အလုပ်လုပ်ကိုင်ရန် ပိုမိုလွယ်ကူစေမည့် ဗီဇာအမျိုးအစားများနှင့် အလုပ်အကိုင် ရွေးချယ်ခွင့်များကို တိုးချဲ့ခြင်းအပါအဝင် အစီအစဉ်များကို ချမှတ်ရန် ကြိုးစားနေကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့ (ဇွန်၂၀)တွင် ပြောကြားသည်။ ကိုရီးယားတွင် ဘွဲ့ရသော နိုင်ငံခြားကျောင်းသားများကို E-9 ပရော်ဖက်ရှင်နယ် မဟုတ်သော အလုပ်ဗီဇာများ လျှောက်ထားခွင့်ပြုရန် အစိုးရက စီစဉ်နေသည်။ လက်ရှိတွင် ကိုရီးယားမှာ ဘွဲ့ရသော နိုင်ငံခြားသားကျောင်းသားများသည် အထူးကျွမ်းကျင်သူ အလုပ်အမျိုးအစားများအတွက်သာ အကန့်အသတ်ဖြင့် ထုတ်ပေးသည့် E-7 ကဲ့သို့သော အရေအတွက် ကန့်သတ်ထားသည့် ဗီဇာများ လျှောက်ထားခွင့်ရှိသည်။ ကိုရီးယားတွင် တက္ကသိုလ်ပညာရေစ ပြီးမြောက်ပြီးနောက် အလုပ်အကိုင်ရှာဖွေနေသော D-10 ဗီဇာကိုင်ဆောင်သူများအတွက် နေထိုင်ခွင့်ကာလကို အများဆုံး သုံးနှစ်အထိ တိုးမြှင့်ပေးမည်ဖြစ်သည်။ လက်ရှိတွင် D-10 ဗီဇာကိုင်ဆောင်သူများသည် ကနဦးခြောက်လနေထိုင်ခွင့်ကို ခွင့်ပြုထားပြီး သက်တမ်းကို နှစ်နှစ်အထိ ထပ်တိုးနိုင်သည်။ သင်္ဘောတည်ဆောက်ရေးကဏ္ဍတွင် အလုပ်အကိုင်ရှာဖွေနေသော ကျောင်းသားများအတွက် အစ...

ဂျပန်တွင် အသားစား ဘက်တီးရီးယား ကူးစက်ခံရမှု မြင့်တက်

 ဂျပန်တွင် အသားစား ဘက်တီးရီးယား ကူးစက်မှု စံချိန်တင် မြင့်တက်‌နေပါသည်။ ယမန်နှစ် တနှစ်လုံးတွင် အသားစား ဘက်တီးရီးယား ကူးစက်ခံရသူ ၉၄၁ ဦး ရှိခဲ့ပြီး ယခုနှစ်တွင် ၁,၀၀၀ ကျော်အထိ ရှိနေပြီ ဖြစ်သည်။ အသားစား ဘက်တီးရီးယား ကူးစက်မှုကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆိပ်သင့်ရောဂါ Streptococcal Toxic Shock Syndrome (STSS) လက္ခဏာများတွင် လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့် အခြားအစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများအပြင် သွေးပေါင်ချိန်နည်းခြင်းကဲ့သို့ သော လက္ခဏာများ ပါဝင်သည်။ ဘက်တီးရီးယားပိုးမွှားကူးစက်မှု၏ အစောပိုင်းလက္ခဏာများကို သာမန်အအေးမိခြင်း၏ လက္ခဏာများဟု မကြာခဏ လွဲမှားကြသည်။ အဖျား ပြင်းထန်ခြင်းနှင့် ကယောင်ကတမ်းဖြစ်ခြင်း၊ ဒဏ်ရာအနာတဝိုက် နီနေသည့်အကွက် လျင်မြန်စွာ ပျံ့ခြင်းတို့သည် STSS လက္ခဏာများ ဖြစ်ပါသည်။ ဆောလျင်စွာ ချက်ချင်း မကုသပါက ပျော့ပျောင်းသော တစ်သျှူးများ ပျက်စီးခြင်း၊ အသက်ရှုလမ်းကြောင်း ချို့ယွင်းခြင်း၊ အသည်း ချို့ယွင်းခြင်း၊ ကျောက်ကပ် အားနည်းခြင်းနှင့် ကိုယ်တွင်းအင်္ဂါ အများအပြား ချို့ယွင်းခြင်းတို့ကို ဖြစ်စေနိုင်သည်။  STSS ကြေ...

ဩစတေးလျ ကျောင်းသားဗီဇာ တင်းကျပ်

 သြစတြေးလျသည် ခရီးသွားဗီဇာများကို လာမည့်လမှ စတင်ကာ ကျောင်းသားဗီဇာသို့ ပြောင်းလဲခြင်းကို ရပ်တန့်မည်ဖြစ်ပြီး နိုင်ငံခြားသား ရွှေ့ပြောင်းနေထိုင်မှုများ လျှော့ချရန် ရည်ရွယ်သည့် မူဝါဒများကို ဆက်လက်အ‌ကောင်အထည်ဖော်နေပါသည်။ သြစတြေးလျပြည်ထဲရေးဌာနက ပြီးခဲ့သောအပတ်က ထုတ်ပြန်ခဲ့သည့် အဆိုပါ အရွေ့သည် ယမန်နှစ်က ထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မဟာဗျူဟာတွင် အခရာကျသည့် အချက်တချက်ဖြစ်သည်။ ကျောင်းသားများနှင့် အခြားယာယီဗီဇာကိုင်ဆောင်သူများသည် သြစတြေးလျတွင် ၎င်းတို့၏ နေထိုင်ခွင့်ကို စဉ်ဆက်မပြတ် သက်တမ်းတိုးခွင့်ပြုထားပြီး အချို့ကိစ္စများတွင် အကန့်အသတ်မရှိ သက်တမ်းတိုးနိုင်နေစေသည့် ဟာကွက်များကို အဆုံးသတ်စေမည် ဖြစ်သည်။ "visa hopping" ဗီဇာတမျိုးမှ‌ နောက်တမျိုးသို့ ခုန်ကူးခြင်းများကို ကန့်သတ်ချုပ်ခြယ်သွားမည် ဖြစ်သည်။ ဖြစ်ပေါ်နေသည့် အခြေအနေမှာ ယမန်နှစ် နှစ်လယ်မှ ယခုနှစ် မေလအထိ ခရီးသွားဗီဇာကို ကျောင်းသားဗီဇာသို့ ကူးပြောင်းရန် လျှောက်ထားသူ ၃၆,၀၀၀ အထိ ရောက်ရှိလာခဲ့သည်။  ထို့အပြင် ယာယီဘွဲ့ကြိုဗီဇာ ကိုင်ဆောင်ထားသူများသည် ကျောင်းသားဗီဇာ လျှောက်ထားနိုင်တော့မည် မဟုတ်ကြောင်း အဆိုပါဌာနက ပြောသည်။ ပြီးခ...

Fortune’s Southeast Asia 500

 Fortune ၏ အရှေ့တောင်အာရှ ထိပ်တန်း ၅၀၀ အဆင့်သတ်မှတ်ချက် ၂၀၂၄ စာရင်း Fortune’s Southeast Asia 500 ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်သည်။  ၃၀၂၃ ခုနှစ်ဘဏ္ဍာနှစ် ဝင်ငွေအရ အဆင့်သတ်မှတ်ထားသည်။ ဒေသတွင်း အကြီးဆုံးကုမ္ပဏီများစာရင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကြီးထွားမှု အမြန်ဆန်ဆုံးဒေသများထဲမှ တစ်ခုဖြစ်ပြီး ယခုအခါ ဒေသအတွက် Fortune 500 စာရင်းကို ရရှိခြင်းသည် ပစ္စည်းပို့ဆောင်ပေးသွင်း ကွင်းဆက်များ နေရာဒေသ အပြောင်းအလဲများနှင့် ဒေသတွင်းစီးပွားရေးများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အရှေ့တောင်အာရှ၏ ကမ္ဘာ့စီးပွားရေးတွင် အရေးပါမှုကို ထင်ဟပ်စေသည်။ Fortune’s Southeast Asia 500 စာရင်းတွင် အရှေ့တောင်အာရှနိုင်ငံ ခုနစ်နိုင်ငံ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့မှ ကုမ္ပဏီများ ပါဝင်သည်။ Southeast Asia 500 စာရင်းဝင် ကုမ္ပဏီများသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ ၁.၈ ထရီလီယံ ရရှိခဲ့ပြီး သုံးပုံတစ်ပုံကျော်သည် ထိပ်တန်း(၁၀) စာရင်းဝင် ကုမ္ပဏီများ၏ စုစုပေါင်း ဝင်ငွေ ကန်ဒေါ်လာ ၆၅၀ ဘီလီယံ ဖြစ်သည်။ အင်ဒိုနီးရှားက စာရင်းတွင် ကုမ္ပဏီ ၁၁၀ ပါဝင်ပ...

ကမ္ဘာ့ကွန်တိန်နာသင်္ဘော စုစုပေါင်း ပမဏ TEU ၃ သန်းသို့ ရောက်ရှိ

 ပင်လယ်ရေကြောင်း အတိုင်ပင်ခံလုပ်ငန်း Alphaliner ၏ အချက်အလက်များအရ ကမ္ဘာ့တလွှား ကွန်တိန်နာသင်္ဘောများ အားလုံး၏ တင်ဆောင်နိုင်သော စုစုပေါင်းပမာဏသည် teu သန်း၃၀ သို့ ကွန်တိန်နာသင်္ဘောသမိုင်းတလျှောက် ပထမဆုံးအကြိမ် ရောက်ရှိလာသည်။ [teu Twenty-foot equivalent unit ပေ ၂၀ အရှည်ရှိ ကွန်တိန်နာနှင့် ညီမျှသော ပမာဏ] တရုတ်နှင့် တောင်ကိုရီးယား အပါအဝင် အာရှမှ သင်္ဘောကျင်းများသည် ကွန်တိန်နာသင်္ဘောအသစ်များ စံချိန်တင်ပမာဏဖြင့် တည်ဆောက်ပေးလျက် ရှိသည့်အလျောက် တင်ဆောင်နိုင်သော စုစုပေါင်း teu ကြီးထွားနှုန်းသည်လည်း စံချိန်တင် မြန်ဆန်သည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် teu ၅ သန်းသို့ ၂၀၀၁ ခုနှစ်တွင် ရောက်ရှိခဲ့ရာ၌ နှစ်ပေါင်း ၅၀ ဝန်းကျင် ကြာခဲ့သည်။ teu သန်း ၂၀ မှ သန်း၃၀ သို့ရောက်ရန် ၇ နှစ်သာ ကြာသည်။ teu သန်း ၃၀ မှ ၃၅ သန်းရောက်ရန် ပိုမြန်လိမ့်မည်။ ယခုနှစ်တွင် သင်္ဘောကျင်းများမှ စုစုပေါင်း teu ၃.၁ သန်းရှိသည့် ကွန်တိန်နာသင်္ဘော ၄၇၈ စီး တည်ဆောက်ပြီးစီးမည်။  သင်္ဘောကျင်းများမှာ အမှာစာ ချပေးထားသည့် ပမာဏ အများအပြား ကျန်ရှိနေသေးသည်။ တရုတ်သင်္ဘောကျင်းများတွင်၂၀၂၉ ခုနှစ်အထိ အမှာစာ ပြည့်သွားပြီ ဖြစ်သည်။ Source spl...

ထိုင်းကွန်ဒိုဈေးကွက် ရောင်းအား ဆက်လက် လျော့ကျ

 ထိုင်းကွန်ဒိုဈေးကွက်တွင် မြန်မာနိုင်ငံသားများသည် တရုတ်နိုင်ငံသားများပြီးလျှင် ဒုတိယအများဆုံး ဝယ်ယူသူများ ဖြစ်လာသည်။ ယခင်တင်ပြချက် https://t.me/Guid4U/19031 မြန်မာနိုင်ငံမှ ဝယ်ယူသူ အရေအတွက်သည် အများဆုံး ဝယ်ယူသူအုပ်စုအဖြစ် ဆက်လက်တည်ရှိနေသည့် တရုတ်ဝယ်လက်များနှင့် နှိုင်းယှဉ်ပါက အချိုးအစား အနည်းငယ်သာ ရှိနေဆဲဖြစ်သည်။ ထိုင်းကွန်ဒိုမီနီယံအသင်း ဥက္ကဋ္ဌ Prasert Taedulyasatit က ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများကို မြန်မာအစိုးရ၏ တင်းကျပ်သော ထိန်းချုပ်မှုကြောင့် ရောင်းအားကို ထိခိုက်စေသည်ဟု ဇွန်လ ၁၈ ရက်က ပြောကြားခဲ့သည်။ ယခင်တင်ပြချက် https://t.me/Guid4U/19430 ၎င်းထိန်းချုပ်မှု ဆက်ရှိနေခြင်းကြောင့် ပထမသုံးလပတ် ဆုတ်ယုတ်မှုသည် ဒုတိယသုံးလပတ်တွင် ဆက်လက် ဖြစ်ပေါ်ပြီး အိမ်ခြံမြေဈေးကွက်ကို ပိုမိုဆိုးရွားစေမည်ဟု မျှော်လင့်ရသည်။ ယခုအခါ ထိုင်းကွန်ဒိုဈေးကွက်တွင် နိုင်ငံခြားသား ဝယ်လိုအားသည် အလွန်အရေးပါနေသည်။ အထူးသဖြင့် ထိုင်းနိုင်ငံတွင် အိမ်ထောင်စုကြွေးမြီ မြင့်မားနေခြင်းနှင့် အိမ်ရာချေးငွေ ထုတ်ချေးရန် ဘဏ်များက ငြင်းပယ်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံသားများ ကွန်ဒိုအခန်း ဝယ်ယူနိုင်မှု လျော့နည်းန...

ဂျပန်ဘဏ်ကြီး ၂ ခု တိုယိုတာတွင် ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်သိမ်း

  ဂျပန်နိုင်ငံ၏ အကြီးမားဆုံးဘဏ်နှစ်ခုဖြစ်သည့် Mitsubishi UFJ Financial Group နှင့် Sumitomo Mitsui Financial Group တို့သည် Toyota Motor တွင် ရင်းနှီးမြှုပ်နှံထားသည့် စုစုပေါင်း ကန်ဒေါ်လာ ၈.၅ ဘီလီယံတန်ဖိုးရှိသော ၎င်းတို့၏ မဟာဗျူဟာမြောက် အစုရှယ်ယာများကို တိုယိုတာ၏ ရှယ်ယာများ ပြန်လည် ဝယ်သိမ်းသည့် အစီအစဉ်တွင် ရောင်းချပြီး ရင်းနှီးမြှုပ်နှံမှုများကို ပြန်ထုတ်ယူမည်ဟု Bloomberg News က သောကြာနေ့ (ဇွန်၇)တွင် ဖော်ပြခဲ့သည်။ Mitsubishi ပိုင်ဆိုင်သည့် တိုယိုတာရှယ်ယာများသည် အကြမ်းအားဖြင့် တန်ဖိုး ယန်း ၇၀၀ ဘီလီယံရှိပြီး Sumitomo Mitsui ပိုင်ဆိုင်သည့် တိုယိုတာရှယ်ယာများသည် အကြမ်းအားဖြင့် တန်ဖိုး ယန်း ၆၂၀ ဘီလီယံ ရှိပါသည်။ ၎င်းရှယ်ယာများကို နှစ်အတန်ကြာ အချိန်ယူပြီး တသုတ်ပြီးတသုတ် အသုတ်များခွဲကာ ရောင်းချသွားမည် ဖြစ်သည်။ ဂျပန်၏အကြီးဆုံး ကားထုတ်လုပ်သူ တိုယိုတာသည် ၃၀၃၅ ခုနှစ် ဧပြီလကုန်တွင် ယန်း ၁ ထရီလီယံ (ကန်ဒေါ်လာ ၆.၄ ဘီလီယံ) တန်ဖိုးရှိ ရှယ်ယာ သန်း ၄၁၀ အထိ ပြန်လည်ဝယ်ယူရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် မေလ ၈ ရက်က ပြောကြားခဲ့သည်။ Source Reuters  #BankingIndustryGuide #BankingIndustryGuide 

တရုတ်ကုန်စည်များကြောင့် ထိုင်း ကုန်ထုတ်လုပ်ငန်းများ ထိခိုက်

 ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဆိုးရွားသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ယခုနှစ် ပထမငါးလအတွင်း စုစုပေါင်း စက်ရုံပေါင်း ၄၈၈ ရုံ ပိတ်သိမ်းခဲ့သည်။ ပျမ်းမျှအားဖြင့် တလလျှင် စက်ရုံ ၉၇ ရုံ ပိတ်သိမ်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၄ ခုနှစ် မတ်လအထိ ကိုဗစ်ကြောင့် စက်ရုံ စုစုပေါင်း ၁,၇၀၄ ရုံ လည်ပတ်မှု ရပ်ဆိုင်းခဲ့ပါသည်။ ပျမ်းမျှအားဖြင့် တလလျှင် ၁၁၃ ရုံ ပိတ်သိမ်းခဲ့သည်။  ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် မေလအထိ စက်ရုံပေါင်း ၃,၅၀၀ ကျော် ပိတ်သိမ်းခဲ့သည်ဟု ခန့်မှန်းသည်။ အဆိုပါပိတ်သိမ်းမှုများတွင် အများစုမှာ ပလတ်စတစ်ထုတ်ကုန်များ၊ သားရေထွက်ကုန်များ၊ ရော်ဘာနှင့် ရော်ဘာထုတ်ကုန်များ၊ စားသောက်ကုန်၊ စက်ယန္တရားနှင့် စက်ပစ္စည်းများ၊ သတ္တုထုတ်ကုန်များ၊ သစ်သားထုတ်လုပ်မှုနှင့် သစ်အချောထည်ထုတ်လုပ်သည့် ကဏ္ဍများတွင်ဖြစ်သည်။  မကြာမီကာလအတွင်းမှာလည်း ထိုင်းစက်ရုံများ အများအပြား ပိတ်သိမ်းနိုင်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။ ပြည်တွင်းကုန်ထုတ်လုပ်သူများသည် ဈေးနှုန်းသက်သာသော သွင်းကုန်များနှင့် ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ကျရှုံးကုန်သည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ တင်သွင်းသည့် ဈေး‌ပေါသော ...

19 June 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

  19 June 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။  #LogisticsIndustryGuide MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 17 June 2024, VESSELS AT WHARVES BERTHING VESSELS L= Loading- D= Discharging Vessel Name - Berth - Cargo  Palm Oil (In Bulk) MT BAUHINIA - K.I.P.T - D.5300 Container METHI BHUM - AWPT.1 - D.539,L.737 TEU ISEACO WISDOM - AWPT.3 - D.973,L.1129 TEU SINAR BAJO - AWPT.3  - D.1189,L.1658 TEU SITC TIANJIN  - AWPT.3 - D.362,L.200 TEU ISEACO GENESIS - AWPT.3 - D.627,L.942 TEU UNI ACTIVE  - AWPT.3 -D.698,L.700 TEU BANGKOK -M.I.P.3 - D.1121,L.1025 TEU  SINAR SOLO - M.I.P.3 -  D.97,L.470 TEU HANSA BITBURG - MITT.1 - (2/2/-) D.714,L.382 TEU Shifted to HANSA BITBURG - M.I.P.3 - D.732,L.871 TEU Yellow Maize VTC OCEAN - A.I.P.T.1 - L.20200 SS-1 - A.I.P.T.2 - L.15000 TRUE BROTHER - M.I.P.2 - L.27500 MANALI - T.M.T.3 -...