Posts

Showing posts from April, 2024

MSC ကမ္ဘာ့ထိပ်တန်း အကြီးဆုံးကွန်တိန်နာလိုင်း သရဖူ ဆက်ဆောင်းထားမည်

Image
၂၀၂၂ ခုနှစ်အစတွင် Mediterranean Shipping Co MSC သည် တင်ဆောင်နိုင်သည့် ကွန်တိန်နာ စုစုပေါင်းအရ ကမ္ဘာ့အကြီးဆုံးကွန်တိန်နာလိုင်းဖြစ်လာခဲ့သည်။  MSC နှင့် Maersk တို့သည် အင်အားတောင့်တင်းရန် 2M အမည်ဖြင့် မဟာမိတ်ဖွဲ့ထားသည်။ Maersk သည် ကမ္ဘာ့အကြီးဆုံးကွန်တိန်နာလိုင်းအဖြစ် ၂၅ နှစ်ကျော် ဆက်တိုက်ရပ်တည်ခဲ့ရာမှ ၂၀၂၂ တွင် MSC က Maersk ထက် ပိုကြီးမားသွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ Maersk သည် တင်ဆောင်နိုင်သည့် ကွန်တိန်နာ စုစုပေါင်း ပေ ၂၀ ကွန်တိန်နာတလုံးနှင့် ညီမျှသော ပမာဏ twenty-foot equivalent unit teu ၁.၅၅ သန်းဖြင့် ပြေးဆွဲလျက်ရှိသည်။ MSC သည် ရေယာဉ်စုကို အကြီးအကျယ် ဆက်လက်တိုးချဲ့ခဲ့သည်။ ကွန်တိန်နာသင်္ဘောအသစ်များ မှာကြားသည်။ တပတ်ရစ်ကွန်တိန်နာသင်္ဘောများကိုလည်း ဝယ်ယူခဲ့သည်။ Sea-Intelligence သုတေသနလုပ်ငန်းက ထိပ်တန်း (၁၀) ကွန်တိန်နာသင်္ဘောလိုင်းများ နောက် ၂ နှစ်အကြာ ၂၀၂၆ ခုနှစ် ဧပြီလတွင် တွေ့ရဖွယ်ရှိသည့် teu စုစုပေါင်း အခြေအနေကို ခန့်မှန်းတင်ပြခဲ့သည်။ အသစ်မှာကြားထားသည့် သင်္ဘောများ၊ တပတ်ရစ်သင်္ဘောအိုများ ရောင်းထုတ်ပစ်ခြင်း၊ စင်းလုံးငှားချာတာဖြင့် သင်္ဘောများ ရယူပြေးဆွဲခြင်း စသည့်အချပ်အလက်များကို ထည့်သွ...

Gram Car Carriers (GCC) ကို MSC ၀ယ်ယူ

 MSC သည် Gram Car Carriers (GCC) ကို ၀ယ်ယူပြီး ကားတင်သင်္ဘော စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရန် အခွင့်ကောင်းတစ်ရပ်ကို ခြေလှမ်းစတင်လိုက်ပါသည်။  ကမ္ဘာ့တတိယအကြီးဆုံး ကားတင်သင်္ဘောလိုင်း GCC ကို ကန်ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားသည်။ GCC ဒါရိုက်တာ ဘုတ်အဖွဲ့က ကမ်းလှမ်းချက်သည် တန်ဖိုးမျှမျှတတ ရှိသဖြင့် အစုရှယ်ယာရှင်များကို လက်ခံသဘောတူရန် အကြံပြုထားသည်။ ကုမ္ပဏီ၏ အစုရှယ်ယာ ၅၄.၅% ခန့်ကို ပိုင်ဆိုင်သည့်  F Laeisz၊ AL Maritime၊ Glenrinnes Farms၊ HM Gram Investment နှင့် HM Gram Enterprises တို့က သဘောတူကြောင်း ထုတ်ဖော်ပြောကြားကြသည်။ MSC သည် လက်အောက်ခံ လုပ်ငန်းခွဲ SAS Shipping Agencies Services (SAS) မှတစ်ဆင့် ဝယ်ယူမည် ဖြစ်သည်။  GCC အရောင်းအဝယ်ကို ဇွန်လကုန်တွင် လက်မှတ်ရေးထိုးရန် မျှော်လင့်ထားပြီး ယခုနှစ်၏နောက်ဆုံးသုံးလပတ်အတွင်းတွင် အပြီးသတ်နိုင်မည်ဖြစ်သည်။ Source theloadstar

သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ် စွမ်းဆောင်ရည် နှစ်ဆကျော်အထိ တိုးမြှင့်

 ထိုင်းနိုင်ငံ အဓိကလေဆိပ်နှစ်ခုဖြစ်သည့် သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်တို့၏ အော်ပရေတာ Airports of Thailand (AOT) Public Company Limited သည် ကိုဗစ်လွန်ကာလ၏ ခရီးသွားလာမှု မြင့်တက်လာမှုကို ရင်ဆိုင်ရန်အတွက် ဆယ်စုနှစ်ကုန်ပိုင်းတွင် စွမ်းဆောင်ရည် နှစ်ဆကျော်အထိ တိုးမြှင့်ပေးရန်အတွက် အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံခန့် သုံးစွဲရန် စီစဉ်ထားသည်။  စမွတ်ပရာကန်ပြည်နယ်တွင် သုဝဏ္ဏဘူမိလေဆိပ်ကို ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံး တိုးချဲ့မှုအဖြစ် ပြေးလမ်းအသစ် ၂ ခု၊ တာမင်နယ် အသစ်တခုနှင့် လက်ရှိခရီးသည် တာမင်နယ်ကို တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်ပေးမည်။ ယခုအခါ တနှစ်လျှင် ခရီးသွား သန်း ၆၀ ခန့် ကိုင်တွယ်ပေးနိုင်ရာမှ ၁၃၅ သန်းအထိ ကိုင်တွယ်ပေးနိုင်မည် ဟု AOT ၏ ဥက္ကဋ္ဌ Kerati Kijmanawat က တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ စီမံကိန်းသည် ဘတ်ငွ ၁၄၀ ဘီလီယံ (ဒေါ်လာ ၃.၇ ဘီလီယံ) ခန့် ကုန်ကျမည်ဟု ၎င်းက ဆိုသည်။  ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်တွင် တည်ဆောက်မည့် နိုင်ငံတကာ လေဆိပ်သစ်တစ်ခုနှင့် လက်ရှိ အဆောက်အအုံကို ဘတ် ၃၆ ဘီလီယံ အကုန်အကျခံ ပြုပြင်မွမ်းမံပြီးလျှင် ယခုအခါ သန်း ၃၀ မှ ...

IMF အာရှတိုးတက်မှုခန့်မှန်းချက် မြှင့်တင်

 နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund IMF သည် အာရှတိုးတက်မှုခန့်မှန်းချက်ကို အင်္ဂါနေ့တွင် မြှင့်တင်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ တိုးတက်မှုအပေါ် အကောင်းမြင်ထားသည်။  အာရှ စီးပွားရေး ယခုနှစ်တွင် ၄.၅% တိုးလာမည်ဟု IMF က ခန့်မှန်းထားပြီး ယခင်ခြောက်လက ခနိ့မှန်းချက်ကို ၀.၃% ပိုတိုးထားသည်။ ၂၀၂၅ အတွက် ခန့်မှန်းချက် ၄.၃% ကို မပြောင်းလဲပါ။ “၂၀၂၄ ခုနှစ်မှာ အာရှနဲ့ ပစိဖိတ်ဒေသအတွက် အလားအလာ တောက်ပလာပါပြီ၊ ငွေကြေးဖောင်းပွမှု ဖိအားတွေ ဆက်ပြီး လျော့ကျနေတာကြောင့် ဒေသတွင်းရဲ့ စီးပွားရေးဟာ အရင်က ခန့်မှန်းထားတာထက် နှေးကွေးတာလည်း လျော့သွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု IMF အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Krishna Srinivasan က ရေးသားထားသည်။ အိန္ဒိယသည် “ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားလာသော အဓိကစီးပွားရေး”ဟု IMF က ဆိုသည်။ အများပြည်သူတို့၏  ရင်းနှီးမြှုပ်နှံမှုသည် အရေးကြီးသော တွန်းအားတစ်ခုအဖြစ် ဆက်ရှိနေသည်ဟု IMF က ဆိုသည်။ လက်ရှိတွင် အိန္ဒိယသည် GDP ကန်ဒေါ်လာ ၃.၇ ထရီလီယံဖြင့် ကမ္ဘာ့ပဉ္စမအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့တတိယအကြီးဆုံးစီးပွ...

စင်ကာပူတွင် နှစ်နှစ်‌ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသားအလုပ်သမားဦးရေ ကျဆင်းသွား

 စင်ကာပူတွင် နှစ်နှစ်‌ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသားအလုပ်သမားဦးရေ ကျဆင်းသွားသည်။ ဆောက်လုပ်ရေးလုပ်ငန်းများသည် ပြည်ပလုပ်သားအပေါ် မှီခိုအားထားနေရခြင်းကို လျှော့ချရန် လိုအပ်စေသော စည်းမျဉ်းများကို လိုက်နာကြခြင်းကြောင့် စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရသူ မဟုတ်သည့်သူများကို အလုပ်ခန့်ထားခြင်း လျော့ကျသွားခြင်းဖြစ်သည်။ ထို့ပြင် ကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍ စသည့် နယ်ပယ်များတွင်လည်း လျော့ကျသည်ကို တွေ့ရသည်ဟု အင်္ဂါနေ့တွင် လူအင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွက် အလုပ်သမားဈေးကွက်ကြိုတင်ထုတ်ပြန်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကျွမ်းကျင်အဆင့်မြင့် အလုပ်အကိုင် လုပ်ကိုင်ခွင့် လက်မှတ်များအတွက် နိုင်ငံခြားသားများထံမှ လျှောက်လွှာများသည်  တိုးတက်လာသော စီးပွားရေးမျှော်မှန်းချက်များနှင့်အညီ တိုးတက်လာသည်ဟု အစီရင်ခံစာမှာ ဖော်ပြထားသည်။ Source Bloomberg 

ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကွန်တိန်နာသင်္ဘော Greenwater 01 ခရီးစဉ် ပြေးဆွဲ

 တရုတ်အစိုးရပိုင် China Ocean Shipping Group (Cosco) သည် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကွန်တိန်နာသင်္ဘော Greenwater 01 ကို ရှန်ဟိုင်းနှင့် နန်ကျင်းဆိပ်ကမ်းကြီးများအကြားတွင် အပတ်စဉ် ကမ်းရိုးတန်းနှင့် မြစ်တွင်းခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားသည်။ Greenwater 01 သည် ဘက်ထရီများဖြင့်သာ လည်ပတ်သည်။ ရေမိုင် ၁၀၀ ခရီးတာတွင် လောင်စာဆီ ၃,၉၀၀ ကီလိုဂရမ် သုံးစွဲခြင်းအစား ဘက်ထရီများထံမှ စွမ်းအင်ဖြင့် ခုတ်မောင်းသည်။ သို့ဖြစ်ရာ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၁၂ တန်ခွဲ သက်သာစေသည်။ South China Morning Post SCMP တွင် သတင်းဖော်ပြချက်အရ သင်္ဘောတွင် ကီလိုဝပ်နာရီ ၅ သောင်းကျော်သည့် ပင်မ ဘက်ထရီတလုံး သုံးစွဲထားသည်။ သွားနိုင်သည့် ခရီးတာ တိုးလိုပါက ဘက်ထရီများ ထည့်ဖြည့်ရန် နေရာ အသင့် စီစဉ်ထားသည်။ Greenwater 01 သည် အလျား ၁၂၀ မီတာ၊ အကျယ် ၂၄ မီတာရှိပြီး အမြန်ဆုံး တနာရီ ၁၂ မိုင်အထိ သွားနိုင်သည်။  Source scmp

ဆိုးလ်မြို့တော် ခွေးကင်းလှည့်အစီအစဉ် ပါဝင်သူ ပိုများလာ

 ဆိုးလ်မြို့တော်တွင် အိမ်မွေးတိရစ္ဆာန် ခွေးပိုင်ရှင်များက မိမိဆန္ဒအလျောက်ပါဝင်သည့် ကင်းလှည့်အဖွဲ့တွင် အဖွဲ့ဝင် ၁,၄၆၄ ဦး ပါဝင်ပြီး ရာဇဝတ်မှု မသင်္ကာစရာဖြစ်စေ၊  ဘေးကင်းရေးထိပါးမည့် အန္တရာယ်ဖြစ်စေ တွေ့ရှိပါက အာဏာပိုင်များထံ သတင်းပေးပို့ရသည်။ ၂၀၂၂ခုနှစ် မေလတွင် စတင်ခဲ့စဉ်က ခွေးကင်းလှည့်အစီအစဉ်တွင် အဖွဲ့ဝင် ၆၄ ဦးသာရှိခဲ့သည်။ အစီအစဉ်အကြောင်း ခွေးပိုင်ရှင်များ ပိုမိုသိရှိလာသည်နှင့်အမျှ ပါဝင်သူ ပိုများလာရာ ၂၀၂၃ ခုနှစ်တွင် ၁,၀၀၀ ကျော်အထိ တိုးလာခဲ့သည်။ ဆိုးလ်အာဏာပိုင်များသည် ၂၀၂၄ နှစ်ကုန်တွင် အသင်းဝင် ၂,၀၀၀ အထိ ရောက်ရှိရန် မျှော်လင့်ထားသည်။ ပါဝင်ရန် စာရင်းသွင်းထားသည့် ခွေးပိုင်ရှင်သည် မိမိခွေးကို စစ်ဆေးမှု ခံယူရသည်။ ခွေးသည် သခင်အမိန့်နာခံမှု၊ ကြုံနေကျ မဟုတ်သော အခြေအနေများတွင် တည်ငြိမ်မှု ရှိခြင်း စသည်တို့ကို ခွေးကျွမ်းကျင်ပညာရှင် လေးဦးပါသည့် အဖွဲ့မှ ကြီးကြပ်စစ်ဆေးပေးသည်။  ခွေးများတွင် သုံးပုံနှစ်ပုံခန့်သည် စမ်းသပ်မှု အောင်မြင်သည်။ ခွေးပိုင်ရှင်ကို သင်တန်းပေးသည်။ ကင်းလှည့်စဉ် မသင်္ကာစရာကို မည်သို့ ကင်း‌ထောက်ရမည်။ မိမိ ဘေးကင်းအောင် မည်သို့ သတင်းပို့ရမည် စသည်တို့ကို သင်ယူရသည်။ ခွေးကင်...

Great Wall Motor ရည်မှန်းချက်ကို အချိန်နောက်ဆုတ်

 ယမန်နှစ် အောက်တိုဘာလတွင် Great Wall Motor GWM က  ၂၀၂၅ ခုနှစ်တွင် ပြည်ပဈေးကွက်တွင် နှစ်စဉ် အစီးရေ ၁ သန်းရောင်းချရရန် ရည်မှန်းထားပြီး အစီးရေ ၄ သိန်းကို ပြည်ပတွင် ထုတ်လုပ်မည်ဟု ကြေညာခဲ့သည်။ ယခုအခါ ၎င်းရည်မှန်းချက်ကို အချိန်နောက်ဆုတ်လိုက်သည်။ ၂၀၂၅ အစား ၂၀၃၀ ပြည့်နှစ်ဟု ပြင်ဆင်သတ်မှတ်လိုက်ပြီး အစီးရေ သုံးပုံတပုံ‌ကျော်ကို ပရီမီယံမော်ဒယ်များ ထုတ်လုပ်မည်ဟု ကုမ္ပဏီ၏  WeChat အကောင့်တွင် ဧပြီ ၂၉ ရက်တွင် တင်ပြသည်   CnEVPost မှ ထုတ်ပြန်ချက်အရ Great Wall Motor သည် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်းနှင့်ပြည်ပ စုစုပေါင်း ၁,၂၃၀,၅၃၀ စီး ရောင်းချခဲ့သည်။ ပြည်ပတွင် ၃၁၆,၀၁၈ စီး ရောင်းချခဲ့သည်။ သို့ဖြစ်ရာ စုစုပေါင်းရောင်းအား၏ ၂၅% ဝန်းကျင်ကို ပြည်ပတွင် ရောင်းချခဲ့ပါသည်။

ပူပြင်းလွန်းတဲ့ အာရှ

 လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အထူးပူပြင်းသော လှိုင်းလုံးကြီးတခုသည် အာရှ ဒေသကို ပေါက်ကွဲစေခဲ့ပြီး အပူချိန်ကို ၄၅ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၁၃ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့်တက်စေခဲ့သဖြင့် ထောင်နှင့်ချီသော ကျောင်းသားများကို အိမ်၌သာ နေကြရန် ညွှန်ကြားထားကြရသည်။ ကုလသမဂ္ဂ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အေဂျင်စီက အာရှသည် အထူးတလည်အရှိန်အဟုန်ဖြင့် ပူလာသည်ဟု ပြောကြားသည်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် အပူလှိုင်းများ ဖြစ်ပေါ်သည့် ကြိမ်ရေ ပိုများလာသည်။ ထို့ပြင် ပိုကြာရှည်လာကာ ပိုပြင်းထန်လာသည်။  ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ အပူဒဏ် စံချိန်တင် ပြင်းထန်သည့် နေ့တစ်နေ့ အပြီးမှာ အစိုးရကျောင်းများ အားလုံး နှစ်ရက်ကြာ ရပ်နားထားမည် ဖြစ်ကြောင်း တနင်္ဂနွေနေ့(ဧပြီ ၂၈)တွင် ကြေညာခဲ့ပါသည်။ ယခုနှစ်အတွင်း အပူဒဏ်ကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည့် ထိုင်းနိုင်ငံတွင် စနေနေ့က မြောက်ပိုင်းပြည်နယ်တစ်ခုတွင် အပူချိန် 44.1C (111.4F) ကျော်လွန်သွားပြီးနောက် ပြင်းထန်သော အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးခဲ့သည်။  ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် အပူချိန် 40 C...

သီရိလင်္ကာ ဒေါ်လာ ၂၀၉ သန်းတန် လေဆိပ်စီမံခန့်ခွဲမှုကို အိန္ဒိယနှင့် ရုရှား ကုမ္ပဏီတို့ထံ လွှဲပြောင်းပေးအပ်မည်

 သီရိလင်္ကာသည် နိုင်ငံပိုင်လုပ်ငန်းများမှ ဆုံးရှုံးမှုများကို လျှော့ချရန် ကြိုးပမ်းနေချိန်တွင်  တရုတ်တည်ဆောက်သော ကန်ဒေါ်လာ ၂၀၉ သန်းတန် Mattala Rajapaksa International Airport (MRIA) လေဆိပ်စီမံခန့်ခွဲမှုကို အိန္ဒိယနှင့် ရုရှား ကုမ္ပဏီတို့ထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။  လေဆိပ်စီမံခန့်ခွဲမှုအား အိန္ဒိယမှ  Shaurya Aeronautics (Pvt) Ltd. နှင့် ရုရှားနိုင်ငံရှိ Airports of Regions Management Company တို့အား နှစ် ၃၀ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ China EXIM Bank မှ ရန်ပုံငွေပံ့ပိုးထားသည့် ၎င်းလေဆိပ်သည် လေယာဉ်ပျံသန်းမှု နည်းပါးခြင်း၊ ပတ်ဝန်းကျင် ထိခိုက်လွယ်သော တည်နေရာတွင်တည်ရှိခြင်း၊ ငွေကြေးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးကတည်းက ကြွေးမြီထောင်ချောက်ဟု ဝေဖန်ပြစ်တင်ခံရသည်။ သီရိလင်္ကာနိုင်ငံသည် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် ချေးယူထားသည့် ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံတွင် အပါအဝင်ဖြစ်သော လေဆိပ်ချေးငွေကို ပြန်ဆပ်မည့် အစီအစဉ်ကို ဖြေလျော့ပေးရန် China EXIM Bank နှင့် ညှိနှိုင်းနေသည်။ #...

သင်္ဘောသားများ ဓားစာခံများအဖြစ် ရင်ဆိုင်ရသည့်အပေါ် အရေးတယူပြုရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ တင်ပြ

 ကမ္ဘာ့ထိပ်တန်းသင်္ဘောအဖွဲ့အစည်းများသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ မကြာသေးမီက အိတ်ဖွင့်ပေးစာတွင် သင်္ဘောသားများ ဓားစာခံများအဖြစ် ရင်ဆိုင်ရသည့်အပေါ် အရေးတယူပြုရန် ပျက်ကွက်နေခြင်းကို မီးမောင်းထိုးပြထားသည်။ "အကယ်၍ လေယာဉ် ၄ စီးကို ဖမ်းဆီးထးပြီး လေယာဉ်ပေါ်မှာ ပါလာသည့် အပြစ်မဲ့သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထားလျှင် ကမ္ဘာကြီးက ဒေါသထွက်လိမ့်မည်။  ဝမ်းနည်းစရာကောင်းသည်မှာ ကုန်သွယ်ရေကြောင်း သင်္ဘော ၄ စီးကို ဖမ်းဆီးထားပြီး ၎င်းသင်္ဘောများမှ သင်္ဘောသားများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းအပေါ် အလားတူ တုံ့ပြမှုများ၊ စိုးရိမ်မှုများ ရှိပုံ မပေါ်ချေ"ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။  ဂျပန်မှ NYK ပြေးဆွဲသည့် ကားတင်သင်္ဘော Galaxy Leader သည် လွန်ခဲ့သည့် ခြောက်လက ဟူသီသူပုန်များ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပြီး ယီမင်ရေပိုင်နက်တွင် ရှိနေဆဲဖြစ်သည်။  အီရန်ကလည်း သင်္ဘောများကို သင်္ဘောသားများနှင့်အတူ ဖမ်းဆီးထားဆဲ ဖြစ်သည်။ ဆိုမာလီ ပင်လယ်ဓာ၊ပြများကလည်း သင်္ဘောများကို ပြန်ပေးဆွဲလျက်ရှိသည်။   “အပြစ်မဲ့ သင်္ဘောသားများ သတ်ဖြတ်ခံရသည်။ ဓာ၊စာခံအဖြစ် ဖမ်းဆီးထားသည်။ ၎င်...

29 April 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

Image
 29 April  2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။  MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 29 April  2024, VESSELS AT WHARVES #LogisticsGuide BERTHING VESSELS L= Loading- D= Discharging Vessel Name - Berth -Cargo #LogisticsGuide Container ST MARY - MITT.1 - D.126,L.126 TEU shifted to ST MARY - AWPT.1 - D.449,L.520 TEU PADIAN-4 - MITT.2 - D.94.L.12 TEU shifted to PADIAN-4 - AWPT.3 - D.569,L.682 TEU KOTA RATAN - AWPT.3 - D.395,L.321 TEU SINAR BANDUNG - AWPT.3 - D.841,L.919 TEU SITC HUIMING - AWPT.3 - D.643,L.421 TEU UNI ACTIVE - AWPT.3 - D.738,L.650 TEU CAPE FELTON - M.I.P.4 - D.920,L.927 TEU MCC SHENZHEN - MITT.2 - D.418,L.396 TEU Yellow Maize NAZENIN - A.I.P.T.1 - L.27500 TRANG AN-08 - A.I.P.T.2 - L.17200 THAI BINH-68 - A.I.P.T.3 - L.12700 SEIYO HARMONY - M.I.P.3 - L.27500 HPC UNITY - S.P.W.4 - L.23900 AN HAI VINCENT - S.P.W.5 - L.2...

မလေးရှားနိုင်ငံတွင် KFC ဆိုင်ခွဲပေါင်း ၁၀၈ ဆိုင်ကို ယာယီပိတ်ထား

Image
 မလေးရှားနိုင်ငံတွင် KFC အမြန်ရ စားသောက်ဆိုင်လုပ်ငန်းကဏ္ဍကို ပိုင်ဆိုင်ပြီး လုပ်ကိုင်နေသည့် QSR Brands သည် နိုင်ငံတစ်ဝှမ်းရှိ KFC ဆိုင်ခွဲပေါင်း ၁၀၈ ဆိုင်ကို ယာယီပိတ်ထားလိုက်ရပြီဖြစ်သည်။  ဂါဇာတွင် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အမေရိကန်နှင့် ဆက်နွှယ်နေသော စီးပွားရေးများကို  ပါလက်စတိုင်းလိုလားသူတို့က လအတန်ကြာ သပိတ်မှောက်ကြရာ၌ KFC သည် ဆိုင်မှာ လာဝယ်သူ မရှိသလောက် ခြောက်ကပ်နေသဖြင့် ပိတ်လိုက်ရသော ဆိုင်ခွဲများ၏ အဝင်မှန်တံခါးတွင် ယာယီပိတ်သိမ်းကြောင်း တောင်းပန်ထားပြီး အနီးဆုံး ဖွင့်လှစ်သည့် ဆိုင်ခွဲကို လမ်းညွှန်ထားသည့် နို့တစ်စာ ကပ်ထားသည်။  သပိတ်မှောက်ကြသည်မှာ  ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ပြီး KFC သည် ဂျိုဟိုးပြည်နယ် အစိုးရပိုင်ဖြစ်သည့် Johor Corporationမှ ပိုင်ဆိုင်လုပ်ကိုင်ကြောင်းကို မီနူးဘုတ်များ၊ လက်ကမ်းစာရွက်များတွင် ဖော်ပြပြီး သပိတ်မှောက်ခြင်း လျော့ပါးစေရန် ကြိုးပမ်းခဲ့သည်။ QSR သည် စင်ကာပူ၊ ဘရူနိုင်းနှင့် ကမ္ဘောဒီးယားတို့တွင်လည်း KFC ဆိုင်များကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ မလေးရှားတွင် KFC ဆိုင်ပေါင်း ၆၀၀ ကျော်ရှိသည်။ Source straitstimes

မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း (အမိန့်ကြော်ငြာစာအမှတ် ၇၃/၂၀၂၄ )

 မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း (အမိန့်ကြော်ငြာစာအမှတ်  ၇၃/၂၀၂၄ ) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက  နောက်ဆုံးထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်  ၇၃ /၂၀၂၄   ဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း အပြည့်အစုံကို ဖော်ပြပေးထားပါသည်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော အောက်ဖော်ပြပါ ကုမ္ပဏီ ၅၀၀ ခု အား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်ပါသည်။ 

ရှောင်မီလုပ်ငန်းစု ဥက္ကဋ္ဌနှင့် စီအီးအို လိုင်ဂျွန် Xiaomi SU7 အရောင်းအခြေအနေ ရှင်းလင်းတင်ပြ

Image
 ၂၀၂၄ ပေကျင်း အပြည်ပြည်ဆိုင်ရာ ကားပြပွဲ စတင်သည့် ဧပြီ ၂၅ ရက်မှာ ကျင်းပသော စာနယ်ဇင်း ရှင်းလင်းပွဲမှာ ရှောင်မီလုပ်ငန်းစု ဥက္ကဋ္ဌနှင့် စီအီးအို လိုင်ဂျွန်က Xiaomi SU7 စတင်ရောင်းချခဲ့ပြီး ၂၈ ရက်အကြာမှာ စရန်ငွေ ပြန်မအမ်း အခိုင်အမာ အမှာစာ ၇၅,၇၂၃ စီး ရရှိခဲ့ကြောင်း၊ ၅,၇၈၁ စီးကို မှာကြားထားသူများထံ ပေးပို့ပြီးဖြစ်ကြောင်း ပြောကြားသည်။ SU7 ကို စီးရေ တိုးထုတ်သွားမည်ဖြစ်ပြီး ဇွန်လတွင် တလ အစီးတသောင်းကျော်အထိ ပေးပို့နိုင်မည်ဟု ၎င်းက ပြောကြားသည်။ SU7 ဝယ်ယူသူများတွင် ၂၈% သည် အမျိုးသမီးများ ဖြစ်သည်။ ၂၉% သည် လက်ရှိ BMW, Mercedes Benz, Audi ဈေးအမြင့်တန်းမှ ကားများ စီးနေကြသူများ ဖြစ်သည်။ (တရုတ်တွင် BBA ဟု ပြောဆိုသည့်ကားများ ဖြစ်သည်။ BMW Benz Audi ကို ဆိုလိုသည်) ၅၁.၉% သည် Apple သုံးကြသူများ ဖြစ်သည်။ အင်တာနက်ဖြင့် လှမ်းတင်ပေးသည့် OTA (over-the-air) update တွင် ရှောင်မီ မူပိုင် HyperOS 1.1.0 ကို မကြာမီ တင်ပေးမည်။  HyperOS 1.2.0 ကိုလည်း မေလအတွင်း တင်ပေးမည်။ ကားအစီးရေ ၁ သိန်းရောင်းချပြီးသည့်အခါ ပျမ်းမျှ ကားတစီး ၅%မှ ၁၀%အထိ အမြတ်ကျန်မည်ဟု မျှော်မှန်းထားသည်ဟု ၎င်းက ပြောကြားသည်။ Source carnewschina

နူဆန်တာရာ ၇၀% ကျော် ပြီးစီး

Image
 အင်ဒိုနီးရှားနိုင်ငံ၏ မြိုတော်သစ် နူဆန်တာရာကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ကြိုးပမ်းမှုများ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။ မြိုတော်သစ် နူဆန်တာရာ အရွယ်အစားသည် လက်ရှိမြိုတော် ဂျကာထာထက် ၄ ဆ ကြီးမားပြီး စီမံကိန်း ပထမအဆင့်ကို ရည်မှန်းထာသည့်အတိုင်း ဩဂုတ်လ ၁၇ ရက်တွင် ပြီးစီးမည်။ ယခုအခါ ၇၀% ကျော် ပြီးစီးနေပြီဖြစ်သည်။  Source businesstimes

အမိုးမပါ လေကာမှန်မပါ ကက်ကြေးတံခါး စူပါကား Fang Cheng Bao Super 9

Image
 BYD ရဲ့ အမိုးမပါ လေကာမှန်မပါ ကက်ကြေးတံခါး စူပါကား  Fang Cheng Bao Super 9 ဟာ ၂ယောက်စီး အိမ်စီးပြိုင်ကားဖြစ်ပြီး ကိုယ်ထည်ကို အလေးချိန် ပေါ့ပါးပြီး မာကြောတဲ့ ကာဘွန်ဖိုင်ဘာသားဖြင့် တည်ဆောက်ထားပါတယ်။ ယာဉ်မောင်းနေရာကို တိုက်လေယာဉ် လေယာဉ်မှူးခန်း စတိုင်ထုတ်ထားပါတယ်။  အမိုးမပါ လေကာမှန်မပါ ဒီဇိုင်းကို  McLaren Elva အိမ်စီးပြိုင်ကား၊ Aston Martin V12 Speedster အိမ်စီးပြိုင်ကားတိုမှာ သုံးဖူးပါတယ်။  McLaren က ကားသွားနေစဉ် ဆံပင်တွေ လေတိုးပြီး ပုံပျက်ပန်းပျက် မဖြစ်ရလေအောင် လေကာပေးတဲ့ လေအကာ စီစဉ်ထားပါတယ်။ ရှေ့စက်ဖုံးမှာ လေမှုတ်စနစ် တပ်ဆင်ပေးထားပြီး လေကာမှန်သဖွယ် ဖြစ်နေအောင် လေမှုတ်ထုတ်ပေးခြင်းဖြင့် လေကို လေနဲ့ ကာပေးပါတယ်။  Source newatkas ယခင်တင်ပြချက် https://t.me/Guid4U/17662

ဆန်၊ သကြား၊ ကြက်သွန်နီ ဖိလစ်ပိုင် တင်သွင်းမည်

 ဖိလစ်ပိုင်နိုင်ငံသည် အ‌ခြေခံစားသောက်ကုန်အချို့ မလုံလောက်သဖြင့်  အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ National Economic and Development Authority (NEDA) မှ သွင်းကုန်တိုးမြှင့်ရန် တိုက်တွန်းထားသည်။ ဆန်၊ သကြား၊ ကြက်သွန်နီ တင်သွင်းရာတွင် လုပ်ထုံးလုပ်နည်း အဆင့်ဆင့် လွယ်ကူမြန်ဆန်စေရန် NEDA မှ အမိန့်စာ ထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ်တွင် ပြည်တွင်း ဆန်ထုတ်လုပ်မှု ၀.၇ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသော်လည်း ပြည်တွင်း ဆန်ထွက်ရှိမှုသည် လိုအပ်ချက်ထက် ၁၅ ရာခိုင်နှုန်း လျော့နည်းနေဆဲ ဖြစ်သည်ဟု NEDA မှ ပြောကြားသည်။ လိုအပ်ချက် တန်ချိန် ၂.၀၃ သန်း ရှိသည်ဟု ခန့်မှန်းရပြီး ဆန်မလုံလောက်သဖြင့် မတ်လတွင် ဆန်ဈေး တက်ခြင်းကြောင့် ကုန်ဈေးနှုန်း ၃.၇% မြင့်တက်ခဲ့သည်။   ကြံစိုက်ဧရိယာ လျော့ကျခြင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှု လျော့နည်းခြင်း၊ တိုင်ဖွန်းမုန်တိုင်းကြောင့် ကြံခင်းများ ပျက်စီးခြင်းတို့ကြောင့် ပြည်တွင်း သကြားထုတ်လုပ်မှု လျော့ကျသည်။ ယခုနှစ်တွင် ကြက်သွန်နီ ၄.၇% အထွက်တိုးခဲ့သော်လည်း ပြည်တွင်းစားသုံးမှု ဖူလုံရန် ၁၀% လိုအပ်နေဆဲဖြစ်သည်။ Source bilyonryo

ဒုတိယမြောက် အကြိုမင်္ဂလာပွဲ အမ်ဘာနီ မိသားစု ကျင်းပမည်

Image
အိန္ဒိယ အချမ်းသာဆုံး သူဌေးသူကြွယ်ကြီး မူကေ့ရှ် အမ်ဘာနီရဲ့ သားအငယ်ဆုံး အာနန့် အမ်ဘာနီနဲ့ သူ့ချစ်ရသူ ရဒ်ဟီကာ မားချန့် တိုရဲ့ ပထမအကြိမ် အကြိုမင်္ဂလာပွဲကို အိန္ဒိယနိုင်ငံ ဂူဂျာရပ်ပြည်နယ်မှာ မတ်လ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့ပြီး ယခုအခါ ဒုတိယမြောက် အကြိုမင်္ဂလာပွဲကို  အမ်ဘာနီ မိသားစုက ပြင်သစ် တောင်ဘက်ကမ်းရိုးတန်းရှိ အပျော်စီးသင်္ဘောပေါ်တွင် မေ ၂၈ မှ ၃၀ အထိကျင်းပမှာ ဖြစ်ပါတယ်။ မိသားစု၊ ဆွေမျိုးရင်းချာ၊ မိတ်‌ဆွေရင်းချာတိုကိုသာ ဖိတ်ကြားမယ်လို ဆိုပါတယ်။ #WeddingGuide

လူသားဆန်သော စက်ရုပ် Tiangong ကို ထုတ်ဖော်ပြသ

Image
 တရုတ်နိုင်ငံမှ Beijing Humanoid Robot Innovation Center သည် တစ်နာရီလျှင် ၆ ကီလိုမီတာ အမြန်နှုန်းဖြင့် လူသားကဲ့သို့ ပြေးနိုင်သည့် လူသားဆန်သော စက်ရုပ် Tiangong ကို ထုတ်ဖော်ပြသခဲ့သည်။   အရပ်အမြင့် ၁၆၃ စင်တီမီတာ (၅ ပေ ၄ လက်မ)၊ အလေးချိန် ၄၃ ကီလိုဂရမ် ရှိသည်။ အလေးချိန် နည်းသဖြင့် Tiangong သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြေးနိုင်သည်။ Tiangong သည် ဆင်ခြေလျောများနှင့် လှေကားထစ်များကို အဆင်ပြေပြေ သွားလာနိုင်သည်။ အတားအဆီးများ၊ မညီညာသော မြေပြင်အနေအထားနှင့် ကြုံတွေ့ရသည့်အခါ လမ်းလျှောက်ပုံကို မဆိုင်းမတွ ချိန်ညှိ‌ပေးခြင်းဖြင့် သွက်လက်ချက်ချာမှုကို ပြသသည်။ 

Hyundai Motor နှင့် Kia Corp တို့ Baidu Inc နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

Image
 တနင်္ဂနွေနေ့ (ဧပြီ ၂၈)တွင် တောင်ကိုရီးယားမှ  Hyundai Motor နှင့်  Kia Corp တို့သည်  တရုတ်နိုင်ငံမှ နည်းပညာလုပ်ငန်းကြီး Baidu Inc နှင့် အင်တာနက်ချိတ်ဆက်ကားများအတွက် နည်းပညာများ ဖွံဖြိုးရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ တရုတ်အစိုးရ၏ တင်းကျပ်သော ဒေတာထိန်းချုပ်မှု စည်းမျဉ်းများအရ အင်တာနက်ချိတ်ဆက်ကားများသည် ပြည်တွင်းတရုတ်လုပ်ငန်း၏ cloud ဆာဗာများကိုသာ သုံးခွင့် ရှိသဖြင့် Hyundai Motor နှင့် Kia တို့သည် Baidu ၏ smart cloud ကို သုံးစွဲကြမည် ဖြစ်သည်။  Hyundai Motor နှင့် Kia တို့သည် Baidu နှင့် ၂၀၁၄ ခုနှစ်ကတည်းက စတင်လက်တွဲခဲ့ပြီး တရုတ်ပြည်တွင် ရောင်းချသည့် မော်တော်ယာဉ်များအတွက် အင်တာနက် ချိတ်ဆက်မှု စနစ်အမျိုးမျိုး ဖွံ့ဖြိုးရေးကို ပူးပေါင်းလုပ်ကိုင်ခဲ့ကြသည်။   #AutomobileGuide 

အီးဗီအတွက် တိုယိုတာ ထပ်မံမြှုပ်နှံ

 Toyota Motor Corp သည် အမေရိကန် အင်ဒီယားနားရှိ ၎င်း၏ Princeton စက်ရုံတွင် ထိုင်ခုံ ၃ တန်းပါ အီးဗီ SUV မော်ဒယ် ထုတ်လုပ်ရန် ကန်ဒေါ်လာ ၁.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားသည်။ အင်ဒီယားနားတွင် တိုယိုတာ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုကို ကန်ဒေါ်လာ ၈ ဘီလီယံအထိ ရှိလာမည် ဖြစ်ပြီး အလုပ်အကိုင်အသစ် ၃၅၀ ဖန်တီးပေးမည် ဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တိုယိုတာက ကင်တပ်ကီပြည်နယ်ရှိ ၎င်း၏ စက်ရုံကို အီးဗီမော်ဒယ်များ ထုတ်လုပ်နိုင်ရန် ကန်ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားခဲ့သည်။ ၎င်းစက်ရုံတွင်လည်း အမေရိကန်အတွက် ထိုင်ခုံ ၃ တန်းပါ အီးဗီ SUV မော်ဒယ် ထုတ်လုပ်မည် ဖြစ်သည်။ ၎င်းစက်ရုံတွင် မြောက်ကာရိုလိုင်းနားရှိ တိုယိုတာ၏စက်ရုံမှ ထုတ်လုပ်သော လစ်သီယမ်-အိုင်းယွန်းဘက်ထရီများကို အီးဗီအတွက် ဘက်ထရီထုပ်များ ထုပ်ပိုးထုတ်လုပ်မည်။ Source Reuters 

Thai Airways Boeing 747-400 လေယာဉ်များ အကုန်လုံး ရောင်းချ

 Thai Airways (THAI) သည် တာဝေး ခရီးရှည် ပြေးဆွဲခဲ့သည့် Boeing 747-400 လေယာဉ်များ ၁၈ စင်းအကုန်လုံးကို ရောင်းချကြောင်း ကြေညာသည်။ တစ်ချိန်က “ကောင်းကင်ဘုရင်မ” ဟု သိကြသော Boeing 747-400 လေယာဉ်များသည် သက်တမ်းအိုမင်းခြင်းအပြင် လေကြောင်းလိုင်း၏ ခရီးစဉ်များ မဟာဗျူဟာအရ ခရီးတာ အပြောင်းအလဲများနှင့် ကိုက်ညီအောင် ချိန်ညှိခြင်း ဖြစ်သည်။ THAI တွင် နောက်ဆုံးလက်ကျန် Boeing 747-400 မှတ်ပုံတင်နံပါတ် HS-TGG “Pathumawadi" ကို RPS System Co Ltd ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။  THAI စီအီးအို Chai Iamsiri က လေကြောင်းလိုင်းတွင် Airbus A380 စီးရီးနှင့် Boeing 777 စီးရီး နှစ်မျိုးစုစုပေါင်း ၁၈ စီးကို ရောင်းချမည့် အစီအစဉ် ရှိကြောင်း ပြောကြားသည်။ အများစုသည် ခရီးရှည် ပျံသန်းနိုင်သည့် ကိုယ်ထည်အကျယ် လေယာဉ်များ ဖြစ်သည်။ ၂၀၁၃ တွင် THAI တွင် လေယာဉ် အစီး ၁၀၀ ရှိခဲ့သည်။ ကိုဗစ်ကာလ အထိနာပြီးနောက် ၂၀၂၂ နှစ်ကုန်တွင် ပြေးဆွဲသည့် လေယာဉ် ၆၄ စီးသာ ကျန်သည်။ ကိုဗစ်လွန်ကာလ ခရီးသည်များ ပြန်များပြားလာသောအခါ မှာကြားထားသည့် လေယာဉ်များ မရသေးခင်မှာ လေယာဉ်လိုအပ်ချက်ကို ၂၀၂၂ နှင့် ၂၀၂၃ တို့တွင် အငှားစနစ်ဖြင့် ဖြည့်တင်းသည်။ ၂၀၂၃ ဒုတိယ၃ လ...

ထိုင်းဒူးရင်း ဘတ် ၁၃၀ ဘီလီယံအထိ တင်ပို့ရန် မျှော်မှန်းထား

 ထိုင်းအစိုးရက ယခုနှစ် ဒူးရင်းတင်ပို့မှု ဘတ် ၁၃၀ ဘီလီယံအထိ ၈ ရာခိုင်နှုန်း တိုးမြှင့်ရန် မျှော်မှန်းထားကြောင်း ဝန်ကြီးချုပ် ဆရက်သာ သာဝီဆင်က စနေနေ့ (ဧပြီ ၂၇)တွင် အရည်အသွေးမြင့် ဒူးရင်းသီးများအတွက် လူသိများသည့် အရှေ့ပိုင်းပြည်နယ် ချန်သဘူရီသို့ လာရောက်လည်ပတ်စဉ် ကြေညာခဲ့သည်။  ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဒူးရင်းတင်ပို့မှုမှ ၀င်ငွေ ဘတ် ၁၂၀ ဘီလီယံ ရရှိခဲ့သည်။ ခြံသမားများ၏ ဒူရင်းသီးများ အရည်အသွေး စံချိန်စံညွှန်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန် ဝန်ကြီးဌာန အသီးသီးက ကူညီပေးခဲ့သည်။ အစိုးရအနေဖြင့် ဒူးရင်းသီး ဝယ်လိုအား တိုးလာနေချိန်မှာ ဗီယက်နမ်နှင့် ယှဉ်ပြိုင်နိုင်စေရန် ဆောင်ရွက်သွားမည်ဟု ဆရက်သာက ပြောသည်။  နိုင်ငံတကာဈေးကွက်တွင် “အသီးဘုရင်”ဟု ပြောဆိုကြသည့် ဒူရင်းသီးအတွက် ထိုင်းနိုင်ငံ၏ ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် မမှည့်သေးသော ဒူးရင်းသီးများကို ဆွတ်ခူး ရောင်းချခြင်း မပြုရန် ဆရက်သာက မှာကြားပါသည်။ Source Bangkokpost 

စင်ကာပူ ပင်လယ်စာများ စင်ကာပူ ဒေါ်လာ သန်း ၃၄၀ နီးပါး တင်သွင်း

 စင်ကာပူ ကော်ပိုရိတ် ကြီးကြပ်ရေး အာဏာပိုင်မှ ထုတ်ပြန်ချက်အရ စင်ကာပူနိုင်ငံသည်  ၂၀၂၄ ခုနှစ် ပထမ ၃လအတွင်း နိုင်ငံနှင့် နယ်မြေပိုင်နက်ပေါင်း ၁၀၀ နီးပါးထံမှ စင်ကာပူ ဒေါ်လာ သန်း ၃၄၀ နီးပါး တန်ဖိုးရှိ ပင်လယ်စာများ တင်သွင်းခဲ့သည်။ အဆိုပါကာလအတွင်း ပင်လယ်စာများကို စင်ကာပူနိုင်ငံသို့ ထိပ်တန်းတင်ပို့ရောင်းချသည့် နိုင်ငံများမှာ  • မလေးရှား ၁၃.၆% • နော်ဝေး ၁၁.၄၅% • အင်ဒိုနီးရှား ၁၁.၁၃% •  ဗီယက်နမ် ၈.၅၈% •  ဂျပန် ၈.၃၄% တို့ ဖြစ်ပါသည်။ #FoodIndustryGuide 

တိုက်တန်းနစ် ခရီးသည် အချမ်းသာဆုံးပုဂ္ဂိုလ် အိတ်ဆောင်နာရီ ပေါင် ၁.၁၇၅ သန်းဖြင့် ရောင်းချ

Image
 တိုက်တန်းနစ်သင်္ဘော ခရီးသည်များတွင် အချမ်းသာဆုံးပုဂ္ဂိုလ်၏ ရုပ်အလောင်းမှ ပြန်လည်တွေ့ရှိခဲ့သည့် ရွှေအိတ်ဆောင်နာရီကို စံချိန်တင် ပေါင် ၁.၁၇၅ သန်းဖြင့် ဧပြီ ၂၇ ရက်နေ့တွင် ရောင်းချခဲ့သည်။ တိုက်တန်းနစ် အမှတ်တရ ကြွင်းကျန်ပစ္စည်းများ လေလံတင်ရာတွင် ၎င်းနာရီသည် တန်ဖိုး အမြင့်ဆုံးပမာဏအဖြစ် စံချိန်တင်သည်။ ဝယ်ယူသူမှာ အမေရိကန်မှ ရှေးဟောင်းပစ္စည်း စုဆောင်းသည့် Henry Aldridge & Son ဖြစ်ပါသည်။  ၁၉၁၂ ခုနှစ်တွင် တိုက်တန်းနစ် နစ်မြုပ်ခဲ့စဉ် နာရီ မူလပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် အသက် ၄၇ နှစ်ရှိ John Jacob Astor သည် ဇနီးသစ် Madeleine ကို အသက်ကယ်လှေအမှတ်(၄)ပေါ် သို့ ရောက်ရှိစေခဲ့ပြီးနောက် သင်္ဘောနှင့်အတူ နစ်မြုပ်သွားခဲ့သည်။ ဇနီးသည်မှာ သေဘေးမှ လွတ်မြောက်ခဲ့သည်။ ခုနစ်ရက်အကြာတွင် Astor ၏အလောင်းအား အတ္တလန်တိတ်သမုဒ္ဒရာမှာ ပြန်လည်တွေ့ရှိခဲ့ပြီး သူပိုင်ဆိုင်သည့် JJA စာလုံးအလှ ထွင်းထားသည့် ၁၄ ကာရက်ရွှေ Waltham အိတ်ဆောင်နာရီကို တွေ့ရှိခဲ့သည်။ Astor သည် လွန်ခဲ့သည့် ၁၁၂ နှစ် ငွေတန်ဖိုးအရ အသားတင်တန်ဖိုး ကန်ဒေါ်လာ ၈၇ သန်း ရှိသည်။ ယခုငွေတန်ဖိုးအရ ဘီလျံနာတဦး ဖြစ်သည်။

ပစ်တိုင်းထောင် မီးသတ်ရေယာဉ် ဟောင်ကောင်မီးသတ်ဌာန အမှာစာအပ်နှံ

Image
ဟောင်ကောင်မီးသတ်ဌာနသည် တိမ်းမှောက်နေရာမှ ကိုယ်စွမ်းကိုယ်စဖြင့် ခြောက်စက္ကန့်အတွင်း ပြန်လည်တည့်မတ်နိုင်သည့် ပစ်တိုင်းထောင် မီးသတ်ရေယာဉ် အကြီးစား တစင်း တည်ဆောက်ပေးရန်အတွက် အမေရိကန်ဒေါ်လာ ၁၆ သန်းဖြင့် တိုင်ဝမ်မှ Lungteh Shipbuilding ထံ အမှာစာအပ်နှံခဲ့သည်။  ထိုင်ဝမ်မှ သင်္ဘောကျင်း Lungteh Shipbuilding၊ ကင်းလှည့်‌ရေယာဉ်များ၊ ကြားဖြတ်ဟန့်တား ရေယာဉ် Interceptor များနှင့် အခြားမြန်နှုန်းမြင့်နှင့် စွမ်းဆောင်ရည်မြင့်ရေယာဉ်များ အထူးပြုတည်ဆောက်ပေးသည့် ပုဂ္ဂလိကပိုင်သင်္ဘောကျင်း ဖြစ်ပါသည်။ ၎င်းရေယာဉ်သည် ကမ္ဘာ့အကြီးဆုံး ပစ်တိုင်းထောင် မီးသတ်ရေယာဉ်ဟု ဆိုသည်။ ၎င်းရေယာဉ်ဖြင့် လေထန်လှိုင်းကြီးသည့် ဟောင်ကောင်ရေပြင်တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။ အရှည် ၃၉ မီတာ ရှိပြီး အလေးချိန် တန် ၂၀၀ ခန့်ရှိသည့် ၎င်းရေယာဉ်အသစ်ကို ထိုင်ဝမ်ရှိ Suao ဆိပ်ကမ်းတွင် စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရာ တိမ်းမှောက်နေရာမှ စက္ကန့်ပိုင်းအတွင်း ပြန်တည့်မတ်နိုင်ခဲ့သည်။  ၎င်းရေယာဉ်ကို စမ်းသပ်သည့် မှတ်တမ်းဗီဒီယိုများ ထိုင်ဝမ်လူမှူကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ ရေယာဉ်အမည်ကို “Fireboat 12”ဟု အင်္...

တရုတ်ပြည်တွင်း စမတ်ဖုန်းဈေးကွက် ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွက် အစီရင်ခံစာ IDC ထုတ်ပြန်

Image
တရုတ်ပြည်တွင်း စမတ်ဖုန်းဈေးကွက်အတွက် International Data Corporation (IDC) မှ ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ Huawei မှ ခွဲထုတ်ပြီး တစင်ထောင်ပေးခဲ့သည့် Honor က ဈေးကွက်ဝေစု ၁၇.၁%ဖြင့် ဈေးကွက်ဝေစုအများဆုံး ရရှိခဲ့သည်။  5G ပရီမီယံ စမတ်ဖုန်း စီးရီးများဖြင့် အောင်မြင်မှု ရနေသော ဟွာဝေးက ဈေးကွက်ဝေစု ၁၇.၀%ဖြင့် ဈေးကွက်ဝေစု ဒုတိယအများဆုံး ရရှိခဲ့သည်။ ဈေးကွက်ဝေစု တတိယအများဆုံး ရရှိခဲ့သည့် Oppo သည် ဈေးကွက်ဝေစု ၁၅.၇% ရရှိခဲ့ပါသည်။ တချိန်က ထိပ်ဆုံးမှာ ရှိနေခဲ့သည့် Apple သည် ဈေးကွက်ဝေစု ဆုံးရှုံးခဲ့ရာ ၁၅.၆% ရရှိပြီး စတုတ္ထနေရာ ရရှိခဲ့သည်။ ပဉ္စမနေရာမှ Vivo သည် ဈေးကွက်ဝေစု ၁၄.၆% ရရှိပါသည်။ တရုတ်ပြည်တွင်း စမတ်ဖုန်းဈေးကွက်သည် ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်တွင် ယမန်နှစ်ထက် ရောင်းအား ၉.၃% ကြီးထွားခဲ့ပါသည်။ Source gizchina  

ဗီယက်နမ်ဘီလျံနာ ဖန့်ညပ်ဗွန် VinFast တွင် သူ့ကိုယ်ပိုင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံ ထပ်မံရင်းနှီးမြုပ်နှံရန် စီစဉ်

Image
 ဗီယက်နမ်ဘီလျံနာ ဖန့်ညပ်ဗွန် Pham Nhat Vuong က Nasdaq စတော့အိတ်ချိန်း စာရင်းဝင် လျှပ်စစ်ကားထုတ်လုပ်‌ရေးလုပ်ငန်း VinFast တွင် သူ့ကိုယ်ပိုင်ငွေ ကန်ဒေါ်လာ ၁ ဘီလီယံ ထပ်မံရင်းနှီးမြုပ်နှံရန် စီစဉ်ထားကြောင်း ပြောကြားသည်။ "ကျွန်တော့ ကိုယ်ပိုင်အိတ်‌ထောင်ထဲမှ ဒေါ်လာ ၁ ဘီလီယံ ဗင်ဖတ်စ်ကို ပေးဖို ကျွန်တော် စီစဉ်နေတယ်" ဟု ဗွန်က ပြောကြားသည်။ သူထိန်းချုပ်ထားသည့် အခြားကုမ္ပဏီများကို စတော့အိပ်ချိန်း စာရင်းဝင်အဖြစ် ပြောင်းလဲကာ ရှယ်ယာများ ရောင်းချပြီး အရင်းအနှီးငွေ ရှာယူမည်ဟု ဆိုသည်။ သူသည် ဗီယက်နမ်မှ ကုမ္ပဏီစုကြီး Vingroup တွင် ၁၈% တိုက်ရိုက်ပိုင်ဆိုင်ပြီး ဥက္ကဋ္ဌတာဝန် ယူထားသည်။ ဗင်ဖတ်စ်သည် အရှုးပြနေဆဲ အခြေအနေတွင်သာ ရှိနေပြီး ဗွန်နှင့် Vingroup တိုသည် ဗင်ဖတ်စ်တွင် ကန်ဒေါ်လာ ၁၁.၄ ဘီလီယံ သွန်ထည့်ထားသည်။  ဗွန်သည် ဗင်ဖတ်စ်တွင် စီးအီးအို ရာထူးကို ပြန်လည် ရယူထားသည်။ ဗင်ဖတ်စ်တွင် ရှယ်ယာ ၉၇%ကို တိုက်ရိုက်နှင့် သူပိုင်ဆိုင်သည့် ကုမ္ပဏီများမှတဆင့် ပိုင်ဆိုင်ထားသည်။ “လျှပ်စစ်ကားစျေးကွက်က အင်ဂျင်ကားတွေကို ကျော်လွန်သွားလိမ့်မယ်။ ဗင်ဖတ်စ်ကို ကျွန်တော် လက်လျှော့မှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားသည်။ Sourc...

ဘောလ်တီမိုးဆိပ်ကမ်း သင်္ဘော ၄ စီး ဆိပ်ကမ်းမှ ထွက်ခွာ

Image
 မတ် ၂၆ ရက်က ကွန်တိန်နာသင်္ဘော Dali သည် ဓာတ်အားပြတ်တောက်ကာ မြစ်ကူးတံတားဝင်တိုက်ခဲ့ရာမှ ရေလမ်းကြောင်းကို ပိတ်ဆို့ခဲ့ပြီးနောက် ဘောလ်တီမိုးဆိပ်ကမ်းမှ သင်္ဘောများ ပိတ်မိနေခဲ့သည်။ မော်တော်ယာဥ် ရေကြောင်းပို့ဆောင်မှုအတွက် အမေရိကန်ပြည်ထောင်စုတွင် အစည်ကားဆုံးဖြစ်သည့် ဆိပ်ကမ်းသို့ သင်္ဘောကြီးများ အသွားအလာ ပြတ်တောက်နေခဲ့သည်။  ယခုအခါ ရေစူးများသည့် သင်္ဘောကြီးများ သွားလာနိုင်သည့် အကျယ် ၉၁ မီတာ အနက် ၁၁ မီတာရှိ ရေလမ်းကြောင်းတခု ယာယီဖွင့်ပေးနိုင်ခဲ့သဖြင့် သင်္ဘော ၄ စီး ဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြသည်။ • ပနားမား အလံတင် အထွေထွေ ကုန်စည်တင်သင်္ဘော Balsa 94 • ထိုင်းနိုင်ငံ Precious Shipping Plc ၏ ဝမ်းပုံတင်သင်္ဘော MV Phatra Naree • နယ်သာလန်အလံတင် ကုန်တင်သင်္ဘော Saimaagracht • ကားတင်သင်္ဘောလိုင်း Wallenius Wilhelmsen မှ ကားတင်သင်္ဘော Carmen  တို့ဖြစ်ပါသည်။ ဒတ်ခ်ျအလံတင် အထွေထွေကုန်တင်သင်္ဘော Frisian Ocean သည် ဆိပ်ကမ်းသို့ဝင်ရောက်ခဲ့သည်။ ဒါလီ သင်္ဘောဦးပေါ်မှ တံတားအပိုင်းကို ဖယ်ရှားရန် ရေလမ်းကြောင်းကို တနင်္လာနေ့တွင် ပြန်ပိတ်ထားမည်။ မေလကုန်တွင် ပြန်လည်ဖွင့်လှစ်ပေးရန် ရည်မှန်းထားသည်။ ရေစူးနည်းသော ဝမ်းပ...

ခွေးများအတွက် သီးသန့် ကမ္ဘာ့ပထမဆုံးသော လေယာဉ်ခရီးစဉ်

Image
 ခွေးများအတွက် သီးသန့် ကမ္ဘာ့ပထမဆုံးသော လေယာဉ်ခရီးစဉ်ကို လာမည့်လတွင် ပျံသန်းမည်ဖြစ်သည်။ ခွေးများနှင့် ခွေးထိန်းများကို ပို့ဆောင်ပေးရန် ရည်စူးထားသည့် လေကြောင်းလိုင်းသစ် Bark Air ကို မေလ ၂၃ ရက်နေ့တွင် ပွဲဦးထွက် ခရီးစဉ် စတင်ရန် စီစဉ်ထားသည်။ ခွေးများအတွက် ဝန်ဆောင်မှုများကို အဓိကထားဆောင်ရွက်ပေးသည့် အမေရိကန်အခြေစိုက် ထိပ်တန်းကုမ္ပဏီ Bark သည် ၎င်း၏ "Bark Air" ကို မကြာသေးမီက ၎င်း၏ ဝဘ်ဆိုက်တွင် တင်ပြခဲ့သည်။ ခွေးများကို ပထမတန်းစား ထိုင်ခုံနေရာဖြင့် ပျံသန်းနိုင်စေမည့် ပထမဆုံးသော လေကြောင်းခရီးသွားဝန်ဆောင်မှုဟု ဆိုထားသည်။ ဧပြီလ ၁၁ ရက်မှစ၍ ကြိုတင်လက်မှတ် ရောင်းချသည်။ လောလောဆယ်တွင် နယူးယောက် Westchester County Airport မှ လော့အိန်ဂျယ်လိစ် Van Nuys လေဆိပ်သို့လည်းကောင်း၊ လန်ဒန် Stansted လေဆိပ်သို့လည်းကောင်း ခရီးစဉ် ၂ ခု ပြေးဆွဲမည်။ နယူးယောက်-လန်ဒန်ခရီးစဉ် ခွေးတကောင်နှင့် ခွေးထိန်းတဦးတို့အတွက် စုစုပေါင်း $8,000၊ နယူးယောက်-လော့အိန်ဂျယ်လိစ် ခရီးစဉ်အတွက် $6,000 ကျသင့်သည်။ ခွေးထိန်းသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ ခွေး ၁၅ ကောင်နှင့် ခွေးထိန်း ၁၅ ဦးအထိ လိုက်ပါနိုင်သော်လည်း ချောင်ချောင်ချိချိ စ...

အိန္ဒိယ ကြက်သွန်နီ ပြည်ပတင်ပို့မှု ခွင့်ပြု

 အိန္ဒိယအစိုးရသည် ကြက်သွန်နီ ပြည်တွင်း ရရှိနိုင်မှု ဖူလုံရေးနှင့် ဈေးနှုန်း ထိန်းသိမ်းရေးတို့ကို ရှေ့ရှုပြီး ယမန်နှစ် ဒီဇင်ဘာလ ၈ ရက်တွင် ပြည်ပတင်ပို့မှုကို ပိန်ပင်ထားသည်။ မိတ်ဆွေနိုင်ငံများ၏ ကြက်သွန်နီ ရောင်းချပေးရန် တောင်းခံချက်များကို တနိုင်ငံချင်းအရ စဉ်းစား ဆုံးဖြတ်ပြီး တင်ပို့ရန် ခွင့်ပြုခဲ့သည်။ ဧပြီလ ၂၅ရက်တွင် ကြက်သွန်နီ အဖြူကို စုစုပေါင်းမက်ထရစ်တန် ၂,၀၀၀ အထိ သတ်မှတ်ထားသော ဆိပ်ကမ်း ၃ ခုမှ ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုကြောင်း နိုင်ငံခြားကုန်သွယ်မှု ညွှန်ကြားမှုဦးစီးဌာနမှ အမိန့်စာ ထုတ်ပြန်သည်။ ခွင့်ပြုလက်မှတ် လျှောက်ခထားရယူပြီး တင်ပို့ရမည် ဖြစ်သည်။ Source economictimes

ပဉ္စမမြောက် ထိုင်း-လာအို ချစ်ကြည်ရေး တံတား နိုဝင်ဘာလတွင် ဖွင့်လှစ်မည်

Image
 ထိုင်းနိုင်ငံ ဘန်ကန်ခရိုင်နှင့် လာအိုနိုင်ငံ ပတ်စင်မြို့တို့ကို ဆက်သွယ်ထားသည့် ပဉ္စမမြောက် ထိုင်း-လာအို ချစ်ကြည်ရေး တံတားကို ယခုနိုဝင်ဘာလတွင် အများပြည်သူ အသုံးပြုနိုင်ရန် ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းပို့ဆောင်ရေး ဒုဝန်ကြီး Manaporn Charoensri က သောကြာနေ့ (ဧပြီ ၂၆)တွင် ပြောကြားသည်။ အဆိုပါ ဆောက်လုပ်ရေး စီမံကိန်းတွင် မဲခေါင်မြစ်ပေါ် ကျော်ဖြတ်ရန် ၁.၃၅ ကီလိုမီတာ နှစ်လမ်းသွားတံတား၊ ထိုင်းဖက်ခြမ်းတွင် လေးလမ်းသွား၊ လာအိုဘက်ခြမ်းတွင် နှစ်လမ်းသွား လမ်းပိုင်းများ ပါဝင်သည်။ စီမံကိန်းသည် ဘတ် ၃.၉၀၆ ဘီလီယံ ကုန်ကျပြီး လာမည့် နိုဝင်ဘာလတွင် အပြီးသတ်မည်ဟု Ms Manaporn က ပြောသည်။ Source Bangkokpost 

ကတ်ထူခေါင်းတလား သုံးစွဲမှု များလာ

Image
 စင်ကာပူနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် Unity Casket သည် စက္ကူကတ်ထူပြား အခေါင်းကို စတင်ရောင်းချသည့် ပထမဆုံး အဓိက လုပ်ငန်း ဖြစ်လာခဲ့သည်။ ယခုအခါ ၄ လနီးပါး သက်တမ်းရှိပြီဖြစ်ပြီး အမှာစာ ၂ ဆ ရရှိလာသည်။ ကုမ္ပဏီသည် တစ်ပတ်လျှင် ပျမ်းမျှ အမှာစာ တစ်လုံးမှ နှစ်လုံးအထိ ရရှိခဲ့ရာမှ ယခုအခါ သုံးလုံးမှ ငါးလုံးအထိ အမှာစာ ရရှိကြောင်း ၎င်းကုမ္ပဏီမှ ဒါရိုက်တာ ဝီလျံတန်က ပြောသည်။ ကတ်ထူခေါင်းတလားကို သဘောကျကြသည်မှာ  "ရိုးရှင်းမှု၊ ဈေးနှုန်း တတ်နိုင်မှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှု" တို့ကြောင့် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ အခေါင်းပေါ်တွင် ကြာပန်းများ၊ စကြာသင်္ကေတများ ဖော်ပြထားသည်မှာ အမြင်ဆန်းနေစေသည်။ သစ်သားအခေါင်းသည် စင်ဒေါ်လာ ၃၀၀ မှ ၆,၀၀၀ အထိ ပေးရသည်။ ကတ်ထူအခေါင်းသည် စင်ဒေါ်လာ ၃၀၀ မှ အများဆုံး စင်ဒေါ်လာ ၂,၀၀၀ အထိသာ ရှိသည်ဟု  ဝီလျံတန်က ပြောသည်။ ကတ်ထူအခေါင်းသည် မီးလောင်ပြာကျရာတွင် သစ်သားအခေါင်းထက် မိနစ် ၃၀ ပိုမြန်သည်။ သစ်သားအခေါင်းသည် ဗားနစ်သုတ်ထားသဖြင့် မီးလောင်လျှင် လေထုညစ်ညမ်းသည့် ဓာတ်ငွေ့ ထွက်သည်။  ကတ်ထူအခေါင်းတလားများ အားလုံးသည် အမျိုးသား သဘာဝပတ်ဝန်းကျင်ဌာနမှ အတည်ပြု ခွင့်ပြ...

ဟွာဝေး စမတ်ဖုန်း Pura 70 ပုံပြင်သည့် ပြဿနာ တက်နေ

 ဟွာဝေး၏ နောက်ဆုံးထွက် စမတ်ဖုန်း Pura 70 စီးရီးတွင် AI ဖြင့် ပုံမှ အရာဝတ္ထုများကို ဖယ်ရှားသည့် လုပ်ဆောင်ချက်လည်း ပါရှိရာ၌ အဝတ်အစားကို ဖယ်ရှားပြီး အဝတ်အစားအောက်မှ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မူရင်းမူလသဖွယ် ပုံဖော်ပေးသည်။   တရုတ်လူမှုမီဒီယာပလက်ဖောင်း Weibo တွင် ၎င်းAI စွမ်းရည်ပြသသည့် ဗီဒီယိုများကို လွှင့်တင်နေကြသည်။  ဗီဒီယိုများသည် ဖုန်း၏ "smart AI retouching" အင်္ဂါရပ်ကို အသုံးပြု၍ အဝတ်အစား အလွယ်တကူ ဖယ်ရှားနိုင်ပုံကို ပြသထားသည်။ ဟွာဝေးက ၎င်းကိစ္စရပ်ကို အသိအမှတ်ပြုခဲ့ပြီး လာမည့် စနစ်အပ်ဒိတ်များတွင် အဆိုပါပြဿနာများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဖုန်းသုံးစွဲသူများအား အာမခံထားသည်။ ထိုကဲ့သို့ ဓာတ်ပုံများကို ပြောင်းလဲနိုင်သည့်စွမ်းရည်သည် လူ့ကျင့်ဝတ် မစောင့်ထိန်းဘဲ  AI နည်းပညာကို မည်သို့ အလွယ်တကူဖြင့် အလွဲသုံးစားလုပ်နိုင်ကြောင်း ပြသနေသည်။ သို့ဖြစ်ရာ ဟွာဝေးသည် အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးရမည်ဟု တောင်းဆိုနေကြပါသည်။  Source gizmochina

TikTok အက်ပ် မရောင်းလျှင် အမေရိကန်မှာ ပိတ်ပင်မည်

အများက ထင်ကြေးပေးထားသည့်အတိုင်း အမေရိကန်သမ္မတဘိုင်ဒင်သည် TikTok အက်ပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ပင်သွားနိုင်သည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ TikTok သည် အမျိုးသားလုံခြုံရေးကို စိုးရိမ်ရသည့်အတွက် ပိတ်ပင်ရန် စီစဉ်ခြင်း ဖြစ်သည်။ မကြာသေးမီ ရက်ပိုင်းက ကွန်ဂရက်မှ အတည်ပြုခဲ့သော ၎င်းဥပဒေသည် TikTok ၏ တရုတ်မိခင်ကုမ္ပဏီ ByteDance အား TikTok ၏ အမေရိကန်လုပ်ငန်းကဏ္ဍ တခုလုံးကို တနှစ်အတွင်း အပြီးအပြတ် မရောင်းချပါက အမေရိကန်တွင် လုံးဝပိတ်ပင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ အရပ်သား လွတ်လပ်ခွင့်အဖွဲ့အစည်းများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင်များက တားမြစ်ပိတ်ပင်မှုကို ဝေဖန်ဆန့်ကျင်နေကြစဉ် ပိတ်ပင်ဖို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။ တစ်တော့သည် အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ပထမဆုံး ပိတ်ပင်ခံရသည့် ဆိုရှယ်မီဒီယာပလက်ဖောင်း တခု ဖြစ်လာမည်။ ByteDance သည် သတ်မှတ်ထားသောအချိန်ဘောင်အတွင်း TikTok ၏ ရှယ်ယာများကို မရောင်းချနိုင်ပါက ဥပဒေအရ TikTok ကို ဝန်ဆောင်မှု ပေးအပ်ခြင်းများ ရပ်ဆိုင်းရမည်။ Google နှင့် Apple တို့သည် ၎င်းတို့၏အက်ပ်စတိုးများမှ TikTok ကို ဖယ်ရှားရန် အတင်းအကျပ် ခိုင်းစေမည်ဖြစ်သည်။ အချိန်ကြာလာသည်နှ...