Posts

Showing posts from May, 2024

ထိုင်းမှာ 5G စမတ်ဖုန်း ပြောင်းလဲသုံးစွဲသူများ ပိုများလာ

 ထိုင်းနိုင်ငံ၏ စမတ်ဖုန်းဈေးကွက်သည် Counterpoint Technology Market Research မှ လစဉ် ထုတ်ပြန်သည့် Thailand Smartphone Tracker သုတေသန အစီရင်ခံစာအရ ယခုနှစ် ပထမသုံးလပတ်တွင် ရောင်းချ အလုံးရေ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ 5G စမတ်ဖုန်းများ တင်ပို့ရောင်းချမှုသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် စုစုပေါင်း စမတ်ဖုန်းရောင်းချရမှု၏ ၅၂% သို့ရောက်ရှိခဲ့သည်။ 5G စမတ်ဖုန်းများ ပထမဆုံးအကြိမ် ၅၀%ကို ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။ အက်ပဲလ် စမတ်ဖုန်းများတွင် iPhone 15 မော်ဒယ် ဆက်လက်ကြီးထွားခဲ့သည်။ iPhone ရောင်းအား အလုံးရေ စုစုပေါင်း၏ ၃၁% သည် iPhone 15 မော်ဒယ်များဖြစ်ပြီး iPhone 14 ရောင်းအား၏ ၂ ဆ ရှိသည်။ ရှောင်မီ၏ စမတ်ဖုန်းများတွင် ဈေးနှုန်း အနိမ့်၊ အလာ်အလတ်၊ အမြင့် သုံးမျိုးလုံး ရောင်းအား အခြေအနေ ကောင်းခဲ့ပြီး ဈေးနှုန်း $200-$399 အတန်းအစားမှ ဖုန်းများ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့သည်။ Redmi Note 13 နှင့် M6 Pro စီးရီးများ အဝယ်လိုက်သည်။ ဆမ်ဆောင်း ရောင်းအားကျခဲ့သော်လည်း ဈေးကွက်ဝေစု ၁၈% ရရှိခဲ့သည်။ $200 အောက် ဖုန်းများသည် တရုတ်စမတ်ဖုန်းများကို မယှဉ်နိုင်သဖြင့် ရောင်းအား သိသိသာသာ လျော့ကျခဲ့သည်။  ဈေး...

ဟွာဟင်းတွင် မရောင်းချရသေးသော ကွန်ဒိုအခန်းများ အများအပြား ကျန်ရှိ

 ထိုင်းနိုင်ငံ ပက်ချာဘူရီခရိုင် ပင်လယ်ကမ်းခြေ အပန်းဖြေနေရာ ချာအမ် Cha-am ရှိ ကွန်ဒိုဈေးကွက်တွင် မရောင်းရသေးသော အခန်းအသစ်များ များပြားလွန်းနေသဖြင့် အခန်းများ အကုန်လုံး ရောင်းချရန်အတွက် ၁၀ နှစ်ခန့် အချိန်ယူရဖွယ်ရှိသည်ဟု အိမ်ခြံမြေအတိုင်ပင်ခံ Colliers Thailand မှ ပြောကြားခဲ့ပါသည်။ ‌အခြား ပင်လယ်ကမ်းခြေ အပန်းဖြေနေရာ ဟွာဟင်း Hua Hin ကွန်ဒိုဈေးကွက်မှာမူ ရောင်းအား အားကောင်းနေဆဲဖြစ်သည်။ Colliers သုတေသနဌာနမှ ဒါရိုက်တာ Phattarachai Taweewong က ချာအမ်တွင် ၂၀၁၆ ခုနှစ်မှစ၍ ကွန်ဒိုအသစ်များ ထပ်တိုးလာခြင်း မရှိသော်လည်း ယခင်လက်ကျန် မရောင်းချရသေးသည့် အခန်းများ အများအပြား ရှိနေဆဲဟု ပြောကြားသည်။ "ချာအမ်မှာ ရောင်းဖို့ တိုက်ခန်းတွေ အရေအတွက်များနေသေးတာကြောင့် မကြာမီကာလအတွင်းမှာ ကွန်ဒိုအသစ်များ ထပ်တိုးလာမှာ မဟုတ်ဘူး၊။ လက်ကျန်အခန်းတွေ အကုန်လုံးက အပြီးအစီး ဆောက်လုပ်ပြီးသားတွေပါ။ ဝယ်တဲ့သူလက်ထဲ အခန်းအပ်လို့ ရပါတယ်"ဟု ၎င်းက ပြောကြားသည်။ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်စာရင်းအရ ချာအမ်တွင် စုစုပေါင်း ဘတ် ၄၂ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုယူနစ် ၉,၄၂၀ ခန်း ရှိခဲ့ပြီး ၆၆% ရောင်းချခဲ့သဖြင့် ဘတ် ၁၄.၃ ဘီလီယံဖိုးရှိ ယူနစ် ၃,၂၀၀ က...

တရုတ်အီးဗီ ဈေးနှုန်းစစ်ပွဲ အာဆီယံသို့ ကူးစက်ပျံ့နှံ့

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများအကြား စျေးနှုန်းစစ်ပွဲသည် ယခုအခါ ပြည်ပဈေးကွက်များသို့ ကူးစက်လာသည်။ ပြည်တွင်း‌ဈေးကွက်၌ ဆုံးရှုံးမှုများကို ထေမိရန်အတွက် အမြတ်အစွန်းပိုမိုရရှိရန် ပြည်ပသို့ တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများ ချဲ့ထွင်ခဲ့ကြပြီးနောက် ပြည်ပဈေးကွက်အသီးသီးတွင် အရောင်းမြှင့်တင်ရန်နှင့် ဈေးကွက်ဝေစု ပိုမိုရရှိရန် အီးဗီများ၊ ဟိုက်ဘရစ်များကို ဈေးချပြီး ရောင်းချကြရာမှ စျေးနှုန်းစစ်ပွဲ ပေါ်ပေါက်စေခဲ့သည်။ ပြည်ပဈေးကွက်တွင်လည်း ဈေးနှုန်းနှိမ့်ချပြီး ဈေးသက်သာသည့် အင်ဂျင်ကားများကို ပြိုင်ကြရသည်။ ၎င်းတို့အချင်းချင်းလည်း ယှဉ်ပြိုင်ရသည်။ "ဒါဟာ တရုတ်မော်တော်ကားကုမ္ပဏီတွေအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး"ဟု နိုင်ငံပိုင်ကားထုတ်လုပ်ရေး လုပ်ငန်း Chery ၏ လုပ်ငန်းခွဲဖြစ်သော Jetour Auto International ၏ အထွေထွေမန်နေဂျာ Jacky Chen က ပြောကြားသည်။ ပြောကြားသည်။ ဘက်ထရီပါဝါသုံးကားများ ပိုမိုရေပန်းစားလာနေသည့် အရှေ့တောင်အာရှတွင် ဂျပန်ကားထုတ်လုပ်သူများ၏ ဓာတ်ဆီအင်ဂျင်၊ ဒီဇယ်အင်ဂျင်ကားများဖြင့် စျေးကွက်ကို လွှမ်းမိုးထားသည့် ဂျပန်ပြိုင်ဖက်များထံမှ ဈေးကွက်ဝေစုကို ဖဲ့ယူနိုင်ရန် Build Your Dreams (BYD) နှင့် ...

အိန္ဒိယဗဟိုဘဏ် ယူကေမှ ရွှေ ကီလို ၁ သိန်း ပြောင်းရွှေ့

  အိန္ဒိယဗဟိုဘဏ် Reserve Bank of India (RBI) သည် ဗြိတိန်နိုင်ငံမှ ရွှေတန်ချိန် ၁၀၀ ခန့် (ကီလိုဂရမ် ၁ သိန်း) ခန့်ကို အိန္ဒိယနိုင်ငံရှိ ၎င်း၏ ရွှေတိုက်များသို့ ပြောင်းရွှေ့ခဲ့သည်ဟု Business Today က ဖော်ပြသည်။ အိန္ဒိယနိုင်ငံသည် ၁၉၉၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရွှေ လွှဲပြောင်းမှု အများအပြားကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ RBI ၏ ရွှေများတွင် ထက်ဝက်ကျော်ကို Bank of England နှင့် Bank of International Settlements တို့ထံ သိမ်းဆည်းထားပေးရန် အပ်နှံထားပြီး သုံးပုံတပုံဝန်းကျင်ကို ပြည်တွင်းမှာ သိမ်းဆည်းထားသည်။ အဆိုပါအပြောင်းအရွှေ့သည် RBI မှ Bank of England သို့ ပေးနေရသည့် သိုလှောင်မှုကုန်ကျစရိတ်များကို သက်သာစေရန်အတွက်ဖြစ်မည်ဟု ယူဆရသည်။ ဗဟိုဘဏ်သည် ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့စာရင်းအရ နိုင်ငံခြားငွေ အရန်ရန်ပုံငွေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရွှေ ၈၂၂ ဒသမ ၁၀ တန်ကို သိမ်းဆည်းထားသည်။ ကမ္ဘာ့ရွှေကောင်စီ၏ အစီရင်ခံစာအရ ဗဟိုဘဏ်များသည် တူးဖော်ရရှိသမျှရွှေအားလုံး၏ ၁၇% ခန့်ကို ပိုင်ဆိုင်ထားပြီး ၂၀၂၃ နှစ်ကုန်တွင် စုစုပေါင်း ၃၆,၆၉၉ မက်ထရစ်တန် ရှိသည်။ Source Business Today #GoldIndustryGuide 

31 May 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

31 May 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။  #LogisticsIndustryGuide MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 29 May 2024 , VESSELS AT WHARVES BERTHING VESSELS L= Loading- D= Discharging Vessel Name - Berth - Cargo  Container BLPL FAITH - AWPT.1 - D.382,L.320 TEU METHI BHUM - AWPT.3 - D.580,L.675 TEU  SEACO FORTUNE - MITT.2 - D.242,L.36 TEU Shifted to ISEACO FORTUNE - AWPT.3 - D.656,L.893 TEU IAL 001 - AWPT.3 -  D.794,L.440 TEU ISEACO GENESIS - AWPT.3 - D.1133,L.889 TEU SITC CHANGMING - AWPT.3 - D.496,L.664 TEU BANGKOK - AWPT.3 - D.1187,L.750 TEU TORRES STRAIT - M.I.P.3 - D.1028,L.857 TEU Ti2 Apple - M.I.P.3 - D.249.L.307 TEU BLPL BLESSING - M.I.P.4 - D.477,L.430 TEU ASIAN ACE - MITT.2 - D.400,L.336 TEU Yellow Maize TAYDO STAR  - AWPT.2 - L.6100 COURTESY K - A.I.P.T.1 - L.20000  VTC OCEAN - A.I.P.T.1 - L.18000 SS-1 - A.I...

PTT စီးပွားရေးအလားအလာ ကောင်းမွန်မည်ဟု ခန့်မှန်းထား

 ထိုင်းနိုင်ငံမှ အမျိုးသား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစုကြီး PTT Plc သည် အဓိကထုတ်ကုန်များထဲမှ တစ်ခုဖြစ်သော ရေနံဓာတုပစ္စည်းဈေးနှုန်းများမှာ ဆက်လက်ကျဆင်းဖွယ်ရှိကြောင်း ခန့်မှန်းထားသော်လည်း ယခုနှစ် ကျန်ရှိသည့် လများတွင် လုပ်ငန်းစုကြီး၏ စီးပွားရေးအလားအလာ ကောင်းမွန်မည်ဟု ခန့်မှန်းထားသည်။  ရေနံဓာတုပစ္စည်းဈေးနှုန်းများတွင် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်မှာ high density polyethylene (HDPE) စျေးနှုန်းသည် ယခင်နှစ် အလားတူကာလကထက် ၄% ကျဆင်းခဲ့ပြီ တစ်တန်လျှင် $ 1,041 သို့ လျော့ကျသည်။  paraxylene (PX) စျေးနှုန်းသည်လည်း ၁% ကျဆင်းခဲ့ပြီး တစ်တန်လျှင် $1,027 သို့ လျော့ကျသည်။ ယခုနှစ်တွင် HDPE တစ်တန်လျှင် $1,011-1,111 နှင့် PX တစ်တန်လျှင် $996 နှင့် $1,096 ကြားတွင် ရှိနေမည်ဟု ကုမ္ပဏီက မျှော်လင့်ထားသည်။ "ကမ္ဘာ့ဈေးကွက်ဝယ်လိုအား သိသိသာသာ နိမ့်ကျနေတဲ့ ရေနံဓာတုထုတ်ကုန်တွေရဲ့ ဈေးနှုန်းတွေ ကျနေပေမဲ့လည်း PTT ရဲ့ စီးပွားစွမ်းဆောင်ရည်ဟာ ၂၀၂၄ ခုနှစ်မှာ ပိုကောင်းလာမယ်လို့ ယူဆထားပါတယ်"ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ Side Tanapo Prapapan, Patta က ပြောသည်။ ရေနံလုပ်ငန်းကဏ္ဍတွင် ဓာတ်ငွေ့ပိုမိုထုတ်လုပ်ခြင်း၊ နိုင်ငံ၏ GDP တိ...

ဖူးခက်နှင့် ပတ္တယား ဟိုတယ်အသစ်များ တိုးမည်

 ထိုင်းဘဏ်များသည် Covid-19 အကျပ်အတည်းကာလအတွင်း ချေးငွေများ ထုတ်ချေးခြင်းကို ခေတ္တရပ်ထားပြီးနောက် ယခုအခါ ဟိုတယ်အသစ် ဆောက်လုပ်မည့် စီမံကိန်းများအတွက် ချေးငွေများ ပြန်လည်ပေးအပ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ဧည့်ဝတ်ပြုမှုလုပ်ငန်းကဏ္ဍသည် အဓိကအားဖြင့် ထိုင်းနိုင်ငံ ပင်လယ်ကမ်း‌ခြေ အပန်းဖြေမြို့များဖြစ်သည့် ဖူးခက်နှင့် ပတ္တယားတို့တွင် ဟိုတယ်စီမံကိန်းများကို အကောင်အထည်ဖော်ကြသည်။ Onyx Group သည် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ လာမည့် ၃နှစ်မှ ၅နှစ်အတွင်း ဖူးခက်တွင် ဟိုတယ် လေးငါးလုံး ဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း၊ Onyx ၏ လူသိများသော အမှတ်တံဆိပ်များ ဖြစ်သည့် brands: Amari, OZO, Shama, Oriental Residence တို့ ပါဝင်မည်ဖြစ်ကြောင်း Onyx Hospitality Group ၏ CEO Yuthachai Charanachitta က ပြောကြားခဲ့သည်။ မလေးရှားမှ ဇိမ်ခံအပန်းဖြေစခန်း အမှတ်တံဆိပ် EQ က ထိုင်းသို့ တိုးချဲ့မည့် အစီအစဉ်တွင်လည်း Onyx Group က ပူးပေါင်းပါဝင်မည်။ EQ က ပထမခြေလှမ်းအဖြစ် ဖူးကက်တွင် ရင်းနှီးမြှုပ်နှံမည်။   ပထမသုံးလပတ်တွင် ပတ္တယားအိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာသည့်လက္ခဏာများ ပြသခဲ့ပြီး ကွန်ဒိုမီနီယံ စီမံကိန်းအသစ် ၃ ခုကို စတင်...

ကုန်သွယ်မှု ငွေပေးငွေယူ ယွမ် လူကြိုက်နည်း

 တရုတ်အစိုးရက ပြည်ပကုန်သွယ်မှုများတွင် ယွမ် သုံးစွဲမှုကို မြှင့်တင်ပြီး ဒေါ်လာကို အစားထိုး နေရာဝင်ယူရန် ကြိုးပမ်းဆောင်ရွက်နေသော်လည်း တရုတ်နိုင်ငံ၏ ပဉ္စမအကြီးဆုံးဘဏ် Bank of Communications နှင့် Renmin University မှ International Monetary Institute တို့ ပူးတွဲထုတ်ပြန်သည့် ပထမသုံးလပတ်အတွက် Cross-Border Yuan Insight စစ်တမ်းအသစ်၏ တွေ့ရှိချက်များအရ “ကုန်သွယ်ဖက်များကြားတွင် ယွမ်ငွေကို သုံးစွဲရန် ဆန္ဒမရှိခြင်း” သည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ငွေပေးချေခြင်းများအတွက် အကြီးမားဆုံး အတားအဆီးအဖြစ် ရှိနေသေးသည်။ စစ်တမ်းတွင် ပါဝင်ဖြေဆိုသော လုပ်ငန်းများ၏ ၄၇.၇% ခန့်က ယွမ်ငွေကို အသုံးပြုရန် ကုန်သွယ်ဖက်များအကြား စိတ်ဝင်စားမှု နည်းပါးခြင်းသည် ယွမ် သုံးစွဲမှု တွင်ကျယ်လာစေရေးအတွက် အဓိက အဟန့်အတား ဖြစ်နေသည်ဟု ဖြေဆိုကြသည်။ ဖြေဆိုသူများအနက် သုံးပုံတစ်ပုံခန့်ကမူ အခက်အခဲအဆင့်သည် ယခင်နှစ်ကအတိုင်းပင်ဖြစ်ပြီး မပြောင်းလဲသေးကြောင်း ပြောဆိုကြပြီး ၁၁ ရာခိုင်နှုန်းခန့်က ပိုဆိုးလာသည်ဟု ယူဆကြသည်။ မတ်လတွင် ကုမ္ပဏီပေါင်း ၁၆၅၇ ခုကို စစ်တမ်းကောက်ယူခဲ့ရာ၌ အကြမ်းအားဖြင့် ၇၁% မှာ ပုဂ္ဂလိကလုပ်ငန်းများဖြစ်ပြီး ၁၃% မှာ နိုင်ငံပ...

SK Group ၏ ဥက္ကဋ္ဌ လင်မယား ကွာရှင်းမှု ကန်ဒေါ်လာ ၁ ဘီလီယံ ပေးရ

 တောင်ကိုရီးယားမှ SK Group ၏ ဥက္ကဋ္ဌ Chey Tae-won အား လင်မယား ကွာရှင်းမှုအတွက် ၎င်း၏ ဇနီးဟောင်း Roh So-young (ယခင်ကိုးရီးယားသမ္မတ Roh Tae-woo ၏ သမီး) အား ငွေသားဖြင့် ဝမ် ၁.၃၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဘီလီယံ) ပေးဆောင်ရန် ကြာသပတေးနေ့ (မေ ၃၀)တွင် အထက်တရားရုံးက အမိန့်ချခဲ့သည်။ ယခင် အောက်တရားရုံး စီရင်ချက်တွင် ဝမ် ၆၆.၅ ဘီလီယံ ပေးရန် သတ်မှတ်ခဲ့သည်ထက် ယခုစီရင်ချက်က ပိုများနေရသည်မှာ Chey ၏ စီးပွားရေး အောင်မြင်မှုအတွက် Roh So-young နှင့် သူမ၏ ဖခင် Roh Tae-woo တို့က ကျေးဇူးပြုပေးခဲ့ကြသည်ကို ထည့်သွင်း စဉ်းစားပေးထားခြင်းကြောင့် ဖြစ်သည်။ Chey ၏ အသားတင်ကြွယ်ဝမှုအား ဝမ် လေးထရီလီယံဝန်းကျင်ဟု တရားရုံးက ရာဖြတ်ခဲ့ပြီး Roh So-young သည် ၃၅%ကို ရရှိမည်ဖြစ်သည်။ SK Group သည် တောင်ကိုရီးယား၏ ထိပ်တန်း မိုဘိုင်းလ်ဖုန်းလိုင်း အပါအဝင် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး memory chip ထုတ်လုပ်သည့် SK Hynix ကို ထိန်းချုပ်ထားသည်။ Source AFP #WeddingIndustryGuide 

မလေးရှားတွင် ဒေတာစင်တာ ဂူဂဲ ထားရှိမည်

 Google သည် မလေးရှားတွင် ဒေတာစင်တာနှင့် Google Cloud hub ကို ထားရှိရန်အတွက် ကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေသည်။ Google မှ ထုတ်ပြန်ချက်တွင် hub အသစ်များကို မလေးရှားနိုင်ငံ အလယ်ပိုင်း ဆီလန်ဂေါပြည်နယ်တွင် ထားရှိမည်ဟု ဖော်ပြထားသည်။ မလေးရှားသည် Google ဒေတာစင်တာကို ထားရှိမည့် ၁၂ခုမြောက် နိုင်ငံဖြစ်လာမည်။ မိုက်ခရိုဆော့ဖ်ကလည်း မကြာသေးမီက မလေးရှား၏ cloud နှင့် ဉာဏ်ရည်တုအခြေခံအဆောက်အအုံအသစ် ထူထောင်ရန်အတွက် လာမည့်လေးနှစ်အတွင်းတွင် ဒေါ်လာ ၂.၂ ဘီလီယံ ရင်းနှီးမည်ဟု ကြေညာခဲ့ပါသည်။ Source AP #ICTIndustryGuide  ယခင်တင်ပြချက် https://t.me/Guid4U/18057

မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း (အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၂၄ )

  မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း (အမိန့်ကြော်ငြာစာအမှတ်   ၉၂/၂၀၂၄ ) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက  နောက်ဆုံးထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်  ၉၂ /၂၀၂၄   ဖြင့် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ(၅၀၀) စာရင်း အပြည့်အစုံကို ဖော်ပြပေးထားပါသည်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော အောက်ဖော်ပြပါ ကုမ္ပဏီ ၅၀၀ ခု အား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်ပါသည်။ 

တိုယိုတာ၊ မာဇဒါနှင့် စူဘာရူတို့ အင်ဂျင်မျိုးဆက်သစ်အတွက် ပူးပေါင်း

 ဂျပန်ကားလုပ်ငန်း ၃ ခု တိုယိုတာ၊ မာဇဒါနှင့် စူဘာရူတို့က အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင် internal combustion engine ICE မျိုးဆက်သစ် ဖွံ့ဖြိုးရေး အတူတကွ လက်တွဲလုပ်ကိုင်ဖို့ Multipathway Workshop အမည်ဖြင့် ပေါင်းစည်းလိုက်ကြပါတယ်။ ဓာတ်ဆီ ဒီဇယ်အစား အခြားလောင်စာများနှင့် ဟိုက်ဘရစ်နည်းပညာတို့ အသုံးချပြီး ကာဘွန်ထုတ်လွှတ်မှု ထပ်တိုးခြင်း မရှိတဲ့ လောင်စာများ carbon-neutral (CN) fuels အသုံးပြုတဲ့ အင်ဂျင်မျိုးဆက်သစ်‌ကို တည်ဆောက်ကြမှာ ဖြစ်ပါတယ်။ CN လောင်စာများတွင် အီးလောင်စာ e-fuel (ဓာတုလောင်စာ)၊ ဇီဝလောင်စာနှင့် ဟိုက်ဒရိုဂျင်အရည်တို့ ပါဝင်ပါတယ်။ ကားအနာဂတ်မှာ အီးဗီမှတပါး အခြားမရှိဆိုတဲ့ လမ်းစဉ်ကို လက်မခံဘဲ အီးဗီအပြင် အင်ဂျင်ကားတွေလည်း ဆက်လက်တည်တံ့နေပြီး ကာဘွန်ထုတ်လွှတ်မှု ထပ်တိုးခြင်း မရှိတဲ့ ကားအနာဂတ်ကို ရည်မှန်းထားကြပါတယ်။ #AutomobileIndustryGuide 

Kia EV9 ရောင်းအား တက်နေ

 လျှပ်စစ်ကားများ ရောင်းအား နှေးနေသော်လည်း Kia EV9 ရောင်းအား တက်နေသည်။ ပြည်ပဈေးကွက်များတွင် လူကြိုက်များသဖြင့် ပထမတနှစ်အတွင်း စီးရေ ၅ သောင်း ရောင်းရလိမ့်မည်ဟု ခန့်မှန်းထားသည်။ ထိုင်ခုံတန်း ၃ တန်းပါ SUV အီးဗီကို ယမန်နှစ် မတ်လတွင် ပွဲထုတ်ပြသခဲ့ပြီး ကိုရီးယားတွင် မှာကြားထားသူများထံ ကားအပ်နှံမှု ဇွန်လမှာ စတင်ခဲ့သည်။ ပြီးခဲ့သည့် ဧပြီလကုန်အထိ ကမ္ဘာတလွှား စီးရေ ၄၈,၀၀၀ ကျော် ရောင်းချခဲ့သည်။ လစဉ် အစီးရေ ၂,၀၀၀ မှ ၃,၀၀၀ အထိ ရောင်းချလျက်ရှိသဖြင့် မေလ အရောင်းစာရင်း ထုတ်ပြန်သည့်အခါ စီးရေ ၅ သောင်းကျော်မည်ဟု တွက်ဆနိုင်သည်။ ဧပြီလအထိ ၁၁ လတာတွင် ပြည်ပသို့ ၃၉,၃၀၉ စီး တင်ပို့ခဲ့သည့်အနက် Kia ၏ အကြီးဆုံးဈေးကွက် အမေရိကန်သို့ ၅,၅၇၉ စီး ပေးပို့ခဲ့သည်။  ကိုရီးယားတွင် ဈေးမြင့်သည်ဟု ယူဆခြင်း၊ အရည်အသွေး ပြဿနာ ပေါ်ပေါက်ခြင်းတို့ကြောင့် ရောင်းအား မကောင်းချေ။ Kia က EV9 ဈေးနှုန်းကို ဖေဖော်ဝါရီလတွင် ဝမ် ၃.၅ သန်း ($2,620) ဈေးချပေးခဲ့သည်။  Source koreatimes  #AutomobileIndustryGuide 

ဇင်ဘာဘွေ ကမ္ဘာ့နောက်ဆုံးပေါ်ငွေကြေးအသစ် ZiG စတင်သုံးစွဲ

 ဇင်ဘာဘွေနိုင်ငံတွင် ရွှေကျောထောက်နောက်ခံပြုပေးထားသည့် ကမ္ဘာ့နောက်ဆုံးပေါ်ငွေကြေးအသစ် ZiG ကို ၂၀၂၄ ဧပြီလ ၅ ရက်တွင် စတင်သုံးစွဲပါသည်။ ZiG သည် Zimbabwe Gold ကို ဆိုလိုပါသည်။ ဇင်ဘာဘွေရှိ ဘဏ်များတွင် ယခင်သုံးစွဲခဲ့သည့် နိုင်ငံသုံးငွေ ဇင်ဘာဘွေဒေါ်လာ ZW$ များကို ZiG ဖြင့် လဲလှယ်ပေးသည်။ ZW$ နှင့် ZiGတို့အကြား ငွေလဲနှုန်းကို ၂၀၂၄ ဧပြီလ ၅ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးအရ ဗဟိုဘဏ်က ငွေလဲနှုန်း သတ်မှတ်ပေးထားသည်။ ဘဏ်လုပ်ငန်းကဏ္ဍရှိ ZW$ အပ်ငွေများ အားလုံး၊ ZW$ ချေးငွေများအားလုံး၊ ကြိုတင်ပေးငွေ၊ စရန်ငွေများ အားလုံး ZiG သို့ ပြောင်းလဲလိုက်သည်။ ဈေးရောင်းဈေးဝယ်၊ ကုန်ပစ္စည်းဈေးနှုန်း၊ ဝန်ဆောင်ခ အစရှိသည်တို့ အကုန်လုံးကိုလည်း ZiG ကို ပြောင်းလဲသုံးစွဲကြရသည်။ လက်ထဲ ရှိနေသော ZW$ ငွေစက္ကူများ၊ အကြွေများကို ZiG ဘဏ်ငွေစာရင်းတွင် ZiG သို့ ပြောင်းပေးပြီး ပေါင်းထည့်ပေးသည်။ ဘဏ်များထံ ၂၀၂၄ ဧပြီလ ၅ ရက်မှစ၍ ၂၁ ရက်အတွင်း ZW$ ငွေစက္ကူများ၊ အကြွေများ အပ်နှံရသည်။ ZiG ငွေစက္ကူများ၊ အကြွေများကို 1ZiG, 2ZiG, 5ZiG, 10ZiG, 20Zig, 50ZiG, 100ZiG နှင့် 200ZiG တို့ ထုတ်ဝေထားပြီး ဘဏ်များမှတဆင့် ဖြန့်ဝေသည်။ (၂) ရွှေကျောထောက်န...

တောလာဆွစ်ဖ်၏ နားရွက်ခေါက်ကြောင်များ မမွေးကြရန် တိုက်တွန်း

 တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့များသည် Taylor Swift ၏ အမာခံ ပရိသတ်များအား ပေါ့ပ်စတား တေလာဆွစ်ဖ် မွေးမြူထားသည့် Scottish Fold စကော့တလန် ခေါက် ဟု အမည်တွင်သည့် နားရွက်ခေါက်နေသော ကြောင်များကို မမွေးကြရန် တိုက်တွန်းထားသည်။ အဆိုပါ ကြောင်များသည် ချစ်ခင်နှစ်သက်စရာ တမူထူးခြားနေအောင် တမင်ရည်ရွယ်ချက်ဖြင့် မျိုးရိုးဗီဇပြောင်းလဲပေးထားသဖြင့် နားရွက်ခေါက်သည့် ကြောင်များ ဖြစ်နေကြခြင်း ဖြစ်သည်။ မျိုးရိုးဗီဇ ပြောင်းထားသည့်အတွက် ၎င်းကြောင်များတွင်နာတာရှည်ဝေဒနာများ ဖြစ်ပွားနေလေ့ရှိသည်။ Scottish Fold ကြောင်များကို ၎င်းတို့၏ နူးညံ့သိမ်မွေ့သော သဘောသဘာဝနှင့် ပွေ့ဖက်ခြင်းကို နှစ်သက်ခြင်းကြောင့် အဖော်ပြုရန် အလွန်ကောင်းသည်။ ရုန်းကန်ခြင်းမပြုဘဲ ပြုသမျှ နုနေကြသည်မှာ ၎င်းတို့သည် နာတာရှည်ဝေဒနာများ ခံစားနေရသဖြင့် ငြိမ်ခံနေကြခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူတို့က ဆိုသည်။ နားရွက်ခေါက် ကြောင်ကို ၁၉၆၁ ခုနှစ်၌ စကော့တလန်တွင် genetic mutation မျိုးရိုးဗီဇပြောင်းလဲပေးခြင်းဖြင့် ပထမဆုံး မွေးဖွားခဲ့ပါသည်။ ထို့ကြောင့် Scottish Fold ဟု အမည်တွင်သည်။ Source AFP #Guide4U 

ပြည်တွင်းရွှေဈေးကျဖို့ ဗီယက်နမ် ဗဟိုဘဏ် ထပ်မံကြိုးပမ်း

  ဗီယက်နမ် ဗဟိုဘဏ် State Bank of Vietnam (SBV) သည် ပြည်တွင်းရွှေဈေး မြင့်တက်နေသည်ကို ထိန်းရန် ရွှေချောင်းများ လေလံတင် ရောင်းချပေးခဲ့သော်လည်း အကြောင်းမထူးသဖြင့် ယခုအခါ ရွှေချောင်းများကို နိုင်ငံပိုင် ဘဏ် ၄ ခု ဖြစ်သည့် Agribank, Vietcombank, BIDV နှင့် VietinBank တို့မှ တဆင့် ရွှေလက်လီ ရောင်းချသူများထံ ရောင်းချမည် ဖြစ်ရာ၌ ဇွန်လ (၃)ရက်နေ့တွင် ဗဟိုဘဏ်မှ သတ်မှတ်သည့် ဈေးနှုန်းများဖြင့် စတင်ရောင်းချမည်ဖြစ်သည်။ ပြည်တွင်းရွှေဈေး ကျဆင်းစေဖို့အတွက် ဗဟိုဘဏ်၏ ထပ်မံ ကြိုးပမ်းချက်ဖြစ်ပါသည်။ ယခင်တင်ပြချက် https://t.me/Guid4U/19035 ဗဟိုဘဏ်သည် လေလံတင်ပြီး ရွှေချောင်းများ ၁.၈ တန် ရောင်းချပေးခဲ့ပြီးပြီ ဖြစ်သော်လည်း Vietnam Saigon Jewelry Company ၏ SJC ရွှေချောင်းဈေးသည် ကမ္ဘာ့ရွှေဈေးထက် ၂၀% ပိုမြင့်နေဆဲ ဖြစ်သဖြင့် လေလံဖြင့် ရွှေရောင်းချခြင်းကို ရပ်လိုက်ခြင်း ဖြစ်ပါသည်။ SJC ရွှေချောင်းအကြောင်း တင်ပြချက် https://t.me/Guid4U/19038 #GoldIndustryGuide #BankingIndustryGuide 

ရှန်ဟိုင်းတွင် အိမ်ရာတိုက်ခန်း မူဝါဒ ဖြေလျှော့

 တရုတ်အစိုးရသည် အိမ်ရာတိုက်ခန်း ဆောက်လုပ်ရေးကဏ္ဍ ကြွေးနွံနစ်နေသည်ကို ဆယ်တင်ရန် ဒေသအာဏာပိုင်များကို ညွှန်ကြားထားသဖြင့် အိမ်ရာတိုက်ခန်း မူဝါဒ ဖြေလျော့မှုများ ကျင့်သုံးကြရာ၌ ရှန်ဟိုင်းသည် ပထမဆုံး အိမ်ရာတိုက်ခန်း ဝယ်သူများအတွက် အနည်းဆုံး လက်ငင်းငွေပေးချေမှုကို တိုက်ခန်းတန်ဖိုး၏ ၂၀% သို့ လျှော့ချလိုက်သည်။ တိုက်ခန်း ပိုင်ဆိုင်ထားသူက နေုက်ထပ်အိမ်ရာတိုက်ခန်း ဝယ်ယူပါက အနည်းဆုံး လက်ငင်းငွေပေးချေမှုကို တိုက်ခန်းတန်ဖိုး၏ ၃၀% သို့ လျှော့ချလိုက်သည်။ ရှန်ဟိုင်းတွင် အခြေချနေထိုင်သူ မဟုတ်ပါက ယခင်က တိုက်ခန်း ဝယ်ယူခွင့် မပြုခဲ့သော်လည်း ယခုအခါ ရှန်ဟိုင်းတွင် လူမှုဖူလုံရေး လစဉ်ကြေး ၃ နှစ် ပေးသွင်းထားသူ ဖြစ်ပါက ရှန်ဟိုင်းမှာ တိုက်ခန်း ဝယ်ယူရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ ထို့ပြင် ကလေး ၃ ယောက်နှင့်အထက် ရှိသည့် မိသားစုဆိုပါက ရှိပြီးသား တိုက်ခန်းအပြင် နောက်ထပ်ခတိုက်ခန်း ထပ်တိုးဝယ်ယူရန် ခွင့်ပြုလိုက်သည်။ Source Yicai #ConstructionIndustryGuide  ယခင်တင်ပြချက် https://shorturl.at/6wRAb

ဗီဇာမူဝါဒ ဖြေလျော့ပေးသည့် ၉၃ နိုင်ငံ စာရင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

 ထိုင်းနိုင်ငံသို့ ဗီဇာမယူဘဲဖြစ်စေ၊ ဆိုက်ရောက်ဗီဇာဖြင့်ဖြစ်စေ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ရက်ပေါင်း ၆၀ အထိ နေထိုင်နိုင်သည့် ၉၃ နိုင်ငံ စာရင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ (မေ ၂၉)တွင် ထုတ်ပြန်ပါသည်။ ခရီးသွားလုပ်ငန်း မြှင့်တင်ရန်နှင့် နိုင်ငံတွင်းသို့ ခရီးသွား ဒေါ်လာများ ဝင်ရောက်လာစေရန် နိုင်ငံပေါင်း ၉၃ နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့်ကို အစိုးရအဖွဲ့က အင်္ဂါနေ့က သဘောတူခဲ့သည်။ အဆိုပါ စာရင်းတွင်  • ထိုင်းနိုင်ငံမှာ ဗီဇာမလိုဘဲ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရသည့် ၅၇ နိုင်ငံ  • ဗီဇာလိုအပ်ချက်ကို မကြာသေးမီကမှ လျှော့ပေါ့ပေးခဲ့သည့် ၁၃ နိုင်ငံ • ဗီဇာမလို ထိုင်းတွင် ရက် ၆၀ နေထိုင်ခွင့်ပြုသည့် ထပ်တိုး ၆ နိုင်ငံ • ဆိုက်ရောက်ဗီဇာဖြင့် ရက် ၆၀ တံဆိပ်တုံး ရရှိမည့် ထပ်တိုး ၁၇ နိုင်ငံ တို့ပါဝင်သည်။ ဗီဇာကင်းလွတ်ခွင့်ကို ရရှိထားပြီးသားဖြစ်သော ၅၇ နိုင်ငံသည် ယခုအခါ ဆိုက်ရောက်ဗီဇာအတွက် ရက် ၆၀ တံဆိပ်တုံးကို ရနိုင်သည်။ 1. ကနေဒါ  2. ချက်သမ္မတနိုင်ငံ  3. ဒိန်းမတ်  4. အက်စ်တိုးနီးယား  5. ဖင်လန်  6. ပြင်သစ်  7. ဂျာမနီ  8. ဂရိ  9. ဟန်ဂေရီ  10. အိုက်စလန်...

Samsung Electronics ကုမ္ပဏီ သမိုင်းမှာ ပထမဆုံးအကြိမ် အလုံးအရင်းဖြင့် အလုပ်မဆင်းဘဲ ဆန္ဒပြ

 တောင်ကိုရီးယားမှ Samsung Electronics ရဲ့ လုပ်သားအင်အားစု ငါးပုံတပုံကျော်ဖြစ်တဲ့ လုပ်သား ၃ သောင်းကျော်ပါဝင်တဲ့ အလုပ်သမားသမဂ္ဂ National Samsung Electronics Union (NSEU) က လာမယ့် ဇွန်လ ၇ ရက်မှာ တရက်အလုပ်မဆင်းဘဲ ဆန္ဒပြမှာဖြစ်ကြောင်း ကြေညာပါတယ်။  Samsung Electronics ကုမ္ပဏီ သမိုင်းမှာ ပထမဆုံးအကြိမ် အလုံးအရင်းဖြင့် အလုပ်မဆင်းဘဲ ဆန္ဒပြခြင်း ဖြစ်ပါတယ်။  လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း လုပ်သားများက ဆိုးလ်မြို့ရှိ ကုမ္ပဏီရုံးခန်းများ ရှေ့နှင့် Hwaseong ရှိ ချစ်ပ်ထုတ်လုပ်ရေးစက်ရုံရှေ့တို့မှာ လစာ တိုးပေးဖို့အပါအဝင် အချက်အချို့ကို ဆန္ဒပြတောင်းဆိုကြပါတယ်။  ဆမ်ဆောင်းက လုပ်ခလစာ ၅.၁% တိုးပေးမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ NSEU က ခွင့်ရက် တရက် တိုးပေးရန်၊ စွမ်းဆောင်ရည်အရ ဆုကြေး ပေးအပ်တာမှာ အကဲဖြတ်ပုံများ ပွင့်လင်းမြင်သာမှု ရှိစေရန် တောင်းဆိုထားပါတယ်။ Samsung က လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေခဲ့ရတယ်လို့ ပြောဆိုပါတယ်။ အဲဒီ အကြောင်းပြချက်ကို အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို မဖြည့်ဆည်းဖို့ အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးမပြုသင့်ဘူးလို့ NSEU က ဆိုပါတ...

29 May 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

 29 May 2024 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောများ၊ ဆိုက်ရောက်မည့် သင်္ဘောများ စာရင်းကို ဖော်ပြပေးထားပါသည်။  #LogisticsIndustryGuide MYANMAR PORT AUTHORITY BERTHING INFORMATION AS AT 12:00 HOURS 29 May 2024, VESSELS AT WHARVES BERTHING VESSELS L= Loading- D= Discharging Vessel Name - Berth - Cargo Container BLPL FAITH - AWPT.1 - D.382,L.320 TEU MSC SUPARNA F - AWPT.3 -  D.411,L.458 TEU METHI BHUM - AWPT.3 - D.580,L.675 TEU IAL 001 - AWPT.3 - D.794,L.440 TEU ISEACO GENESIS - AWPT.3 - D.1133,L.889 TEU ISEACO WISDOM - AWPT.3 - L.1010 TEU CAPE FELTON - M.I.P.3 - D.915,L.992 TEU  TORRES STRAIT - MITT.2 - D.321,L. 266TEU Shifted to TORRES STRAIT - M.I.P.3 - D.1028,L.857 TEU HANSA HARBURG - M.I.P.4 - L.742 TEU  SINAR SOLO - M.I.P.4 - D.1030,L.447 TEU BLPL BLESSING - M.I.P.4 - D.477,L.430 TEU ALVAN - MITT.1 - D.151,140 TEU  Yellow Maize TAYDO STAR - AWPT.2 - L.6100  COURTESY K - A.I.P.T.1 - L.20000  SS...

AI က လူတွေဘဝထဲကို ဘယ်အတိုင်းအတာထိ ဝင်ရောက်လာနိုင်မလဲ?

Image
  AI က လူတွေဘဝထဲကို ဘယ်အတိုင်းအတာထိ ဝင်ရောက်လာနိုင်မလဲ?   Mobile AI နဲ့ ဘာတွေ ထူးထူးခြားခြား လုပ်ဆောင်နိုင်မှာလဲ? Samsung Galaxy AI လုပ်ဆောင်ချက်ကို ဘယ်ဖုန်းမော်ဒယ်တွေမှာ ထပ်ပြီးထည့်သွင်းပေးတော့မှာလဲ? Galaxy AI ကို စမ်းသုံးကြည့်ချင်သူတွေအတွက် Samsung က ဘယ်လိုတွေ စီစဥ်ပေးထားလဲ? နောင်တစ်ခေတ် မိုဘိုင်းလောကမှာ AI က တကယ်ပဲ မပါမဖြစ် ဖြစ်လာတော့မှာလား? စတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Samsung Electronics ရဲ့ VP & Head of Mobile eXperience Business (Southeast Asia and Oceania) ဖြစ်သူ Carl Nordernberg က ဆွေးနွေးပြောကြားပေးထားပါတယ်။ 

ဆလင်ဒါအကြီးစားဘက်ထရီ ဂိုရှင် ထုတ်လုပ်မည်

 ဂျာမန်ကားလုပ်ငန်း Volkswagen ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် တရုတ်နိုင်ငံမှ ဘက်ထရီလုပ်ငန်း Gotion က ဆလင်ဒါ အကြီးစား ဘက်ထရီကို Stellary Battery အမည်ဖြင့် ထုတ်လုပ်မည် ဖြစ်သည်။  Stellary Battery ဆဲလ်သည် အချင်း ၄၆ မီလီမီတာ ရှိပြီး 4C အမြန်အားသွင်းခြင်းကို လက်ခံပေးနိုင်ပါသည်။  C သည် ဘက်ထရီတစ်လုံး၏ အားသွင်းကိန်းကို ရည်ညွှန်းသည်။ 4Cသည် သီအိုရီအရ ဘက်ထရီထုပ်ကို ၁ နာရီ၏ ၄ ပုံ၁ပုံ (၁၅ မိနစ်)ဖြင့် သုညမှ အားအပြည့်ဖြစ်‌အောင် အားသွင်းပေးသည်။ လက်တွေ့တွင် မိနစ်အနည်းငယ် ပိုကြာမည် ဖြစ်ပါသည်။ Stellary Battery သည် ၁၀% မှ ၇၀% အားပြည့်သည့်အဆင့် ရောက်ရန် ၉ မိနစ် ကြာမည် ဖြစ်ပါသည်။ အကြိမ် ၂၅၀၀ အားသွင်းပြီးချိန်တွင် သိုမှီးနိုင်စွမ်း ၃၀% လျော့ကျပါသည်။  Stellary Battery ကို ဂိုရှင်၏ သတ္တမမျိုးဆက် ဘက်ထရီစက်ရုံတွင် ထုတ်လုပ်မည်။ ၎င်းစက်ရုံသည် ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းအောင် အလိုအလျောက်စနစ်များဖြင့် ဆောင်ရွက်ထားသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သည် ယခင်မျိုးဆက်ထက် ၃၇.၅% သက်သာသည်ဟု ဂိုရှင်က ဆိုသည်။  Source Gotion #AutomobileIndustryGuide 

တောင်ကိုရီးယား အဖျော်ယမကာ ဝယ်ယူရောင်းချ မူဝါဒ ပြောင်းလဲ

  တောင်ကိုရီးယားနိုင်ငံ စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယမကာရောင်းချသူများသည် ဝီစကီ၊ ဆာကေး၊ မာကောလီနှင့် ဆိုဂျူးကဲ့သို့သော အရက်သေစာကို ပုလင်းလိုက်သာ ရောင်းချရမည်ဟု ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ ပုလင်းဖွင့်ပြီး တပုလင်းထက် နည်းသောပမာဏဖြင့် ရောင်းချရန် ခွင့်ပြုထားသော ပြန်လည်ပြင်ဆင်သည့် ဥပဒေမူကြမ်း အင်္ဂါနေ့ (မေ ၂၈) တွင် စတင်အသက်ဝင်ခဲ့သည်။ ယခင်က ဘီယာနှင့် ကော့တေးတို့မှအပ ယမကာကို ပုလင်းလိုက် မရောင်းချလျှင် လိုင်စင် ရုပ်သိမ်းမည်ဟု ပြဋ္ဌာန်းထားခဲ့သည်။ သို့သော် စည်းကမ်း ဖောက်ဖျက်သည်ကို ထိထိရောက်ရောက် အရေးယူခြင်း မရှိပါ။  စားသောက်ဆိုင်နှင့် အရက်ဆိုင်ပိုင်ရှင်များသည် အရက် လုံးဝမပါသော သို့မဟုတ် အနည်းအကျဉ်း (၁ ရာခိုင်နှုန်းအောက်) ပါဝင်သော အဖျော်ယမကာများကို စူပါမားကတ်များမှသာ ဝယ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်ကိုလည်း ပယ်ဖျက်လိုက်သည်။ စူပါမားကက်များသည် လက်လီအရောင်း ဖြစ်သဖြင့် ယေဘုယျအားဖြင့် လက်ကားဈေးနှုန်းထက် ဈေးပိုမြင့်သည်။ ယခုအခါ လက်ကား ရောင်းချသူများထံမှ လက်ကားဈေးနှုန်းများဖြင့် တိုက်ရိုက် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ Source koreatimes  #Restaur...

အနည်းဆုံးလုပ်ခ တိုးမည့် အစီအစဉ် ထိုင်းအစိုးရ ပြန်သုံးသပ်ရန် FTI တိုက်တွန်း

  ထိုင်းအစိုးရသည် အနည်းဆုံးလုပ်ခကို ဘတ် ၄၀၀ သို့ တိုးမြှင့်သတ်မှတ်မည့် အငြင်းပွားဖွယ်အစီအစဉ်ကို မလွဲမသွေ ပြန်လည်စဉ်းစားရမည်ဖြစ်ကြောင်း၊ ၎င်းငွေများသည် ထိုင်းပြည်တွင်း သုံးစွဲမှု ပိုများစေပြီး ထိုင်းပြည်တွင်းစီးပွားရေးကို တိုးမြှင့်ပေးခြင်းအစား ငွေအများစုသည် ရွှေ့ပြောင်းအလုပ်သမားများထံ ရောက်ရှိသွားမည်ဖြစ်ပြီး ၎င်းတို့က ၎င်းတို့၏ မိသားစုထံ ငွေလွှဲပေးပို့ကာ ထောက်ပံ့ကြမည် ဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် Federation of Thai Industries (FTI) က ပြောကြားသည်။ အိမ်နီးနားချင်းနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏ မိသားစုများထံ နှစ်စဉ် ထိုင်းဘတ် ဘီလျံ ၁၀၀ ခန့် ငွေလွှဲ ပေးပို့မှုများ ပြုလုပ်ကြသည်။ ၎င်းငွေများသည် ၎င်းတို့၏ လုပ်ခလစာဝင်ငွေမှ ရရှိကြခြင်း ဖြစ်သောကြောင့် အာဏာပိုင်များက လုပ်ခလစာ တိုးပေးမည်ဆိုပါက ထိုင်းနိုင်ငံသည် မူဝါဒ၏ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရနိုင်ဖွယ် မရှိကြောင်း FTI ၏ ဒုဥက္ကဋ္ဌ Wiwat Hemmondharop က ပြောသည်။ "ရွှေ့ပြောင်းအလုပ်သမားများတွေက သူတို့ရတဲ့ လုပ်အားခ တစ်ဝက်သာ ထိုင်းမှာ သုံးစွဲလေ့ရှိပါတယ်။ ကျန်တဲ့တဝက်ကို မိသားစုထံ ပေးပို့ကြတယ်။ ဒီတော့ လုပ်ခလစာ...

ဗီယက်နမ် ဗဟိုဘဏ် ရွှေလေလံ ရပ်

  ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ် State Bank of Vietnam သည် ပြည်တွင်း ရွှေဈေးနှုန်းများ ကမ္ဘာ့ရွှေဈေးနှုန်းထက် ၂၃% ဝန်းကျင် မြင့်တက်နေသည်ကို ထိန်းကျောင်းရန် ရွှေ‌ချောင်းများ ထုတ်ရောင်းပေးနေခြင်းကို အစောဆုံးအနေဖြင့် ဇွန်လ ၃ ရက်မှစ၍ ရပ်တော့မည်ဖြစ်ကြောင်း VnExpress International မီဒီယာက သတင်းဖော်ပြသည်။ ရွှေဈေးနှုန်း မြင့်တက်နေသည်ကို ထိန်းကျောင်းရန် မဟာဗျူဟာ အသစ်တမျိုး ကျင့်သုံးမည် ဖြစ်သည်။ ဗဟိုဘဏ် SVB က သတ်မှတ်ထားသော လုပ်ငန်းများကို ဖိတ်ခေါ်ပြီး လေလံတင်ခဲ့သည်။ ဧပြီလ ၁၉ ရက်မှစပြီး SBV သည် ရွှေချောင်းများကို ဈေးကွက်သို့ ရောင်းချရန် လေလံကိုးကြိမ် ပြုလုပ်ခဲ့ရာ ၆ ကြိမ် အောင်မြင်ခဲ့သည်။ ကျန် ၃ ကြိမ်တွင် လေလံဆွဲသူ ဦးရေ မပြည့်သဖြင့် လေလံပွဲ ရုပ်သိမ်းခဲ့ရသည်။ ယခင်တင်ပြချက်  https://t.me/Guid4U/17774 SJC အမှတ်တံဆိပ် ရွှေချောင်းများ စုစုပေါင်း ၄၈,၀၀၀ တေးလ် ရောင်းချခဲ့သည်။  (၁ တေးလ် = ၁.၃၃၃၃၃ အောင်စ) ထိုသို့ ရောင်းချပေးခဲ့သော်လည်း ရွှေဈေးနှုန်းကို ထိန်းပေးနိုင်ခြင်း မရှိခဲ့ပါ။ TPBank နှင့် Eximbank ကဲ့သို့သော ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် SJC၊ Doji၊ Phu Nhuan နှင့် Bao Tin Minh Chau ကဲ့သို့သေ...

2025 Porsche 911 Targa 4 GTS hybrid အိမ်စီးပြိုင်ကား ထုတ်ဖော်ပြသ

 မေလ ၂၇ ရက်တွင် Porsche က အထင်ကရ 911 အိမ်စီးပြိုင်ကားကို ဟိုက်ဘရစ်ဗားရှင်းဖြင့် ပထမဆုံး ထုတ်လုပ်ထားသည့် 2025 911 Carrera GTS ကို ထုတ်ဖော်ပြသခဲ့သည်။  ဂျာမန်ကားလုပ်ငန်း Volkswagen မှ ထိန်းချုပ်ထားသော ဂျာမန် အိမ်စီးပြိုင်ကားလုပ်ငန်း ပိုရှန်း၏ မော်ဒယ်များတွင် 911 သည် လျှပ်စစ်ကားစစ်စစ်ကို နောက်ဆုံးမှ ထုတ်လုပ်မည့် မော်ဒယ်အဖြစ် သတ်မှတ်ထားသည်။  911 Carrera GTS ဟိုက်ဘရစ်ဗားရှင်းသည် သုညမှ တနာရီ မိုင် ၆၀ သို့ ၂.၉ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။ အမြန်ဆုံး အမြန်နှုန်းမှာ တနာရီ ၁၉၄ မိုင် ဖြစ်သည်။ 3.6-liter boxer ဟိုက်ဘရစ်အင်ဂျင် သုံးထားပြီး မြင်းကောင်ရေ ၅၃၂ အထိ ထုတ်ပေးနိုင်သည်။ ခေါက်အမိုး convertible (cabriolet) ဗားရှင်း အခြေခံရောင်းဈေး $178,200 ဖြစ်ပြီး ရိုးရိုးအမိုး coupe ဗားရှင်း အခြေခံရောင်းဈေးမှာ $164,900 ဖြစ်ပါသည်။ ဗားရှင်းနှစ်မျိုးစလုံး နောက်ဘီးယက်နှင့် ၄ ဘီးယက် မူကွဲ ၂ မျိုး ထုတ်လုပ်ပါသည်။ Source Porsche #AutomobileIndustryGuide 

မလေးရှားတွင် ဓာတ်အားမူဝါဒ ဆောလျင်စွာ ပြောင်းလဲ

 Tenaga Nasional Berhad (National Energy Limited) TNB သည် မလေးရှားမှ နိုင်ငံစုံ လျှပ်စစ်ဓာတ်အားကုမ္ပဏီဖြစ်ပြီး မလေးရှားကျွန်းဆွယ်တွင် တခုတည်းသော ဓာတ်အား ကုမ္ပဏီ ဖြစ်သည်။  TNB သည် မလေးရှား အချုပ်အခြာအာဏာပိုင် ဓနရန်ပုံငွေဖြင့် ထူထောင်ထားခြင်းဖြစ်ပြီး စတော့အိတ်ချိန်း စာရင်းဝင် အများပိုင်ကုမ္ပဏီအဖြစ် ရပ်တည်သည်။ အရှေ့တောင်အာရှ၏ အကြီးမားဆုံး အများပိုင် ဓာတ်အားကုမ္ပဏီဖြစ်သည်။ ဆာရာဝပ်မှတပါး မလေးရှားကျွန်းဆွယ် တနံတလျား ဓာတ်အားဖြန့်ဖြူးသည်။ အရှေ့မလေးရှားမှ ဆာဘတ်သ်ကို Sabah Electricity Sdn Bhd မှတဆင့် ဓာတ်အားဖြန့်ဖြူးသည်။ လာမည့် စက်တင်ဘာလမှာ ဓာတ်အားမူဝါဒ ပြောင်းလဲကျင့်သုံးတော့မည် ဖြစ်ရာ ဓာတ်အားသုံးစွဲသူများသည် သီးခြားရပ်တည်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သူများထံမှ ဓာတ်အားကို Tenaga Nasional မှတစ်ဆင့် ဝယ်ယူခြင်း မပြုဘဲ ၎င်းထုတ်လုပ်သူများထံမှ တိုက်ရိုက် ဝယ်ယူနိုင်တော့မည်။ ဓာတ်အားလိုင်းကို TNB ၏ ဓာတ်အားလိုင်းများကိုသာ သုံးစွဲရမည်။ စတင်ကျင့်သုံးခြင်း မပြုခင် ၂ လအလို ဇူလိုင်လတွင် ကြေညာချက် ထုတ်ပြန်ပေးမည်ဟု ဒုတိယဝန်ကြီးချုပ် Fadillah Yusof က ပြောသည်။ ယခင်က ၂၀၂၅ ခုနှစ်တွင် စတင်ရန် အချိန်ဇယားရေးဆွ...

ထိုင်းကွန်ဒိုအခန်းများ မြန်မာ ဒုတိယအများဆုံး ဝယ်ယူ

 (၁) ထိုင်းနိုင်ငံ ကွန်ဒိုဈေးကွက်သည် နိုင်ငံခြားသားများ၏ ဝယ်လိုအားအပေါ် မှီခိုနေရဆဲဖြစ်ကြောင်း၊ ယခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံခြာ၊သားမျာ၊ ကွန်ဒိုတိုက်ခန်း ဝယ်ယူသည့် အခန်းအရေအတွက် အချိုးအစားသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအထိ မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေ သတင်းအချက်အလက် စင်တာ Real Estate Information Center (REIC) မှ ပြောကြားသည်။ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံခြာ၊သားမျာ၊ ကွန်ဒိုတိုက်ခန်း ဝယ်ယူသည့် စုစုပေါင်း အရေအတွက်သည် ၄.၃% တိုးခဲ့ပြီး စုစုပေါင်း တန်ဖိုးသည် ၅.၂% ပိုများခဲ့သည်ဟု REIC ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က ပြောသည်။ နိုင်ငံခြားသားများသည် ကွန်ဒိုတိုက်ခန်း ၃,၉၃၈ ခန်း၊ ဘတ် ၁၈ ဘီလီယံဖိုး ဝယ်ယူခဲ့ကြသည်။ တနိုင်ငံလုံးတွင် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများ ကွန်ဒို ၂၃,၅၃၁ ခန်း၊ ဘတ် ၆၃ ဘီလီယံဖိုး ဝယ်ယူခဲ့ကြသည်။ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အခန်း စုစုပေါင်းအရေအတွက် ၀.၆% နှင့် စုစုပေါင်းတန်ဖိုး ၂၀.၇% လျော့နည်းသည်။ (၂) ထိုင်းနိုင်ငံသားများ ဝယ်ယူနိုင်စွမ်း အားနည်းနေခြင်းကြောင့် နိုင်ငံသားတို့၏ ဝယ်လိုအား အကြီးအကျယ် လျော့ကျခ...

ကမ္ဘာ့အကြီးဆုံး ပင်လယ်စာ စားသောက်ဆိုင် Red Lobster ဒေဝါလီခံ

 (၁) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုတွင် အခြေစိုက်သော Red Lobster သည် အမေရိကန်တွင် ထသွားထလာ စားသောက်နိုင်သော စားသောက်ဆိုင်ပေါင်း ၅၅၀ ခန့်ရှိပြီး အမေရိကန်နိုင်ငံ ပြင်ပတွင် ဆိုင်ခွဲပေါင်း ၅၄ ဆိုင်ရှိသည့် ဝန်ထမ်း ၃၆,၀၀၀ ခန့်ရှိသော ကမ္ဘာ့အကြီးဆုံး ပင်လယ်စာ စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်သည်။ Red Lobster က ၎င်း၏လုပ်ငန်းသည် ညံ့ဖျင်းသော စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်များ၊ ကုန်ဈေးနှုန်း မြင့်မားခြင်း၊ ရေရှည်မတည်တံ့နိုင်သော ငှားရမ်းခနှင့် ပြိုင်ဆိုင်မှု မြင့်တက်လာခြင်းတို့ကို ကြုံတွေ့နေရပြီး ကန်ဒေါ်လာ ၂၉၄ သန်း အကြွေးတင်နေသည်ဟု ဆိုသည်။  ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၇၆ အသားတင် အရှုံးပေါ်ခဲ့သည်။ ကုန်ကျစရိတ်လျှော့ချရန် စားသောက်ဆိုင် ၉၃ ခုကို မကြာသေးမီက ပိတ်ခဲ့သည်။ ရောင်းအား မကောင်းသည့်ဆိုင်များ ပိတ်ပစ်ပြီး ကျန်သည့် ဆိုင်များကို Fortress Investment Group အပါအဝင် ချေးငွေ ထုတ်ပေးထားသူများထံ ရောင်းချရန် စီစဉ်နေသည်။ ယခုအခါ ဖလော်ရီဒါမှာ လူမွဲခံယူရန် လျှောက်ထားသည်။ (၂) Red Lobster သည် အချိန်အကန့်အသတ်ဖြင့် ပရိုမိုးရှင်းတစ်ခုအနေဖြင့် $20 အဝစား ပုဇွန်ဟင်းလျာကို ရောင်းချခဲ့ရာမှ စီအီးအိုဟောင်း ...

၁၀ နှစ်ကြာဆန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တွေ့ဆုံ ရှင်းလင်းမည်

 သက်တမ်း ၁၀ နှစ်ကြာမြင့်ပြီ ဖြစ်သဖြင့် အရည်အသွေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည့် လက်ကျန်ဆန် တန်ချိန် ၁၅၀၀၀ ကို အာဖရိကသို့ တင်ပို့ ရောင်းချမည်ဟု ဒုတိယဝန်ကြီးချုပ်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့ပြီးနောက် အာဖရိကနိုင်ငံများမှ သံတမန်များက ၎င်းဆန်ကိစ္စ မေးမြန်းလာကြသဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တွေ့ဆုံပြီး ရှင်းလင်း ဖြေကြားမည် ဖြစ်သည်။ ယခင်တင်ပြချက် https://t.me/Guid4U/18897 (၂) Public Warehouse Organisation (PWO) အဆိုအရ ဆန်ဟောင်းများကို Kittichai သိုလှောင်ရုံတွင် ၁၁,၆၅၆ တန်နှင့် Phoonpol Trading သိုလှောင်ရုံတွင် ၃,၃၅၆ တန် ထားရှိသည်။ PWO သည် terms of reference TOR ကို ထုတ်ပြန်ပေးပြီး ၂ ရက်အကြာတွင် လေလံဝင်ပြိုင်ရန် အလားအလာရှိသူများနှင့် တွေ့ဆုံပြီး အသေးစိတ် ရှင်းလင်းတင်ပြမည်။ ပါဝင်လိုသူက အရည်အသွေး စစ်ဆေးခံရန် ဇွန်လ ၁၀ ရက်တွင် လျှောက်လွှာတင်ရမည်။ ပါဝင်ခွင့်ရသူစာရင်းကို ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်မည်။ လေလံပွဲကို ဇွန်လ ၁၇ ရက်တွင် ကျင်းပမည်။ Source Bangkokpost  #FoodIndustryGuide 

ကမ္ဘာသိုင်းရွိုက်ရောဂါနေ့ အထိမ်းအမှတ် သိုင်းရွိုက်အကျိတ်ရောဂါအကြောင်း ဟောပြောပွဲကို MPT ၏ လိုတရဝက်ဘ်ပေါ်တယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်

Image
  မြန်မာနိုင်ငံ၏ ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT သည် “ အတူလက်တွဲ အမြဲရှိမည် MPT ”ဟူသည့် ကတိကဝတ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကျန်းမာရေးဗဟုသုတ ပိုမိုရရှိစေရေးအတွက် အခမဲ့ကျန်းမာရေးပညာရေးရုပ်သံ အစီအစဉ်ကိုဆောင်ရွက်နေကာ ယခုလည်း ကမ္ဘာ့သိုင်းရွိုက်ရောဂါနေ့အထိ မ်းအမှတ် အဖြစ် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်ပါရဂူ ဆရာဝန်ကြီး ဒေါက်တာအောင်ထက်ထွန်း ၏ " သိုင်းရွိုက်အကျိတ်ရောဂါအကြော င်း သိကောင်းစရာ ” ကျန်းမာရေး ဗဟုသုတ ဟောပြောပွဲကို မေလ ၂၂ ရက်က အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သိုင်းရွိုက်အကျိတ်အမျိုးအစား၊ ရောဂါရှာဖွေသည့်နည်းလမ်းတို့အပြ င် သိုင်းရွိုက်အကျိတ် နှင့် ပတ်သက်ပြီး ကုသပုံနည်းလမ်းအဆင့်ဆင့်ကို နိုင်ငံတကာတွင်ကျင့်သုံးနေသည့် နည်းစနစ်များနှင့် မည်သို့ စမ်းသပ် စစ်ဆေးကုသဆောင်ရွက်သည်ကို  အသေးစိတ် ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။ ထို့အပြင် သိုင်းရွိုက် အကျိတ်ရောဂါဖြစ်စဥ်များ နှင့် ပတ်သက်ပြီး အခမ်းအနားတက်ရောက်လာသူများ၏ မေးခွန်းများကိုလည်း ဒေါက်တာအောင်ထက်ထွန်းက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ ရုပ်သံဗွီဒီယိ...

ယူအေအီးသို့ အိန္ဒိယ ကြက်သွန်နီ တင်ပို့မှု ရပ်ထား

  အိန္ဒိယကြက်သွန်နီ အများဆုံး တင်ပို့သည့် အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးတွင် ကြက်သွန်နီ ဈေးနှုန်း ခေါက်ချိုး ရုတ်တရက် ဈေးထိုးကျခြင်းကြောင့် အိန္ဒိယကြက်သွန်နီ တင်ပို့ရန် မဖြစ်နိုင်တော့သဖြင့် ယူအေအီးသို့ အိန္ဒိယ ကြက်သွန်နီ တင်ပို့မှုများ ရပ်နားထားကြရသည်။  ကြက်သွန်နီများ မျှော်မှန်းထားသလောက် မထွက်ဟု ခန့်မှန်းသဖြင့် ပြည်တွင်း ဖူလုံမှု ရှိစေရန်နှင့် ဈေးမတက်အောင် ထိန်းထားနိုင်စေရန် အိန္ဒိယအစိုးရက ကြက်သွန်နီ ပြည်ပတင်ပို့မှုကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက တားမြစ်ခဲ့သည်။   ပို့ကုန် ပိတ်ပင်မှုကြောင့် ဈေးနှုန်း နိမ့်ကျလာသဖြင့် လယ်သမားများ ဆန္ဒပြခဲ့ကြသည်။ ကြက်သွန်နီ အဓိက ထွက်သည့် ပြည်နယ်ဖြစ်သော မဟာရဋ္ဌပြည်နယ်မှာ မေလ ၁၂ ရက် ရွေး‌ကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် ကြက်သွန်နီ ပြည်ပတင်ပို့မှုကို ပြန်လည် ခွင့်ပြုလိုက်သည်။  ထိုသို့ ခွင့်ပြုရာ၌ အချက် ၂ ချက်ဖြင့် ချုပ်ထိန်းထားသည်။ အနည်းဆုံး ပို့ကုန်တန်ဖိုး Minimum Export Price (MEP)ကို တတန် $550 သတ်မှတ်သည်။ ပို့ကုန်ခွန် ၄၀% စည်းကြပ်သည်။ တားမြစ်ချက်ကို မရုတ်သိမ်းမီ ဒူဘိုင်းတွင် ကြက်သွန်နီ ဈေးနှုန်းများမှာ တကီလို 2 UAE...

ဂိုရှင်က G-Current ဘက်ထရီထုပ်ကို မိတ်ဆက်

 ဂျာမန်ကားလုပ်ငန်း Volkswagen ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် တရုတ်ဘက်ထရီလုပ်ငန်း Gotion က အလွန်အမင်း မြန်ဆန်စွာ အားသွင်းသည့် 5C ကို သုံးနိုင်စေသည့် G-Current ဘက်ထရီထုပ်ကို ကို မိတ်ဆက်ပါသည်။  C သည် ဘက်ထရီတစ်လုံး၏ အားသွင်းကိန်းကို ရည်ညွှန်းသည်။ 5Cသည် သီအိုရီအရ ဘက်ထရီထုပ်ကို ၁ နာရီ၏ ၅ ပုံ၁ပုံ ဖြင့် အားအပြည့်ဖြစ်‌အောင် အားသွင်းပေးသည်။ လက်တွေ့တွင် မိနစ်အနည်းငယ် ပိုကြာလေ့ရှိသည်။ ဂိုရှင်း၏ G-Current ဘက်ထရီထုပ်သည် သုညမှ ၈၀% အထိရောက်အောင် အားသွင်းရန် ၉.၈ မိနစ်ကြာသည်။ ၉၀% သို့ရောက်ဖို့ ၁၅ မိနစ်ကြာသည်။ သုညမှ အားအပြည့်ဖြစ်လာရန် ၂၅မိနစ်ကြာသည်။ Source Gotion #AutomobileIndustryGuide 

အလီဘာဘာက ဘက်ခမ်းကို ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်

 Alibaba Group Holding ၏ ကမ္ဘာလုံးဆိုင်ရာ စျေးဝယ်ပလက်ဖောင်း AliExpress သည် အင်္ဂလိပ်ဘောလုံးကြယ်ပွင့် ဒေးဗစ်ဘက်ခမ်းအား ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်လိုက်သည်။ တနင်္လာနေ့(မေ၂၇)တွင် AliExpress မှ ထုတ်ပြန်ချက်အရ တစ်နှစ်တာ ပူးပေါင်းဆောင်ရွက်မှုအရ ဘက်ခမ်းသည် တီဗီ၊ အင်တာနက်၊ ဆိုရှယ်မီဒီယာနှင့် သမားရိုးကျမီဒီယာများတွင် တင်ပြမည့် ပရိုမိုးရှင်းအစီအစဉ်များစွာတွင် ပါဝင်မည်ဖြစ်ပြီးဇွန်လ ၁၄ ရက် စတင်မည့် ဥရောပဘောလုံးပြိုင်ပွဲ Euro 2024 အတွင်း တီဗီကြော်ငြာများတွင် ပါဝင်မည်။  AliExpress သည် Euro 2024 ၏ စပွန်ဆာတစ်ဦး ဖြစ်ပြီး ကမ်ပိန်းတွင် ယူရိုသန်းပေါင်းများစွာတန်ဖိုးရှိ ကူပွန်များအပြင် ပြိုင်ပွဲများအတွက် လက်မှတ်များ အခမဲ့ ပေးဝေခြင်းလည်း ပါ၀င်မည်။ Source scmp #AdvertisingIndustryGuide 

ဟွာဝေး ပထမနေရာ ပြန်လည်ရောက်ရှိ

  Canalys မှ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ ဟွာဝေးသည် ၃ နှစ်ကျော်အကြာတွင် တရုတ်ပြည်စမတ်ဖုန်းဈေးကွက် ထိပ်ဆုံးနေရာကို ပြန်လည်ရရှိခဲ့သည်။ ၃၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် Huawei ၏ စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် အလုံးရေ ၁၁.၇ သန်းအထိ ရောက်ရှိပြီး စျေးကွက်ဝေစု ၁၇% ရရှိသည်။  ဟွာဝေး၏ Mate နှင့် Nova စီးရီး စမတ်ဖုန်းများ ရောင်းအား ကောင်းခဲ့သည်။ OPPO သည် Reno 11 စီးရီး ရောင်းအား ကောင်းခဲ့ပြီး ဒုတိယနေရာ ရရှိသည်။ အလုံးရေ ၁၀.၉ သန်း ပေးပို့ခဲ့သည်။ Honor သည် အလုံးရေ ၁၀.၆ သန်း ပေးပို့ခဲ့ပြီး တတိယနေရာ ရရှိသည်။ အလုံးရေ ၁၀.၃ သန်း ပေးပို့ခဲ့သော vivo က စတုတ္ထနေရာ ရရရှိသည်။ ရောင်းအား ကျဆင်းနေသဖြင့် ဈေးချ ရောင်းသည့် Apple သည် အလုံးရေ ၁၀ သန်း ပေးပို့ပြီး ပဉ္စမနေရာ ရရှိသည်။ Source Canalys